Wednesday, 29 January 2020 11:19
myanmarbaydin
အင်္ဂါနေ့ မွေးသူများ
သောကြာနေ့ မွေးသူများ
စနေနေ့ မွေးသူမျာ
Read More>>> ဝူဟန်မှပြန်လာမည့် မြန်မာကျောင်းသား (၆၀) အတွက် မန္တလေးတွင် သီးသန့်ဆေးရုံများ ပြင်ဆင်ပေးထားမည်
### Unicode
(၂၈-၁-၂၀၂၀) မှ (၃-၃-၂၀၂၀) အထိ (၇) ရက်သားသမီးများ၏ တစ်ပတ်စာ ဟောစာတမ်းများ
ဇန်နဝါရီလ ၂၈ ရက်နေ့မှ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ (၇) ရက်သားသမီးများ၏ ဆန်းကြယ်တဲ့ ကံကြမ္မာအပြောင်းအလဲများကို ဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေနေ့ မွေးသူများ
စိတ်ချမ်းမြေ့မည်။ အလိုရှိရာပြည့်စုံမည်။   အခက်အခဲများ ကျော်လွှားနိုင်မည်။ ဆောင်ရွက်လုပ်ကိုင်သောကိစ္စ အောင်မြင်မည်။ ဝင်ငွေတိုးတက်မည်။ အလုပ်အကြံအစည်အောင်မြင်မည်။ ပေါ်ပေါက်နေသော ပြဿနာများ ဖြေရှင်းနိုင်မည်။ ခက်ခက်ခဲခဲ ဆောင်ရွက်ရမည်ဟု ယူဆထားသော  ကိစ္စတစ်ခုအား လက်တွေ့ဆောင်ရွက်သောအခါ လွယ်လင့်တကူ ရှောရှောရှူရှူနှင့် ပြီးမြောက်သွားလိမ့်မည်။
ယတြာ ။ ။ တနင်္ဂနွေနေ့တွင် အုန်းပန်းပွင့် ဘုရားကပ်လှူပါ။
တနင်္လာနေ့ မွေးသူများ
ပျော်ရွှင်ဖွယ် ဖြစ်ရပ်များနှင့်ကြုံမည်။ ၅၂၈-၁၅၀ဝ မေတ္တာ အလုံးစုံ ကောင်းသည်။ အလှူမင်္ဂလာကိစ္စများ ကြုံမည်။ မိတ်ဆွေသစ် တိုးပွားမည်။ စုပေါင်းလုပ်ငန်းလုပ်၍ အကျိုးရှိမည်။ ပညာသင်တန်းနှင့် ပတ်သက်သောကံ အထူးကောင်းမည်။  အခက်အခဲမှန်သမျှအပေါ် စနစ်တကျ ဖြေရှင်းနိုင်လိမ့်မည်။ မိသားစုကိစ္စရေးရာများတွင် ပါဝင်ကူညီဆောင်ရွက်၍ အကျိုးရှိမည်။
ယတြာ ။ ။ တနင်္လာနေ့တွင် ကိတ်မုန့် ဆွမ်းတော်တင်ပါ။
အင်္ဂ ါနေ့ မွေးသူများ
လူမျိုးခြား၊ ဘာသာခြား၊ ကပြားများနှင့်ပူးပေါင်း လုပ်ကိုင်ရမည်။ ခရီးသွား၍ အကျိုးရှိမည်။ ပေါ်ပေါက်လာသော စိတ်ကူးသစ်တို့ကို လက်တွေ့အကောင်အထည်ဖော်နိုင်မည်။ လုပ်ငန်းခွင်မှ သူများနေရာ အပြောင်းအရွှေ့ရှိမည်။   အကြီးအကဲသစ်များ ရောက်ရှိလာမည်။ နေရာထိုင်ခင်းနှင့် ပတ်သက်သောကိစ္စ စကားပြောဆိုရမည်။
ယတြာ ။ ။ အင်္ဂ ါနေ့တွင် စက်ပစ္စည်းဟောင်းများ ရှာဖွေစွန့်ပစ်ပါ။
ဗုဒ္ဓဟူးနေ့ မွေးသူများ
အလိုအလျောက် စိတ်တိုဒေါသကြီးနေမည်။ အများတကာနှင့် ဆန့်ကျင်ဘက်ပြုမူပြောဆိုလိုစိတ်များ ပေါ်ထွက်နေမည်။ စကားရှုပ်ထွေးသူများနှင့် တွေ့တတ်သည်။ ရန်၊ ပဋိပက္ခများနှင့် ထိပ်တိုက်တွေ့မည်။ အိမ်တွင် လည်းကောင်း၊ ပြင်ပဝန်းကျင်တွင်လည်းကောင်း စကားများ ငြင်းခုံရခြင်းများ ကြုံတတ်သည်။ ပုံမှန်ထက် ငွေကြေးဝင်ခြင်း ဖြစ်စေမည်။
ယတြာ ။ ။ ဗုဒ္ဓဟူးနေ့တွင် လီလီပန်း ဘုရားကပ်လှူပါ။
ရာဟု (ဗုဒ္ဓဟူးမွန်းလွဲ) မွေးသူများ
အိမ်အနီးအပါး မီးရေး၊ ထင်းရေး သတိရှိပါ။ အိမ်ရှိ စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းများ သတိနှင့် ကိုင်တွယ်ပါ။  ထိပ်တိုက်ရင်ဆိုင်လာသူအားလုံးကို ပြတ်သားစွာ အနိုင်ယူနိုင်မည်။ ကာလအတန်ကြာ အဆုံးသတ်၍ မရသော ကိစ္စအား အောင်မြင်စွာ အပြီးသတ်နိုင်မည်။ အလုပ်ရှာခြင်း၊ အလုပ်လျှောက်ခြင်း ပြုရန် အခါကောင်း ကျရောက်သည်။
ယတြာ ။ ။ ဗုဒ္ဓဟူးနေ့ ညနေပိုင်းတွင် လိမ္မော်ရည် ဒါနပြုပါ။
ကြာသပတေးနေ့ မွေးသူများ
လုပ်မည်ဟု ဆုံးဖြတ်ထားသည့်ကိစ္စအား မဖြစ်ဖြစ်အောင် ရှေ့တိုးဆောင်ရွက်ပါ။ ယခင်အတိတ်ကာလ လုပ်ကိုင်ရန် အခွင့်သာလျက် လက်တွေ့ဆောင်ရွက်ခြင်း မရှိဘဲ ဆိုင်းငံ့ထားသည့်ကိစ္စအား ယခုကာလအတွင်း ဆောင်ရွက် ရလိမ့်မည်။ အခက်အခဲများနှင့် ရင်ဆိုင်ပြီးမှ အဆင်ပြေလိမ့်မည်။ အပြောင်းအလဲကိစ္စများ ဆောင်ရွက်ရန် အခါသင့်သည်။
ယတြာ ။ ။ ကြာသပတေးနေ့တွင် ပဲပန်းအဖြူ ဘုရားကပ်လှူပါ။
သောကြာနေ့ မွေးသူများ
သစ်လွင်သော အခွင့်အရေးနှစ်မျိုး တစ်ပြိုင်တည်း ပေါ်ထွန်းမည်။ ပထမဦးစွာပေါ်သော အခွင့်အရေးကို လက်ခံပါ။ လွန်ခဲ့သော လများစွာက အခြားသူတို့ လုပ်ကိုင်ခဲ့ပြီးသော အလုပ်အကိုင်များ၊ ခေတ်နောက်ကျနေသော လုပ်ငန်းများကို တစ်မူဆန်းသစ်၍ ဆောင်ရွက်ပါ။ နှလုံးသားခံစားချက်ကို ဦးစားမပေးပါနှင့်။ ဦးနှောက်၏ ဆုံးဖြတ်ချက်ဖြင့် လုပ်သင့်လုပ်ထိုက်သည့် ကိစ္စများကိုသာ ရှေ့တိုးလုပ်ပါ။
ယတြာ ။ ။ သောကြာနေ့တွင် သင်္ဘောသီးသုပ် ဒါနပြုပါ။
စနေနေ့ မွေးသူများ
ဆုံးဖြတ်ထားပြီးကိစ္စအား ခေါင်းမာစွဲမြဲစွာလုပ်ကိုင်မှုကြောင့် အောင်မြင်မှုများ အထင်အရှား ရရှိမည်။ အလုပ်အကြွေးများ ပိနေမည်။ မပြီးပြတ်သေးသော ကိစ္စများ ဆောင်ရွက်ရင်း ကိုင်တွယ်နေဆဲ ကိစ္စများကိုပါ ပြီးမြောက်အောင် ဆောင်ရွက်ရလိမ့်မည်။ ရင်ပူ၍ စိတ်ပင်ပန်းနေရမည်။ မတင်မကျဖြစ်နေသည့် ကိစ္စ၏ အဖြေကို မျှော်လင့်စောင့်စား နေရမည်။
ယတြာ ။ ။ စနေနေ့တွင် ဒန်းညွန့် ဘုရားကပ်လှူပါ။
ဆရာ စံ-ဇာဏီဘိုကို ဆက်သွယ်မေးမြန်လိုပါက ဖုန်းနံပါတ် ဝ၁-၃၆၄၁၆၃၉၊ ဝ၉-၇၃၀၇၀၂၁၆၊ ဝ၉-၇၃၁၇၀၇၉၉၊ ဝ၉-၄၀၉၉၂၈၆၁၁ သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ဗေဒင်နှင့် လက္ခဏာဆရာများ >>> https://bit.ly/2ETcxR8
Read 902 times Last modified on Thursday, 30 January 2020 09:47
Rate :
(4 votes)
Related items
Leave a comment
Make sure you enter the (*) required information where indicated. HTML code is not allowed.