Tuesday, 28 January 2020 11:08

ChanMyaTharSi

တ႐ုတ္နိုင္ငံ၊ ဝူဟန္ၿမိဳ႕တြင္ ပညာသင္ၾကားေနေသာ ျမန္မာေက်ာင္းသား (၆၀) ဦး ျပန္လည္ေရာက္ရွိလာပါက သီးျခားထားရွိၿပီး ေစာင့္ၾကည့္စစ္ေဆးနိုင္ရန္ မႏၲေလးၿမိဳ႕တြင္ ေဆး႐ုံတစ္ခု ႀကိဳတင္ျပင္ဆင္ထားေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးႏွင့္ ကုသေရးဦးစီးဌာန ဦးစီးမွဴး ေဒါက္တာသန္းသန္းျမင့္က ေျပာၾကားထားပါတယ္။

မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္ (၆၂)လမ္းေပၚရွိ ကန္ေတာ္နဒီေဆး႐ုံအား တ႐ုတ္နိုင္ငံမွ ျပန္လည္ေရာက္ရွိလာမည့္ ျမန္မာေက်ာင္းသားမ်ားကို ထားရွိရန္ အထူးသီးသန႔္အေနျဖင့္ ျပင္ဆင္ထားပါတယ္။
“တိက်တဲ့ သတင္းရလာရင္ (ေက်ာင္းသားမ်ားျပန္လည္ ေရာက္ရွိခ်ိန္) ျပင္ဆင္ခ်ိန္ မရွိမွာစိုးလို႔။ လာရင္ အဆင္သင့္ျဖစ္ေအာင္ ျပင္ဆင္ထားရွိတာ”ဟု ေဒါက္တာသန္းသန္းျမင့္က ဆိုပါတယ္။

Read More>>> တံတားဦးေလဆိပ္တြင္ ဝူဟန္ေလေၾကာင္းခရီးစဥ္မ်ား ပိတ္ထား

ျပည္သူ႔က်န္းမာေရးႏွင့္ ကုသေရးဦးစီးဌာန႐ုံးအျဖစ္ အသုံးျပဳခဲ့ေသာ အဆိုပါ ေဆး႐ုံအား မႏၲေလးတိုင္း၊ ျပည္သူ႔က်န္းမာေရးႏွင့္ ကုသေရးဦးစီးဌာနႏွင့္ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီတို႔ ပူးေပါင္း၍ ဇန္နဝါရီ(၂၇)ရက္မွ စတင္ကာ ျပင္ဆင္မႈမ်ား လုပ္ေဆာင္လၽွက္ရွိပါတယ္။

“လူ(၆၀)မ်ား ေရာက္လာခဲ့ရင္ ထားနိုင္ဖို႔ရာ ဒီေနရာမွာ အသင့္ေတာ္ဆုံးမို႔ ဒီေနရာ ျပင္တာေပါ့”ဟု ေဒါက္တာ သန္းသန္းျမင့္က ဆိုပါတယ္။

အဆိုပါ ေက်ာင္းသား (၆၀) ျမန္မာနိုင္ငံသို့ ျပန္လည္ေရာက္ရွိလာၿပီးေနာက္ ေရာဂါပ်ိဳးရက္ျဖစ္သည့္ (၁၄) ရက္ၾကာ ေစာင့္ၾကပ္ၾကည့္ရွုမည္ျဖစ္ၿပီး ဖ်ားနာပါက သင့္ေတာ္သည့္ ကုသမႈမ်ား ဆက္လက္လုပ္ေဆာင္မည္ဟု က်န္းမာေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ားက ေျပာၾကားထားပါတယ္။

Read More>>> မႏၲေလးတိုင္းေဒသႀကီးအတြင္းက ဘိလပ္ေျမစက္႐ုံေတြကို အခိုးအေငြ႕ထုတ္လႊတ္မႈ ေလၽွာ့ခ်ရန္ လုပ္ေဆာင္မည္

ကန္ေတာ္နဒီ ေဆး႐ုံတြင္ အခန္းေပါင္း (၄၂)ခန္းရွိၿပီး ေနရာ၊ ပစၥည္းကိရိယာ၊ ေဆးပစၥည္းႏွင့္ က်န္းမာေရးဝန္ထမ္းမ်ား ျပင္ဆင္ထားရွိျခင္းျဖစ္ၿပီး မႏၲေလး အေထြေထြေရာဂါကုေဆး႐ုံႀကီး၊ ကုတင္ (၅၅၀)ဆံ့ ကေလးေဆး႐ုံႀကီး၊ ကုတင္(၃၀၀) ကေလးေဆး႐ုံ၊ အရိုးအထူးကုေဆး႐ုံႏွင့္ ကုတင္ (၃၀၀) သင္ၾကားေရးေဆး႐ုံမ်ားမွ ဆရာဝန္မ်ားက အလွည့္က် တာဝန္ထမ္းေဆာင္မည္ျဖစ္ေၾကာင္း သိရပါတယ္။

 

Nilar Myot Win (Mandalay Directory)

Ref: MOI, Myanmar Health News, Mandalay In-depth News

### Unicode

ဝူဟန်မှပြန်လာမည့် မြန်မာကျောင်းသား (၆၀) အတွက် မန္တလေးတွင် သီးသန့်ဆေးရုံများ ပြင်ဆင်ပေးထားမည်

တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ပညာသင်ကြားနေသော မြန်မာကျောင်းသား (၆၀) ဦး ပြန်လည်ရောက်ရှိလာပါက သီးခြားထားရှိပြီး စောင့်ကြည့်စစ်ဆေးနိုင်ရန် မန္တလေးမြို့တွင် ဆေးရုံတစ်ခု ကြိုတင်ပြင်ဆင်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က ပြောကြားထားပါတယ်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် (၆၂)လမ်းပေါ်ရှိ ကန်တော်နဒီဆေးရုံအား တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာမည့် မြန်မာကျောင်းသားများကို ထားရှိရန် အထူးသီးသန့်အနေဖြင့် ပြင်ဆင်ထားပါတယ်။
“တိကျတဲ့ သတင်းရလာရင် (ကျောင်းသားများပြန်လည် ရောက်ရှိချိန်) ပြင်ဆင်ချိန် မရှိမှာစိုးလို့။ လာရင် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားရှိတာ”ဟု ဒေါက်တာသန်းသန်းမြင့်က ဆိုပါတယ်။

ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရုံးအဖြစ် အသုံးပြုခဲ့သော အဆိုပါ ဆေးရုံအား မန္တလေးတိုင်း၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်း၍ ဇန်နဝါရီ(၂၇)ရက်မှ စတင်ကာ ပြင်ဆင်မှုများ လုပ်ဆောင်လျှက်ရှိပါတယ်။

“လူ(၆၀)များ ရောက်လာခဲ့ရင် ထားနိုင်ဖို့ရာ ဒီနေရာမှာ အသင့်တော်ဆုံးမို့ ဒီနေရာ ပြင်တာပေါ့”ဟု ဒေါက်တာ သန်းသန်းမြင့်က ဆိုပါတယ်။

အဆိုပါ ကျောင်းသား (၆၀) မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီးနောက် ရောဂါပျိုးရက်ဖြစ်သည့် (၁၄) ရက်ကြာ စောင့်ကြပ်ကြည့်ရှုမည်ဖြစ်ပြီး ဖျားနာပါက သင့်တော်သည့် ကုသမှုများ ဆက်လက်လုပ်ဆောင်မည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားထားပါတယ်။

ကန်တော်နဒီ ဆေးရုံတွင် အခန်းပေါင်း (၄၂)ခန်းရှိပြီး နေရာ၊ ပစ္စည်းကိရိယာ၊ ဆေးပစ္စည်းနှင့် ကျန်းမာရေးဝန်ထမ်းများ ပြင်ဆင်ထားရှိခြင်းဖြစ်ပြီး မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး၊ ကုတင် (၅၅၀)ဆံ့ ကလေးဆေးရုံကြီး၊ ကုတင်(၃၀၀) ကလေးဆေးရုံ၊ အရိုးအထူးကုဆေးရုံနှင့် ကုတင် (၃၀၀) သင်ကြားရေးဆေးရုံများမှ ဆရာဝန်များက အလှည့်ကျ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း သိရပါတယ်။

Nilar Myot Win (Mandalay Directory)

Ref: MOI, Myanmar Health News, Mandalay In-depth News


Read 394 times Last modified on Tuesday, 28 January 2020 13:47
Rate :
(4 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.