Monday, 27 January 2020 16:03

Manhouse



Read More>>> မန္တလေးတိုင်းဒေသကြီးအတွင်းက ဘိလပ်မြေစက်ရုံတွေကို အခိုးအငွေ့ထုတ်လွှတ်မှု လျှော့ချရန် လုပ်ဆောင်မည်


Read More>>> ၂၀၂၀ နှစ်အစပိုင်းမှာတည်းက တက်ရိပ်ပြနေသော မြန်မာ့ရွှေဈေးကွက်


### Unicode

မန္တလေးတိုင်းဒေသကြီးတွင် ဥပဒေချုပ်ရုံး ဝန်ထမ်းအိမ်ရာသစ် ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး ဝန်ထမ်းအိမ်ရာသစ် ဖွင့်ပွဲကို ဇန်နဝါရီ ၂၆ ရက် နံနက် ၉ နာရီက မန္တလေးမြို့၊ ၃၄ လမ်းနှင့် ၃၅လမ်း ကြား၊ ၆၃ လမ်းနှင့် ၆၄ လမ်းကြားရှိ တိုင်းဒေသကြီး ဥပဒချုပ်ရုံးတွင် ကျင်းပခဲ့ကြောင်းသိရပါတယ်။

အခမ်းအနားတွင် ဝန်ထမ်းအိမ်ရာ အဆောက်အဦသစ်အား မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် လျှပ်စစ်စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အဆောက်အဦသစ် ကမ္ပည်းမော်ကွန်းအား အမွေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပါတယ်။

အဆိုပါ ဝန်ထမ်းအိမ်ရာသည် အာရ်စီ လေးခန်းတွဲ လေးထပ်အဆောက်အဦဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေ ၂၈၆ သန်းဖြင့် Myanmar Land & Development Co.Ltd မှ တာဝန်ယူ၍ ၂၀၁၉ ခုနှစ် ဧပြီ ၅ ရက်တွင် စတင်တည်ဆောက်ခဲ့ကာ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ပြီးစီးခဲ့ကြောင်း သိရပါတယ်။

Ref: The Mandalay News Journal


Read 253 times
Rate :
(13 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.