Monday, 27 January 2020 15:39

img 20191002 094148 1920x1440

မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ ဘိလပ္ေၿမစက္႐ုံေတြကို အခိုးအေငြ႕ထုတ္လႊတ္မႈ ေလၽွာ့ခ်သြားဖို႔ လုပ္ေဆာင္သြားမွာျဖစ္ၿပီး စက္႐ုံေတြကို ပညာရွင္ေတြနဲ႔ ကြင္းဆင္းစစ္ေဆးမွာျဖစ္တယ္လို႔ မႏၲေလးတိုင္းေဒသႀကီး သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဦးစီးဌာနက သိရပါတယ္။

ဘိလပ္ေျမစက္႐ုံေတြက ထုတ္လႊတ္တဲ့မီးခိုးေငြ႕ေတြမွာ ဆာလဖာဒိုင္ေအာက္ဆိုက္နဲ႔ နိုက္ထရိုဂ်င္ေအာက္ဆိုက္တို႔ ပါဝင္ေနတာျဖစ္ၿပီး အဲသည္အေငြ႔ေတြကို ေလၽွာ့ခ်နိုင္တဲ့ စနစ္ေတြ တပ္ဆင္သြားမွာျဖစ္တယ္လို႔ ညႊန္ၾကားေရးမွဴး ေဒါက္တာ တင္မင္းေမာင္က ေျပာပါတယ္။

Read More>>> တံတားဦးေလဆိပ္တြင္ ဝူဟန္ေလေၾကာင္းခရီးစဥ္မ်ား ပိတ္ထား

သူက “အခိုးအေငြ႕ေတြ ထုတ္လႊတ္မႈ ေလၽွာ့ခ်နိုင္ဖို႔ စက္ေတြတပ္ရမယ္၊ အဲဒီအတြက္စနစ္ေတြကို တကၠသိုလ္ေတြက ပညာရွင္ပါေမာကၡေတြနဲ႔ စက္႐ုံေတြကို ကြင္းဆင္းစစ္ေဆးမယ္” လို႔ ေျပာပါတယ္။

ဘိလပ္ေျမစက္႐ုံေတြက ထုတ္လႊတ္တဲ့ အခိုးအေငြ႕ေတြကို ဆက္တိုက္ေစာင့္ၾကည့္နိုင္တဲ့စနစ္အတြက္ နိုင္ငံျခားကေန စက္ေတြမွာယူရမွာျဖစ္တယ္လို႔ ေျပာပါတယ္။

သူက “ အခုက ဆာလဖာဒိုင္ေအာက္ဆိုက္နဲ႔ နိုက္ထရိုဂ်င္ေအာက္ဆိုက္ပါဝင္မွုကို ေလၽွာ့ခ်နိုင္ဖို႔လုပ္တာပါ၊ စက္႐ုံေတြကို ကြင္းဆင္းၿပီးရင္ ဒီဇိုင္းေရးဆြဲၿပီး တပ္ဆင္မွာေပါ့၊ ဒီစနစ္တပ္ဆင္မယ္ဆိုရင္ စက္႐ုံေတြက ထြက္တဲ့ ဆာလ္ဖာဒိုင္ေအာက္ဆိုက္နဲ႔ နိုက္ထရိုဂ်င္ေအာက္ဆိုက္ ပါဝင္မႈကို ၉၀ ရာခိုင္ႏွုန္းေလာက္အထိ ေလၽွာ့ခ်နိုင္မယ္”လို႔ ေျပာပါတယ္။

Read More>>> က်ား၊ ဆင္၊ သင္းေခြခ်ပ္ အ႐ုပ္ႀကီးမ်ားကို မႏၱေလး က်ဳံးေတာင္ဘက္ျခမ္းတြင္ ျပသထားမည္

စက္႐ုံေတြဆီ ကြင္းဆင္းမႈကို အခု ဇန္နဝါရီလ ေနာက္ဆုံးပတ္အတြင္း စတင္ေဆာင္ရြက္မွာျဖစ္ၿပီး လအလိုက္ ကြင္းဆင္းမႈအေၿခအေနေတြကို တိုင္းေဒသႀကီးအစိုးရထံ တင္ျပသြားမွာျဖစ္ပါတယ္။

ဒီစနစ္တပ္ဆင္မႈကို တန္ ၁,၀ဝ၀နဲ႔အထက္ ဘိလပ္ေျမစက္႐ုံေတြမွာ ျပဳလုပ္မွာျဖစ္ၿပီး မႏၲေလးတိုင္းေဒသႀကီးမွာ တပ္ဆင္ရမယ့္ ဘိလပ္ေျမစက္႐ုံေပါင္း ရွစ္႐ုံ ရွိတယ္လို႔ သိရပါတယ္။

Source: kumudra

### Unicode

မန္တလေးတိုင်းဒေသကြီးအတွင်းက ဘိလပ်မြေစက်ရုံတွေကို အခိုးအငွေ့ထုတ်လွှတ်မှု လျှော့ချရန် လုပ်ဆောင်မည်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဘိလပ်မြေစက်ရုံတွေကို အခိုးအငွေ့ထုတ်လွှတ်မှု လျှော့ချသွားဖို့ လုပ်ဆောင်သွားမှာဖြစ်ပြီး စက်ရုံတွေကို ပညာရှင်တွေနဲ့ ကွင်းဆင်းစစ်ဆေးမှာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက သိရပါတယ်။

ဘိလပ်မြေစက်ရုံတွေက ထုတ်လွှတ်တဲ့မီးခိုးငွေ့တွေမှာ ဆာလဖာဒိုင်အောက်ဆိုက်နဲ့ နိုက်ထရိုဂျင်အောက်ဆိုက်တို့ ပါဝင်နေတာဖြစ်ပြီး အဲသည်အငွေ့တွေကို လျှော့ချနိုင်တဲ့ စနစ်တွေ တပ်ဆင်သွားမှာဖြစ်တယ်လို့ ညွှန်ကြားရေးမှူး ဒေါက်တာ တင်မင်းမောင်က ပြောပါတယ်။

သူက “အခိုးအငွေ့တွေ ထုတ်လွှတ်မှု လျှော့ချနိုင်ဖို့ စက်တွေတပ်ရမယ်၊ အဲဒီအတွက်စနစ်တွေကို တက္ကသိုလ်တွေက ပညာရှင်ပါမောက္ခတွေနဲ့ စက်ရုံတွေကို ကွင်းဆင်းစစ်ဆေးမယ်” လို့ ပြောပါတယ်။

ဘိလပ်မြေစက်ရုံတွေက ထုတ်လွှတ်တဲ့ အခိုးအငွေ့တွေကို ဆက်တိုက်စောင့်ကြည့်နိုင်တဲ့စနစ်အတွက် နိုင်ငံခြားကနေ စက်တွေမှာယူရမှာဖြစ်တယ်လို့ ပြောပါတယ်။

သူက “ အခုက ဆာလဖာဒိုင်အောက်ဆိုက်နဲ့ နိုက်ထရိုဂျင်အောက်ဆိုက်ပါဝင်မှုကို လျှော့ချနိုင်ဖို့လုပ်တာပါ၊ စက်ရုံတွေကို ကွင်းဆင်းပြီးရင် ဒီဇိုင်းရေးဆွဲပြီး တပ်ဆင်မှာပေါ့၊ ဒီစနစ်တပ်ဆင်မယ်ဆိုရင် စက်ရုံတွေက ထွက်တဲ့ ဆာလ်ဖာဒိုင်အောက်ဆိုက်နဲ့ နိုက်ထရိုဂျင်အောက်ဆိုက် ပါဝင်မှုကို ၉၀ ရာခိုင်နှုန်းလောက်အထိ လျှော့ချနိုင်မယ်”လို့ ပြောပါတယ်။

စက်ရုံတွေဆီ ကွင်းဆင်းမှုကို အခု ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်း စတင်ဆောင်ရွက်မှာဖြစ်ပြီး လအလိုက် ကွင်းဆင်းမှုအခြေအနေတွေကို တိုင်းဒေသကြီးအစိုးရထံ တင်ပြသွားမှာဖြစ်ပါတယ်။

ဒီစနစ်တပ်ဆင်မှုကို တန် ၁,၀ဝဝနဲ့အထက် ဘိလပ်မြေစက်ရုံတွေမှာ ပြုလုပ်မှာဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးမှာ တပ်ဆင်ရမယ့် ဘိလပ်မြေစက်ရုံပေါင်း ရှစ်ရုံ ရှိတယ်လို့ သိရပါတယ်။

Source: kumudra


Read 185 times
Rate :
(6 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.