Monday, 27 January 2020 11:18

winter








Read More>>> တံတားဦးလေဆိပ်တွင် ဝူဟန်လေကြောင်းခရီးစဉ်များ ပိတ်ထား




Read More>>> မန်းရွှေစက်တော်ဘုရားကြီး ဗုဒ္ဓပူဇနိယ ပွဲတော် ကျင်းပမည်


Ref: MOI

### Unicode

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ညအပူချိန်များ ဆက်လက်လျှော့နည်းနေမည်

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၇)ရက်နေ့တွင် ထုတ်ပြန်သည့် မိုးလေဝသအခြေအနေများ

မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ယနေ့ညနေအထိ မိုးလေဝသခန့်မှန်းချက်များကတော့...

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်တွင် အများအားဖြင့် သာယာနေပါတယ်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်တွင် အများအားဖြင့် သာယာနေပါတယ်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်တွင် အများအားဖြင့် သာယာနေပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊

ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာနေပါတယ်။

မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိနေပါတယ်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၇)ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၆)ပေခန့် ရှိနိုင်ပါတယ်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေကတော့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် အများအားဖြင့် သာယာ နေပါတယ်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်ကတော့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ညအပူချိန်များ ဆက်လက်လျော့နည်းနေနိုင်ပါတယ်။

Nilar Myot Win (Mandalay Directory)

Ref: MOI


Read 342 times
Rate :
(6 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.