Saturday, 25 January 2020 14:35

manshwesataw

မေကြးတုိင္းေဒသႀကီး မင္းဘူးခ႐ိုင္မင္းဘူး(စကု)ၿမိဳ႕နယ္ရွိ မန္းေရႊစက္ေတာ္ဘုရားႀကီး ဗုဒၶပူဇနိယ ပြဲေတာ္ဖြင့္ပြဲကို ဇန္န၀ါရီ ၂၉ ရက္တြင္ စတင္ဖြင့္လွစ္မည္ ျဖစ္ေၾကာင္းသိရပါတယ္။

မန္းေရႊစက္ေတာ္ဘုရားႀကီး ဖြင့္ပြဲအခမ္းအနားတြင္ သီတဂူဆရာေတာ္ႀကီး ႂကြေရာက္၍ ဖဲႀကိဳးျဖတ္ဖြင့္လွစ္မည္ျဖစ္ၿပီး ႏွစ္ေပါင္း ၂၀ ေက်ာ္ ထီးေတာ္အသစ္မတင္ရေသးသည့္ အထက္စက္ေတာ္ရာ ပါဒေစတီကုိ ေရႊထီးေတာ္အသစ္ ပူေဇာ္မည္ျဖစ္ေၾကာင္း သိရပါတယ္။

ထုိ႔ျပင္ ေငြက်ပ္သိန္းေပါင္း ၅,၀၀၀ ေက်ာ္ အကုန္အက်ခံ၍ ဘက္စံုျပဳျပင္မြမ္းမံထားေသာ ကိုးခန္းႀကီး မဟာျမတ္မုနိတန္ေဆာင္းေတာ္အား ေရစက္ခ်မဂၤလာ အခမ္းအနားက်င္းပမည္လည္းျဖစ္ပါတယ္။

Read More>>> က်ား၊ ဆင္၊ သင္းေခြခ်ပ္ အ႐ုပ္ႀကီးမ်ားကို မႏၱေလး က်ဳံးေတာင္ဘက္ျခမ္းတြင္ ျပသထားမည္

ဘုရားပြဲေတာ္က်င္းပႏုိင္ရန္ မန္းေခ်ာင္းေသာင္ျပင္ျပဳျပင္ျခင္း၊ လမ္းျပဳျပင္ျခင္း၊ တံတားထုိးျခင္း၊ ဘုရားႀကီးတြင္ ျမန္မာမႈလက္ရာမ်ား ထည့္သြင္းျခင္း၊ ဘုရားေစာင္းတန္းအတြင္းရွိ ေလွကားထစ္မ်ားအား ေႂကြျပားခင္းျခင္း၊ ဘုရားဖူးယာဥ္မ်ား ရပ္နားရန္ ကားပါကင္အသစ္ တည္ေဆာက္ျခင္း၊ လမ္းမီးတုိင္မ်ား စိုက္ထူျခင္း၊ အဆင့္ျမင့္ ေရေလာင္းသန္႔စင္ခန္းမ်ား တည္ေဆာက္ျခင္း စသျဖင့္ ေဆာင္ရြက္ထားပါတယ္။

မန္းေရႊစက္ေတာ္ဘုရားပြဲေတာ္ကုိ ဇန္န၀ါရီ ၂၉ ရက္မွ ဧၿပီ ၁၇ ရက္အထိ က်င္းပမည္ျဖစ္ၿပီး ယခုႏွစ္ဘုရားပြဲေတာ္အတြင္း ဘုရားဖူးလာသူမ်ား စိတ္ခ်မ္းသာစြာ ဘုရားဖူးႏုိင္ေရးႏွင့္ လံုၿခံဳမႈရွိေစရန္အတြက္ ၂၄ နာရီ ေစာင့္ၾကည့္ေနေသာ လံုၿခံဳေရး ကင္မရာမ်ား တပ္ဆင္ျခင္း၊ လံုၿခံဳေရး၀န္ထမ္းမ်ား ခန္႔အပ္ထားျခင္းျဖင့္လည္း ေဆာင္ရြက္ထားေၾကာင္း သိရပါတယ္။

Read More>>> ကမ႓ာ႔သခ်ၤာၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံက ေက်ာင္းသားတစ္ေယာက္ ကမ႓ာ႔အဆင္႕(၁)ရရွိ

Ref: moi

### Unicode

မန်းရွှေစက်တော် ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီး ဗုဒ္ဓပူဇနိယ ပွဲတော်ဖွင့်ပွဲကို ဇန်နဝါရီ ၂၉ ရက်တွင် စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်းသိရပါတယ်။

မန်းရွှေစက်တော်ဘုရားကြီး ဖွင့်ပွဲအခမ်းအနားတွင် သီတဂူဆရာတော်ကြီး ကြွရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်မည်ဖြစ်ပြီး နှစ်ပေါင်း ၂၀ ကျော် ထီးတော်အသစ်မတင်ရသေးသည့် အထက်စက်တော်ရာ ပါဒစေတီကို ရွှေထီးတော်အသစ် ပူဇော်မည်ဖြစ်ကြောင်း သိရပါတယ်။

ထို့ပြင် ငွေကျပ်သိန်းပေါင်း ၅,၀၀၀ ကျော် အကုန်အကျခံ၍ ဘက်စုံပြုပြင်မွမ်းမံထားသော ကိုးခန်းကြီး မဟာမြတ်မုနိတန်ဆောင်းတော်အား ရေစက်ချမင်္ဂလာ အခမ်းအနားကျင်းပမည်လည်းဖြစ်ပါတယ်။

ဘုရားပွဲတော်ကျင်းပနိုင်ရန် မန်းချောင်းသောင်ပြင်ပြုပြင်ခြင်း၊ လမ်းပြုပြင်ခြင်း၊ တံတားထိုးခြင်း၊ ဘုရားကြီးတွင် မြန်မာမှုလက်ရာများ ထည့်သွင်းခြင်း၊ ဘုရားစောင်းတန်းအတွင်းရှိ လှေကားထစ်များအား ကြွေပြားခင်းခြင်း၊ ဘုရားဖူးယာဉ်များ ရပ်နားရန် ကားပါကင်အသစ် တည်ဆောက်ခြင်း၊ လမ်းမီးတိုင်များ စိုက်ထူခြင်း၊ အဆင့်မြင့် ရေလောင်းသန့်စင်ခန်းများ တည်ဆောက်ခြင်း စသဖြင့် ဆောင်ရွက်ထားပါတယ်။

မန်းရွှေစက်တော်ဘုရားပွဲတော်ကို ဇန်နဝါရီ ၂၉ ရက်မှ ဧပြီ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ယခုနှစ်ဘုရားပွဲတော်အတွင်း ဘုရားဖူးလာသူများ စိတ်ချမ်းသာစွာ ဘုရားဖူးနိုင်ရေးနှင့် လုံခြုံမှုရှိစေရန်အတွက် ၂၄ နာရီ စောင့်ကြည့်နေသော လုံခြံုရေး ကင်မရာများ တပ်ဆင်ခြင်း၊ လုံခြံုရေးဝန်ထမ်းများ ခန့်အပ်ထားခြင်းဖြင့်လည်း ဆောင်ရွက်ထားကြောင်း သိရပါတယ်။

Ref: moi


Read 242 times
Rate :
(9 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.