Saturday, 25 January 2020 14:19

11 fb img 1579775636540

ျမန္မာနိုင္ငံ၏ အဖိုးတန္ေတာရိုင္းတိရစၧာန္မ်ားအား ကာကြယ္ရန္ရည္ရြယ္၍ ေရႊေရာင္စကၠဴမ်ားျဖင့္ ျပဳလုပ္ပုံေဖာ္ထားေသာ က်ား၊ ဆင္၊ သင္းေခြခ်ပ္ အစရွိသည့္ တိရစၧာန္ အ႐ုပ္ႀကီးသုံး႐ုပ္ကို ဇန္နဝါရီ ၂၅ ရက္မွ ၃၁ ရက္အထိ မႏၲေလးၿမိဳ႕ က်ဳံးေတာင္ဘက္ျခမ္းတြင္ အမ်ားျပည္သူၾကည့္ရွုနိုင္ရန္ ျပသထားမည္ျဖစ္ေၾကာင္း သိရပါတယ္။

အဆိုပါ ေရႊေရာင္စကၠဴျဖင့္ ျပဳလုပ္ထားေသာ က်ား၊ ဆင္၊ သင္းေခြခ်ပ္ ေတာရိုင္းတိရစၧာန္အ႐ုပ္ႀကီးမ်ားကို VOICES FOR WILDLIFE ၏ လူထုအသိပညာေပးအစီအစဥ္အျဖစ္ အဖိုးတန္ ေတာရိုင္းတိရစၧာန္မ်ားအား ကာကြယ္ရန္ ရည္ရြယ္၍ ယခုကဲ့သို႔ျပသျခင္းျဖစ္ေၾကာင္း သိရပါတယ္။

83944453_539088490029729_6089923485792993280_n.jpg

က်ား၊ ဆင္၊ သင္းေခြခ်ပ္ အ႐ုပ္ႀကီး သုံး႐ုပ္ကို ရန္ကုန္ၿမိဳ႕ႏွင့္ ေနျပည္ေတာ္တို႔မွ မႏၲေလးၿမိဳ႕သို႔ ဇန္နဝါရီ ၂၂ ရက္က သယ္ေဆာင္လာခဲ့ၿပီး မႏၲေလးၿမိဳ႕တြင္ အမ်ားျပည္သူမ်ား ေလ့လာၾကည့္ရွုနိုင္ရန္ က်ဳံးေတာင္ဘက္ျခမ္း ၂၆ လမ္း ၆၆x၆၇ လမ္းၾကား ပလက္ေဖာင္း၌ ျပသထားမည္ျဖစ္ေၾကာင္း သိရပါတယ္။

84210213_582400829005337_5494410353053794304_n.jpg

ျပသမည့္ ေရႊေရာင္က်ား႐ုပ္ႀကီးမွာ အျမင့္ ၉ေပ ၃ လက္မ၊ အရွည္ ၉ ေပ ၁၀ လက္မခန႔္၊ သင္းေခြခ်ပ္ အ႐ုပ္ႀကီးမွာ အျမင့္ ၇ ေပ၊ အရွည္ ၁၁ ေပရွိကာ ဆင္႐ုပ္ႀကီးမွာ အျမင့္ ၇ ေပ၊ အရွည္ ၉ ေပရွိပါတယ္။

Read More>>> ျမန္မာႏုိင္ငံရဲ႕ နာမည္ႀကီး ၿမိဳ႕ (၁၂)ခုကို သြားေရာက္လည္ပတ္သင့္တဲ့ အခ်ိန္ကာလမ်ား

ျမန္မာ့ေတာရိုင္းတိရစၧာန္မ်ားသည္ အဖိုးတန္ေတာေကာင္မ်ားျဖစ္ၿပီး ထိန္းသိမ္းကာကြယ္ေစာင့္ေရွာက္ရန္ လိုအပ္လ်က္ရွိေၾကာင္း ရည္ညႊန္း၍ ေရႊေရာင္စကၠဴမ်ားျဖင့္ ပုံေဖာ္ျပဳလုပ္ထားေၾကာင္း VOICES FOR WILDLIFE အဖြဲ႕မွ သိရပါတယ္။

Nilar Myot Win (Mandalay Directory)

Ref: MDN

### Unicode

ကျား၊ ဆင်၊ သင်းခွေချပ် အရုပ်ကြီးများကို မန္တလေး ကျုံးတောင်ဘက်ခြမ်းတွင် ပြသထားမည်

မြန်မာနိုင်ငံ၏ အဖိုးတန်တောရိုင်းတိရစ္ဆာန်များအား ကာကွယ်ရန်ရည်ရွယ်၍ ရွှေရောင်စက္ကူများဖြင့် ပြုလုပ်ပုံဖော်ထားသော ကျား၊ ဆင်၊ သင်းခွေချပ် အစရှိသည့် တိရစ္ဆာန် အရုပ်ကြီးသုံးရုပ်ကို ဇန်နဝါရီ ၂၅ ရက်မှ ၃၁ ရက်အထိ မန္တလေးမြို့ ကျုံးတောင်ဘက်ခြမ်းတွင် အများပြည်သူကြည့်ရှုနိုင်ရန် ပြသထားမည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ရွှေရောင်စက္ကူဖြင့် ပြုလုပ်ထားသော ကျား၊ ဆင်၊ သင်းခွေချပ် တောရိုင်းတိရစ္ဆာန်အရုပ်ကြီးများကို VOICES FOR WILDLIFE ၏ လူထုအသိပညာပေးအစီအစဉ်အဖြစ် အဖိုးတန် တောရိုင်းတိရစ္ဆာန်များအား ကာကွယ်ရန် ရည်ရွယ်၍ ယခုကဲ့သို့ပြသခြင်းဖြစ်ကြောင်း သိရပါတယ်။

ကျား၊ ဆင်၊ သင်းခွေချပ် အရုပ်ကြီး သုံးရုပ်ကို ရန်ကုန်မြို့နှင့် နေပြည်တော်တို့မှ မန္တလေးမြို့သို့ ဇန်နဝါရီ ၂၂ ရက်က သယ်ဆောင်လာခဲ့ပြီး မန္တလေးမြို့တွင် အများပြည်သူများ လေ့လာကြည့်ရှုနိုင်ရန် ကျုံးတောင်ဘက်ခြမ်း ၂၆ လမ်း ၆၆x၆၇ လမ်းကြား ပလက်ဖောင်း၌ ပြသထားမည်ဖြစ်ကြောင်း သိရပါတယ်။

ပြသမည့် ရွှေရောင်ကျားရုပ်ကြီးမှာ အမြင့် ၉ပေ ၃ လက်မ၊ အရှည် ၉ ပေ ၁၀ လက်မခန့်၊ သင်းခွေချပ် အရုပ်ကြီးမှာ အမြင့် ရ ပေ၊ အရှည် ၁၁ ပေရှိကာ ဆင်ရုပ်ကြီးမှာ အမြင့် ရ ပေ၊ အရှည် ၉ ပေရှိပါတယ်။

မြန်မာ့တောရိုင်းတိရစ္ဆာန်များသည် အဖိုးတန်တောကောင်များဖြစ်ပြီး ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် လိုအပ်လျက်ရှိကြောင်း ရည်ညွှန်း၍ ရွှေရောင်စက္ကူများဖြင့် ပုံဖော်ပြုလုပ်ထားကြောင်း VOICES FOR WILDLIFE အဖွဲ့မှ သိရပါတယ်။

Nilar Myot Win (Mandalay Directory)

Ref: MDN


Read 294 times
Rate :
(7 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.