Tuesday, 21 January 2020 17:53

dd 46

မႏၲေလးၿမိဳ႕တြင္း ေၾကာ္ျငာထားသည့္ စည္းကမ္းမဲ့ဆိုင္းဘုတ္မ်ားႏွင့္ တရားမဝင္ေၾကာ္ျငာဆိုင္းဘုတ္မ်ားကို စနစ္တက်ျဖစ္လာေစရန္ စိစစ္အေရးယူမႈမ်ား စတင္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ သိရပါတယ္။

မႏၲေလးၿမိဳ႕အား Smart City အျဖစ္ ေဖာ္ေဆာင္သည့္ေနရာတြင္ စည္းကမ္းမဲ့ ေၾကာ္ျငာဆိုင္းဘုတ္မ်ားက ၿမိဳ႕ေတာ္၏ သာယာလွပမႈအား အက်ည္းတန္ေစၿပီး အေႏွာင့္အယွက္ျဖစ္ေစေၾကာင္း၊ ၿမိဳ႕နယ္မ်ားအားလုံးတြင္ အဖြဲ႕မ်ား ဖြဲ႕စည္းၿပီး စိစစ္ေဆာင္ရြက္မည္ျဖစ္ေၾကာင္း ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီအဖြဲ႕ဝင္ ဦးေက်ာ္ဆန္းျမင့္က ေျပာၾကားထားပါတယ္။

Read More>>> ၁၁ နာရီနီးပါး မီးေလာင္ကၽြမ္းခဲ့သည့္ မႏၱေလးရတနာပုံေဈးကို အျမန္ဆုံး ျပန္ဖြင့္နိုင္ရန္ ေဆာင္ရြက္မည္

“ အခုေတာ့ စီမံခ်က္နဲ႔ လိုက္စစ္ေနတယ္။ စည္းကမ္းမဲ့တဲ့ ေၾကာ္ျငာဆိုင္းဘုတ္ေတြဆိုရင္ ျဖဳတ္ခိုင္းတယ္။ အခြန္မေဆာင္ထားရေသးဘူးဆိုရင္ အခြန္ေဆာင္ဖို႔မွာၾကားတာေပါ့။ ဒီေလာက္ပဲလုပ္ေသးတယ္။ ဒဏ္ရိုက္တာေတြ ဘာေတြ မလုပ္ေသးပါဘူး။ ဒါေပမယ့္ မၾကာခင္မွာေတာ့ ဒါေတြကိုပါဆက္လုပ္သြားပါမယ္ ” ဟု၄င္းက ထပ္မံေျပာၾကားထားပါတယ္။

ၿမိဳ႕တြင္းရွိ ေၾကာ္ျငာဆိုင္းဘုတ္မ်ားအား စနစ္တက်ျဖစ္လာေစရန္ႏွင့္ အခြန္ေငြ တိတိက်က်ရရွိနိုင္ရန္ ေဆာင္ရြက္ျခင္းျဖစ္ကာ လက္ရွိတြင္ ခြင့္ျပဳမိန္႔မဲ့ေၾကာ္ျငာမ်ိဳးစုံကို ဒဏ္တပ္ရိုက္ျခင္း ၊ ျဖဳတ္သိမ္းခိုင္းျခင္း၊ အခြန္ေလၽွာ့ေဆာင္ေနသည့္ ဆိုင္းဘုတ္မ်ားကို ျပန္လည္တိုင္းတာၿပီး အခြန္အျပည့္အဝ ေကာက္ခံခိုင္းျခင္း၊ ျမန္မာစာႏွင့္ နိုင္ငံတကာသုံး အဂၤလိပ္စာကိုသာ အဓိကဘာသာအေနျဖင့္ လက္သင့္ခံခိုင္းျခင္းမ်ားကို စီမံခ်က္ျဖင့္ ေဆာင္ရြက္ေနေၾကာင္း သိရပါတယ္။

Read More>>> ေနာင္ခ်ိဳတိမ္ပင္လယ္အလွၾကည့္ရွုခံစားၾကရန္ လာေရာက္အပန္းေျဖအနားယူသူမ်ားျဖင့္ အထူးစည္ကားလ်က္ရွိ

ေၾကာ္ျငာ ဆိုင္းဘုတ္မ်ားႏွင့္ ပတ္သက္ၿပီး စည္ပင္ဝန္ထမ္းမ်ားႏွင့္ညႇိကာ အခြန္ေလၽွာ့ေဆာင္ထားသည္ကို စစ္ေဆးေတြ႕ရွိပါက ဝန္ထမ္းကို အလုပ္က ထုတ္ပယ္သြားမည္ဟု မႏၲေလးၿမိဳ႕ေတာ္ဝန္ ေဒါက္တာရဲလြင္က ေျပာၾကားထားပါတယ္။

မႏၲေလး ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီအေနျဖင့္ အေဆာက္အအုံနံရံကပ္ေၾကာ္ျငာ၊ တိုင္ေထာင္ေၾကာ္ျငာ၊ ေနေရာင္ကာ ေၾကာ္ျငာမ်ား၏ အတိုင္းအတာမ်ားကို စစ္ေဆးတိုင္းတာျခင္း၊ သတ္မွတ္အခြန္ႏွုန္းထားမ်ား မွန္ကန္စြာ ေကာက္ခံ နိုင္ေရးတို႔ကို ႀကီးၾကပ္ေဆာင္ရြက္ျခင္းႏွင့္ စည္းကမ္းမဲ့ေၾကာ္ျငာျခင္းမ်ားအား အေရးယူေဆာင္ရြက္ျခင္းတို႔ကို အဓိကထား လုပ္ေဆာင္လ်က္ရွိပါတယ္။

လက္ရွိတြင္ ေအာင္ေျမသာစံၿမိဳ႕နယ္ႏွင့္ မဟာေအာင္ေျမၿမိဳ႕နယ္တို႔တြင္ ေဆာင္ရြက္ေနၿပီး ၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ႏွင့္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တို႔မွာလည္း စီမံခ်က္ခ်ေဆာင္ရြက္ေနေၾကာင္း သိရပါတယ္။

Read More>>> အိမ္ပိုင္မရွိသည့္ အၿငိမ္းစားဝန္ထမ္းမ်ားအေနျဖင့္ အငွားအိမ္ရာမ်ား ေလွ်ာက္ထားႏိုင္

ၿမိဳ႕ေတာ္သာယာလွပမႈကို အဟန႔္အတားျဖစ္ေစမယ့္ စည္းကမ္းမဲ့ ေၾကာ္ျငာေတြကိုလည္း အေရးယူသြားမွာျဖစ္ၿပီး သတ္မွတ္စည္းကမ္းမ်ားကို ေဖာက္ဖ်က္သည့္ ေၾကာ္ျငာလုပ္ငန္းရွင္မ်ားကိုလည္း လိုင္စင္ပိတ္သိမ္းသြားမည္ဟု သိရပါတယ္။

Ref: moi, padamyarfm

### Unicode

မန္တလေးမြို့တွင်း ကြော်ငြာထားသည့် စည်းကမ်းမဲ့ ကြော်ငြာဆိုင်းဘုတ်များကို စိစစ်အရေးယူမည်

မန္တလေးမြို့တွင်း ကြော်ငြာထားသည့် စည်းကမ်းမဲ့ဆိုင်းဘုတ်များနှင့် တရားမဝင်ကြော်ငြာဆိုင်းဘုတ်များကို စနစ်တကျဖြစ်လာစေရန် စိစစ်အရေးယူမှုများ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရပါတယ်။

မန္တလေးမြို့အား Smart City အဖြစ် ဖော်ဆောင်သည့်နေရာတွင် စည်းကမ်းမဲ့ ကြော်ငြာဆိုင်းဘုတ်များက မြို့တော်၏ သာယာလှပမှုအား အကျည်းတန်စေပြီး အနှောင့်အယှက်ဖြစ်စေကြောင်း၊ မြို့နယ်များအားလုံးတွင် အဖွဲ့များ ဖွဲ့စည်းပြီး စိစစ်ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့တော် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးကျော်ဆန်းမြင့်က ပြောကြားထားပါတယ်။

“ အခုတော့ စီမံချက်နဲ့ လိုက်စစ်နေတယ်။ စည်းကမ်းမဲ့တဲ့ ကြော်ငြာဆိုင်းဘုတ်တွေဆိုရင် ဖြုတ်ခိုင်းတယ်။ အခွန်မဆောင်ထားရသေးဘူးဆိုရင် အခွန်ဆောင်ဖို့မှာကြားတာပေါ့။ ဒီလောက်ပဲလုပ်သေးတယ်။ ဒဏ်ရိုက်တာတွေ ဘာတွေ မလုပ်သေးပါဘူး။ ဒါပေမယ့် မကြာခင်မှာတော့ ဒါတွေကိုပါဆက်လုပ်သွားပါမယ် ” ဟု၄င်းက ထပ်မံပြောကြားထားပါတယ်။

မြို့တွင်းရှိ ကြော်ငြာဆိုင်းဘုတ်များအား စနစ်တကျဖြစ်လာစေရန်နှင့် အခွန်ငွေ တိတိကျကျရရှိနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကာ လက်ရှိတွင် ခွင့်ပြုမိန့်မဲ့ကြော်ငြာမျိုးစုံကို ဒဏ်တပ်ရိုက်ခြင်း ၊ ဖြုတ်သိမ်းခိုင်းခြင်း၊ အခွန်လျှော့ဆောင်နေသည့် ဆိုင်းဘုတ်များကို ပြန်လည်တိုင်းတာပြီး အခွန်အပြည့်အဝ ကောက်ခံခိုင်းခြင်း၊ မြန်မာစာနှင့် နိုင်ငံတကာသုံး အင်္ဂလိပ်စာကိုသာ အဓိကဘာသာအနေဖြင့် လက်သင့်ခံခိုင်းခြင်းများကို စီမံချက်ဖြင့် ဆောင်ရွက်နေကြောင်း သိရပါတယ်။

ကြော်ငြာ ဆိုင်းဘုတ်များနှင့် ပတ်သက်ပြီး စည်ပင်ဝန်ထမ်းများနှင့်ညှိကာ အခွန်လျှော့ဆောင်ထားသည်ကို စစ်ဆေးတွေ့ရှိပါက ဝန်ထမ်းကို အလုပ်က ထုတ်ပယ်သွားမည်ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားထားပါတယ်။

မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် အဆောက်အအုံနံရံကပ်ကြော်ငြာ၊ တိုင်ထောင်ကြော်ငြာ၊ နေရောင်ကာ ကြော်ငြာများ၏ အတိုင်းအတာများကို စစ်ဆေးတိုင်းတာခြင်း၊ သတ်မှတ်အခွန်နှုန်းထားများ မှန်ကန်စွာ ကောက်ခံ နိုင်ရေးတို့ကို ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် စည်းကမ်းမဲ့ကြော်ငြာခြင်းများအား အရေးယူဆောင်ရွက်ခြင်းတို့ကို အဓိကထား လုပ်ဆောင်လျက်ရှိပါတယ်။

လက်ရှိတွင် အောင်မြေသာစံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့တွင် ဆောင်ရွက်နေပြီး ၊ ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့မှာလည်း စီမံချက်ချဆောင်ရွက်နေကြောင်း သိရပါတယ်။

မြို့တော်သာယာလှပမှုကို အဟန့်အတားဖြစ်စေမယ့် စည်းကမ်းမဲ့ ကြော်ငြာတွေကိုလည်း အရေးယူသွားမှာဖြစ်ပြီး သတ်မှတ်စည်းကမ်းများကို ဖောက်ဖျက်သည့် ကြော်ငြာလုပ်ငန်းရှင်များကိုလည်း လိုင်စင်ပိတ်သိမ်းသွားမည်ဟု သိရပါတယ်။

Ref: moi, padamyarfm


Read 250 times
Rate :
(21 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.