Tuesday, 21 January 2020 16:08

82653966 2530784673642653 6508018992777527296 n

မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕ နယ္ ၇၈ လမ္းႏွင့္ ၃၄ လမ္းေထာင့္ရွိ ရတနာပုံေဈး ပထမထပ္မီးေလာင္မႈအား လက္ရွိအခ်ိန္တြင္ မီးျငႇိမ္းသတ္နိုင္ခဲ့ၿပီးျဖစ္၍ အျမန္ဆုံးျပန္လည္ဖြင့္လွစ္နိုင္ရန္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း မႏၲေလးတိုင္းေဒသႀကီးေခတၱဝန္ႀကီးခ်ဳပ္ ဦးဇာနည္ေအာင္က ေဈးသူေဈးသားမ်ားႏွင့္ ေတြ႕ဆုံေျပာၾကားခဲ့သည္။

ရတနာပုံေဈးႀကီး၌ ဇန္နဝါရီ ၁၇ ရက္ ညေန ၆ နာရီ ၁ဝ မိနစ္မွ စတင္၍မီးေလာင္မႈျဖစ္ပြားခဲ့ရာ ဇန္န ဝါရီ ၁၈ ရက္ နံနက္ ၂ နာရီ ၂ မိနစ္၌ မီးထိန္းနိုင္ခဲ့ၿပီး နံနက္ ၅ နာရီေက်ာ္တြင္ အၿပီးသတ္ျငႇိမ္းသတ္နိုင္ခဲ့သည္။ ဇန္နဝါရီ ၁၈ ရက္ မြန္းလြဲ ၁ နာရီမွစတင္၍ ညေန ၅ နာရီအထိ ေဈးဆိုင္ခန္းရွင္မ်ားအား ၎တို႔ဆိုင္ခန္းမ်ားကို ဝင္ေရာက္ၾကည့္ရွုခြင့္ျပဳခဲ့သည္။

Read More>>> mesc မွေခၚယူေနေသာ တင္ဒါမ်ား

"ရတနာပုံေဈးႀကီး အျမန္ဆုံးျပန္လည္ဖြင့္လွစ္နိုင္ေရးက ေဈးသူေဈးသားေတြရဲ့ဘဝျဖစ္ပါတယ္။ ဒါေၾကာင့္ အျမန္ဆုံးျပန္ဖြင့္နိုင္ေအာင္ ေဆာင္ရြက္မယ္။ မီးေဘးဒဏ္ေၾကာင့္ အေဆာက္အအုံရဲ့ ႀကံ့ခိုင္ေရးက်ဆင္း မသြားေအာင္ သက္ဆိုင္ရာအင္ဂ်င္နီယာအဖြဲ႕ေတြ အခုပဲလိုအပ္တာေတြ စတင္လုပ္ေဆာင္ေနပါတယ္။ တိုင္ေတြ၊ ထုပ္တန္းေတြနဲ႔ ၾကမ္းခင္းေတြမွာ အပူရွိန္ေတြရွိေနတဲ့အတြက္ အပူရွိန္က ျမင့္တက္ေနဆဲျဖစ္ပါတယ္။ ဒါေတြက ၾကာလာရင္ အေဆာက္အအုံရဲ့ ႀကံ့ခိုင္မႈကို ထိခိုက္ေစနိုင္လို႔ အင္ဂ်င္နီယာအဖြဲ႕ေတြ၊ မီးသတ္တပ္ဖြဲ႕ေတြက လိုအပ္တာေတြ ပူးေပါင္းၿပီးေဆာင္ရြက္ေနပါတယ္။ ဆိုင္ခန္းရွင္ေတြရဲ့ပစၥည္းေတြ မေပ်ာက္ေအာင္လည္း လုပ္ေဆာင္ေနပါတယ္ "ဟု မႏၲေလးတိုင္းေဒသႀကီး ေခတၱဝန္ႀကီးခ်ဳပ္ ဦးဇာနည္ေအာင္က ေျပာသည္။

မီးေလာင္သည့္အေနအထားမွာ ပထမထပ္တစ္ခုလုံးေလာင္ျခင္းျဖစ္ၿပီး က်န္အထပ္မ်ားမီးေလာင္ကၽြမ္းျခင္းမရွိဘဲ ပထမထပ္တြင္သာ အပူရွိန္ရွိေနသည္။ အပူရွိန္ေလၽွာ့ခ်နိုင္ေရးအတြက္ မီးသတ္တပ္ဖြဲ႕ကေဆာင္ရြက္ေနၿပီး ရွင္းလင္းေရးေကာ္မတီဖြဲ႕စည္းကာ အေရးႀကီးသည့္ပစၥည္းမ်ားသယ္ယူနိုင္ရန္ ေဆာင္ရြက္လ်က္ရွိသည္။

Read More>>> ေျပာင္းလဲလာမယ့္(၁၂)တန္းအတြက္ ေက်ာင္းသားနဲ႔မိဘမ်ား ဘာေတြျပင္ဆင္ထားသင့္လဲ

လုံျခဳံေရးအေနျဖင့္ တပ္မေတာ္၊ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕၊ လူမႈေရးအဖြဲ႕အစည္းမ်ား ပူးေပါင္း၍ အခ်ိန္ျပည့္ေဆာင္ရြက္လ်က္ရွိေၾကာင္း လုံျခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီး ေက်ာ္ေက်ာ္မင္းက ေျပာသည္။

လက္ရွိတြင္ ရတနာပုံေဈးရွိဆိုင္ခန္းရွင္မ်ားအနက္ မႏၱေလးရတနာပုံေဈး ဆိုင္ခန္းရွင္မ်ား၏ ပစၥည္းမ်ားကို ဇန္န ဝါရီ ၁၈ ရက္ မြန္းလြဲ ၁ နာရီမွ ညေန ၅ နာရီအတြင္း သယ္ယူခြင့္ျပဳခဲ့ၿပီး က်န္ေဈးသူေဈးသားမ်ား၏ ပစၥည္းမ်ားကို ဝင္ေရာက္ၾကည့္ရွုခြင့္ျပဳခဲ့ၿပီးျဖစ္သည္။

"ကၽြန္ေတာ္တို႔ ရတနာေမာလ္မွာ ဖြင့္တဲ့ဆိုင္ခန္းရွင္ေတြရဲ့ပစၥည္းေတြကိုေတာ့ ဒီေန႔မွာသယ္ယူခြင့္ေပးခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ဆိုင္ခန္းေတြနဲ႔ ပစၥည္းေတြ ပ်က္စီးဆုံးရွုံးမႈမရွိေပမယ့္ အခုအခ်ိန္အထိေတာ့ အထဲမွာ အရမ္းပူေနေသးတယ္။ ကၽြန္ေတာ္ အခုပစၥည္းေတြအားလုံးကို သယ္ယူနိုင္ခဲ့ပါတယ္။ အခုလိုသယ္ယူခြင့္ေပးတဲ့အတြက္လည္း တာဝန္ရွိသူအားလုံးကို ေက်းဇူးတင္ပါတယ္" ဟု မႏၱေလးရတနာပုံေဈးမွ ဟိန္းေလးေက်ာက္ မ်က္ရတနာ အေရာင္းဆိုင္ပိုင္ရွင္ ကိုဟိန္းေလးက ေျပာသည္။

Read More>>> အရိုးအေၾကာႏွင့္ အစာအိမ္အူလမ္းေၾကာင္းဆိုင္ရာ ေဝဒနာရွင္မ်ားအား အခမဲ့စမ္းသပ္ကုသေပးမည္

မီးေလာင္မွုျဖစ္ပြားခဲ့သည့္ ရတနာပုံေဈး Sky Walk မီးေလာင္မႈတြင္ မႏၲေလးၿမိဳ႕ေပၚမီးသတ္စခန္းမ်ားမွ မီးသတ္ယာဥ္ ၈၂ စီး၊ ေရသယ္ယာဥ္အစီး ၅ဝ၊ မီးသတ္စက္ယာဥ္ ၁၄ စီး၊ အေထာက္အကူျပဳယာဥ္ ၂၁ စီး၊ အုပ္ခ်ဳပ္မႈယာဥ္ ေလးစီး၊ အထပ္ျမင့္မီးသတ္ယာဥ္ ခုနစ္စီး၊ ျပင္ဦးလြင္ၿမိဳ႕နယ္မီးသတ္စခန္းမွ မီးသတ္ယာဥ္ ေလးစီး၊ ေရသယ္ယာဥ္ သုံးစီး၊ ေက်ာက္ဆည္ၿမိဳ႕နယ္ မီးသတ္စခန္းမွ မီးသတ္ယာဥ္ တစ္စီး၊ ေရသယ္ယာဥ္ ခုနစ္စီး၊ စစ္ကိုင္းၿမိဳ႕နယ္ မီးသတ္စခန္းမွ မီးသတ္ယာဥ္တစ္စီး၊ ေရသယ္ယာဥ္ႏွစ္စီး၊ ဗဟိုမီးသတ္သင္တန္းေက်ာင္းမွ မီးသတ္ယာဥ္ ႏွစ္စီး၊ အုပ္ခ်ဳပ္မႈယာဥ္ ေလးစီး၊ အသက္ရွူကိရိယာ အလုံး ၅ဝ၊ မီးခိုးမႈတ္စက္ ေျခာက္လုံး၊ Engine Cutter ၁ဝ လုံး၊ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီမွ ေရသယ္ယာဥ္ ၁ဝ စီး၊ ေျမတူးစက္ ေလးစီး၊ မီးသတ္ ၂၅ဝ၊ အရန္မီးသတ္ ၅ဝဝ၊ စည္ပင္ဝန္ထမ္း ၅ဝ၊ တပ္မေတာ္သား ၂၃ဝ ႏွင့္ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ဝင္ ၂၅ဝ တို႔ျဖင့္ ပူးေပါင္းျငိွမ္းသတ္နိုင္ခဲ့ၿပီး မီးေလာင္မႈအေၾကာင္းရင္းႏွင့္ ဆုံးရွုံးမႈတန္ဖိုးကို စိစစ္စုံစမ္းဆဲျဖစ္ေၾကာင္း ျမန္မာနိုင္ငံမီးသတ္တပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။

Ref: MOI,Internet,facebook

### Unicode

၁၁ နာရီနီးပါး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် မန္တလေးရတနာပုံဈေးကို အမြန်ဆုံး ပြန်ဖွင့်နိုင်ရန် ဆောင်ရွက်မည်

မန္တလေးမြို့ ချမ်းအေးသာစံမြို့ နယ် ရ၈ လမ်းနှင့် ၃၄ လမ်းထောင့်ရှိ ရတနာပုံဈေး ပထမထပ်မီးလောင်မှုအား လက်ရှိအချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီးဖြစ်၍ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ဈေးသူဈေးသားများနှင့် တွေ့ဆုံပြောကြားခဲ့သည်။

ရတနာပုံဈေးကြီး၌ ဇန်နဝါရီ ၁၇ ရက် ညနေ ၆ နာရီ ၁ဝ မိနစ်မှ စတင်၍မီးလောင်မှုဖြစ်ပွားခဲ့ရာ ဇန်န ဝါရီ ၁၈ ရက် နံနက် ၂ နာရီ ၂ မိနစ်၌ မီးထိန်းနိုင်ခဲ့ပြီး နံနက် ၅ နာရီကျော်တွင် အပြီးသတ်ငြှိမ်းသတ်နိုင်ခဲ့သည်။ ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၁ နာရီမှစတင်၍ ညနေ ၅ နာရီအထိ ဈေးဆိုင်ခန်းရှင်များအား ၎င်းတို့ဆိုင်ခန်းများကို ဝင်ရောက်ကြည့်ရှုခွင့်ပြုခဲ့သည်။

"ရတနာပုံဈေးကြီး အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးက ဈေးသူဈေးသားတွေရဲ့ဘဝဖြစ်ပါတယ်။ ဒါကြောင့် အမြန်ဆုံးပြန်ဖွင့်နိုင်အောင် ဆောင်ရွက်မယ်။ မီးဘေးဒဏ်ကြောင့် အဆောက်အအုံရဲ့ ကြံ့ခိုင်ရေးကျဆင်း မသွားအောင် သက်ဆိုင်ရာအင်ဂျင်နီယာအဖွဲ့တွေ အခုပဲလိုအပ်တာတွေ စတင်လုပ်ဆောင်နေပါတယ်။ တိုင်တွေ၊ ထုပ်တန်းတွေနဲ့ ကြမ်းခင်းတွေမှာ အပူရှိန်တွေရှိနေတဲ့အတွက် အပူရှိန်က မြင့်တက်နေဆဲဖြစ်ပါတယ်။ ဒါတွေက ကြာလာရင် အဆောက်အအုံရဲ့ ကြံ့ခိုင်မှုကို ထိခိုက်စေနိုင်လို့ အင်ဂျင်နီယာအဖွဲ့တွေ၊ မီးသတ်တပ်ဖွဲ့တွေက လိုအပ်တာတွေ ပူးပေါင်းပြီးဆောင်ရွက်နေပါတယ်။ ဆိုင်ခန်းရှင်တွေရဲ့ပစ္စည်းတွေ မပျောက်အောင်လည်း လုပ်ဆောင်နေပါတယ် "ဟု မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။

မီးလောင်သည့်အနေအထားမှာ ပထမထပ်တစ်ခုလုံးလောင်ခြင်းဖြစ်ပြီး ကျန်အထပ်များမီးလောင်ကျွမ်းခြင်းမရှိဘဲ ပထမထပ်တွင်သာ အပူရှိန်ရှိနေသည်။ အပူရှိန်လျှော့ချနိုင်ရေးအတွက် မီးသတ်တပ်ဖွဲ့ကဆောင်ရွက်နေပြီး ရှင်းလင်းရေးကော်မတီဖွဲ့စည်းကာ အရေးကြီးသည့်ပစ္စည်းများသယ်ယူနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

လုံခြုံရေးအနေဖြင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ အချိန်ပြည့်ဆောင်ရွက်လျက်ရှိကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ပြောသည်။

လက်ရှိတွင် ရတနာပုံဈေးရှိဆိုင်ခန်းရှင်များအနက် မန္တလေးရတနာပုံဈေး ဆိုင်ခန်းရှင်များ၏ ပစ္စည်းများကို ဇန်န ဝါရီ ၁၈ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအတွင်း သယ်ယူခွင့်ပြုခဲ့ပြီး ကျန်ဈေးသူဈေးသားများ၏ ပစ္စည်းများကို ဝင်ရောက်ကြည့်ရှုခွင့်ပြုခဲ့ပြီးဖြစ်သည်။

"ကျွန်တော်တို့ ရတနာမောလ်မှာ ဖွင့်တဲ့ဆိုင်ခန်းရှင်တွေရဲ့ပစ္စည်းတွေကိုတော့ ဒီနေ့မှာသယ်ယူခွင့်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ဆိုင်ခန်းတွေနဲ့ ပစ္စည်းတွေ ပျက်စီးဆုံးရှုံးမှုမရှိပေမယ့် အခုအချိန်အထိတော့ အထဲမှာ အရမ်းပူနေသေးတယ်။ ကျွန်တော် အခုပစ္စည်းတွေအားလုံးကို သယ်ယူနိုင်ခဲ့ပါတယ်။ အခုလိုသယ်ယူခွင့်ပေးတဲ့အတွက်လည်း တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါတယ်" ဟု မန္တလေးရတနာပုံဈေးမှ ဟိန်းလေးကျောက် မျက်ရတနာ အရောင်းဆိုင်ပိုင်ရှင် ကိုဟိန်းလေးက ပြောသည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့် ရတနာပုံဈေး Sky Walk မီးလောင်မှုတွင် မန္တလေးမြို့ပေါ်မီးသတ်စခန်းများမှ မီးသတ်ယာဉ် ၈၂ စီး၊ ရေသယ်ယာဉ်အစီး ၅ဝ၊ မီးသတ်စက်ယာဉ် ၁၄ စီး၊ အထောက်အကူပြုယာဉ် ၂၁ စီး၊ အုပ်ချုပ်မှုယာဉ် လေးစီး၊ အထပ်မြင့်မီးသတ်ယာဉ် ခုနစ်စီး၊ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် လေးစီး၊ ရေသယ်ယာဉ် သုံးစီး၊ ကျောက်ဆည်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် ခုနစ်စီး၊ စစ်ကိုင်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်နှစ်စီး၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ မီးသတ်ယာဉ် နှစ်စီး၊ အုပ်ချုပ်မှုယာဉ် လေးစီး၊ အသက်ရှူကိရိယာ အလုံး ၅ဝ၊ မီးခိုးမှုတ်စက် ခြောက်လုံး၊ Engine Cutter ၁ဝ လုံး၊ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ ရေသယ်ယာဉ် ၁ဝ စီး၊ မြေတူးစက် လေးစီး၊ မီးသတ် ၂၅ဝ၊ အရန်မီးသတ် ၅ဝဝ၊ စည်ပင်ဝန်ထမ်း ၅ဝ၊ တပ်မတော်သား ၂၃ဝ နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၂၅ဝ တို့ဖြင့် ပူးပေါင်းငြိှမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုအကြောင်းရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးကို စိစစ်စုံစမ်းဆဲဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Ref: MOI,Internet,facebook


Read 249 times Last modified on Tuesday, 21 January 2020 17:42
Rate :
(13 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.