Tuesday, 21 January 2020 14:23

Alotawpyae

မိတၳီလာၿမိဳ႕နယ္ ေညာင္ကုန္းေက်းရြာရွိ အလိုေတာ္ျပည့္ေက်ာင္းတိုက္တြင္ မိတၳီလာႏွင့္ အနယ္နယ္အရပ္ရပ္မွ အရိုးအေၾကာႏွင့္ အစာအိမ္အူလမ္းေၾကာင္းဆိုင္ရာ ေဝဒနာရွင္မ်ားအား ထိုင္းနိုင္ငံ ပီရာဗိတ္ေဆး႐ုံႀကီးမွ ဆရာဝန္ႀကီးႏွစ္ဦးက သုံးရက္တိုင္ အခမဲ့စမ္းသပ္ကုသေပးသြားမည္ျဖစ္ေၾကာင္း သိရပါတယ္။

"ေဆးကုသမႈခံယူဖို႔ စာရင္းေပးသြင္းနိုင္တယ္လို႔ ဖိတ္ေခၚထားၿပီး လက္ရွိလာေရာက္ကုသမႈခံယူဖို႔ စာရင္းေပးသြင္းထားတဲ့ ေဝဒနာရွင္ ၃ဝဝ ေက်ာ္ရွိပါၿပီ။ ဆက္လက္ၿပီး စာရင္းေပးသြင္းတဲ့ ေဝဒနာရွင္ေတြကိုလည္း လက္ခံၿပီးေတာ့ အခမဲ့စမ္းသပ္ကုသေပးသြားမွာျဖစ္ပါတယ္”ဟု အဆိုပါ အခမဲ့ေဆးကုသေရး အစီအစဥ္ကို ဦးစီးေဆာင္ရြက္သည့္ မိတၳီလာၿမိဳ႕နယ္ ေညာင္ကုန္းေက်းရြာ အလိုေတာ္ျပည့္ေက်ာင္းတိုက္ ဦးစီးပဓာန နာယကဆရာေတာ္ ဘဒၵႏၲပညာသာရ ( နယ္လွည့္ဓမၼကထိက၊ ကမၼ႒ာနာစရိယ)က မိန္႔ၾကားထားပါတယ္။

Read More>>> အိမ္ပိုင္မရွိသည့္ အၿငိမ္းစားဝန္ထမ္းမ်ားအေနျဖင့္ အငွားအိမ္ရာမ်ား ေလွ်ာက္ထားႏိုင္

မိတၳီလာၿမိဳ႕နယ္ အလိုေတာ္ျပည့္ေက်ာင္းတိုက္တြင္ အရိုးအေၾကာႏွင့္ အစာအိမ္အူလမ္းေၾကာင္းဆိုင္ရာ ေဝဒနာရွင္မ်ားအား အခမဲ့လာေရာက္ေဆးကုသမႈခံယူရန္ စာရင္းေပးသြင္းထားသူမ်ားထဲတြင္ မိတၳီလာေဒသခံမ်ားသာမက မလွိုင္၊ ဝမ္းတြင္း၊ သာစည္၊ ရမည္းသင္း၊ ေတာင္သာ၊ ျမင္းၿခံ၊ ေက်ာက္ပန္းေတာင္း၊ေပ်ာ္ဘြယ္၊ ရန္ကုန္ စသည့္အနယ္နယ္အရပ္ရပ္မွ ေဝဒနာရွင္မ်ားပါရွိၿပီး ဇန္န ဝါရီ ၂၁ ရက္မွ ၂၃ ရက္အထိ သုံးရက္တိုင္ အခမဲ့ စမ္းသပ္ကုသေပးသြားမည္ျဖစ္ေၾကာင္း သိရပါတယ္။

ေဆးကုသမႈခံယူရန္ စာရင္းေပးသြင္းလိုသူမ်ားအေနျဖင့္ ကုသမႈခံယူလိုသည့္ ေရာဂါေဝဒနာအေၾကာင္းကိုေျပာျပ၍ အလိုေတာ္ျပည့္ေက်ာင္းတိုက္ ( မိတၳီလာၿမိဳ႕ ) ဆရာေတာ္ ဖုန္းနံပါတ္ ၀၉-၄၄၄၀၁၃၇၇၂သို႔ ဆက္သြယ္စာရင္းေပးသြင္းနိုင္ေၾကာင္း သိရပါတယ္။

Read More>>> ONLINE မွတစ္ဆင့္ အိမ္သုံးမီတာ ၊ ပါဝါမီတာ၊ ထရန္စေဖာ္မာမ်ား ေလၽွာက္ထားနိုင္ေတာ့မည္

Ref: MOI

### Unicode

အရိုးအကြောနှင့် အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ဝေဒနာရှင်များအား အခမဲ့စမ်းသပ်ကုသပေးမည်

မိတ္ထီလာမြို့နယ် ညောင်ကုန်းကျေးရွာရှိ အလိုတော်ပြည့်ကျောင်းတိုက်တွင် မိတ္ထီလာနှင့် အနယ်နယ်အရပ်ရပ်မှ အရိုးအကြောနှင့် အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ဝေဒနာရှင်များအား ထိုင်းနိုင်ငံ ပီရာဗိတ်ဆေးရုံကြီးမှ ဆရာဝန်ကြီးနှစ်ဦးက သုံးရက်တိုင် အခမဲ့စမ်းသပ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

"ဆေးကုသမှုခံယူဖို့ စာရင်းပေးသွင်းနိုင်တယ်လို့ ဖိတ်ခေါ်ထားပြီး လက်ရှိလာရောက်ကုသမှုခံယူဖို့ စာရင်းပေးသွင်းထားတဲ့ ဝေဒနာရှင် ၃ဝဝ ကျော်ရှိပါပြီ။ ဆက်လက်ပြီး စာရင်းပေးသွင်းတဲ့ ဝေဒနာရှင်တွေကိုလည်း လက်ခံပြီးတော့ အခမဲ့စမ်းသပ်ကုသပေးသွားမှာဖြစ်ပါတယ်”ဟု အဆိုပါ အခမဲ့ဆေးကုသရေး အစီအစဉ်ကို ဦးစီးဆောင်ရွက်သည့် မိတ္ထီလာမြို့နယ် ညောင်ကုန်းကျေးရွာ အလိုတော်ပြည့်ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တပညာသာရ ( နယ်လှည့်ဓမ္မကထိက၊ ကမ္မဋ္ဌာနာစရိယ)က မိန့်ကြားထားပါတယ်။

မိတ္ထီလာမြို့နယ် အလိုတော်ပြည့်ကျောင်းတိုက်တွင် အရိုးအကြောနှင့် အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ဝေဒနာရှင်များအား အခမဲ့လာရောက်ဆေးကုသမှုခံယူရန် စာရင်းပေးသွင်းထားသူများထဲတွင် မိတ္ထီလာဒေသခံများသာမက မလှိုင်၊ ဝမ်းတွင်း၊ သာစည်၊ ရမည်းသင်း၊ တောင်သာ၊ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ပျော်ဘွယ်၊ ရန်ကုန် စသည့်အနယ်နယ်အရပ်ရပ်မှ ဝေဒနာရှင်များပါရှိပြီး ဇန်န ဝါရီ ၂၁ ရက်မှ ၂၃ ရက်အထိ သုံးရက်တိုင် အခမဲ့ စမ်းသပ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

ဆေးကုသမှုခံယူရန် စာရင်းပေးသွင်းလိုသူများအနေဖြင့် ကုသမှုခံယူလိုသည့် ရောဂါဝေဒနာအကြောင်းကိုပြောပြ၍ အလိုတော်ပြည့်ကျောင်းတိုက် ( မိတ္ထီလာမြို့ ) ဆရာတော် ဖုန်းနံပါတ် ၀၉-၄၄၄၀၁၃၇၇၂သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရပါတယ်။

Ref: MOI


Read 202 times
Rate :
(10 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.