Tuesday, 21 January 2020 11:24

pareja-joven-plantando-arbol_28283-620_1.jpg

မိမိအိမ္တြင္းမွာ အပင္ေလးေတြစိုက္ထားေပမယ့္ ပိုးေတြက်ေနလို႔စိတ္ညစ္ေနရတယ္၊ ေပါင္းသတ္ေဆးသံုးျပန္ရင္လည္း အပင္ေလးေတြ ေသသြားမွာေၾကာက္ေနရတဲ့ သူေတြရွိပါတယ္။ အိမ္တြင္းအပင္ေလးေတြအတြက္ ဓါတုပိုးသတ္ေဆးေတြကို သံုးစြဲမယ္ဆုိရင္ ေျမဆီျသဇာကို ခမ္းေျခာက္ေစၿပီး အပင္ေလးေတြကိုလဲ ထိခုိက္ေစပါတယ္။ ဒါေၾကာင့္ သဘာဝပစၥည္းေတြနဲ႔ျပဳလုပ္လို႔ရတဲ့ အိမ္တြင္းေပါင္းသတ္ေဆးလုပ္နည္းေတြကို ေဖာ္ျပေပးလုိက္ပါတယ္။

၁။ ရွာလကာရည္၊ ဆားခါးႏွင့္ ပန္ကန္ေဆးဆပ္ျပာ

ရွာလကာရည္ကို စူပါမားကတ္မ်ား၊ စတိုးဆိုင္မ်ားမွာ အလြယ္တကူရရွိႏိုင္ပါတယ္။ ရွာလကာရည္ဟာ အက္ဆစ္တစ္အက္ဆစ္ (၅) ရာခိုင္ႏႈန္း ပါဝင္ေသာ အက္စစ္ တစ္မ်ိဳးျဖစ္ပါတယ္။ ဒါေၾကာင့္ ရွာလကာရည္(၁)ဂါလံ၊ ဆားခါး(၂၅)က်ပ္သား၊ ပန္ကန္ေဆး ဆပ္ျပာရည္(၂)ဇြန္းကို အခ်ိဳးက်ေရာစပ္ကာ ေပါင္းသတ္ေဆး အျဖစ္အသံုးျပဳမယ္ဆိုရင္ ေပါင္းအမ်ားစုကို ေသေစႏိုင္ပါတယ္။ သူ႔ကို ဖ်န္းပက္ေတာ့မယ္ဆုိရင္ သူရဲ႕ေရေငြ႕ကို မရွုမိဖုိ႔ေတာ့ အေရးႀကီးပါတယ္။ ေျမႀကီးႏွင့္ကပ္၍ ပက္ဖ်န္းေပးဖို႔လ္ိုပါတယ္။ နံနက္ပိုင္းအခ်ိန္ဖ်န္းေပးတာ ပိုေကာင္းပါတယ္။ တျခားေသာအပင္မ်ားကို မထိေတြ႕ေစရန္ ဂ႐ုတစိုက္ဖ်န္းဖို႔ေတာ့ လိုပါတယ္။

၂။ Borax (လက္ခ်ား)

လက္ခ်ား (၂၀) ေအာင္စကို ေရ (၅) ဂါလံျဖင့္ ေရာစပ္ကာ သဘာဝေပါင္းသတ္ေဆးအျဖစ္ အလြယ္တကူပက္ဖ်န္းႏိုင္ပါတယ္။

၃။ ဆားၾကမ္းႏွင့္ရွာလကာရည္

ဆားၾကမ္းႏွင့္ရွာလကာရည္ကို ေရာစပ္ကာ ဖ်န္းေပးျခင္းျဖင့္လဲ ေပါင္းမ်ားကို ေသေစႏိုင္ပါတယ္။ ရွာလကာရည္ (၁) ဂါလံကို ဆား (၁) ခြက္ျဖင့္ ေရာစပ္၍ ေပါင္းမ်ားေသသည္အထိ ပတ္ဖ်န္းေပးပါ။ အဝတ္ေလွ်ာ္ ဆပ္ျပာရည္အနည္းငယ္ ေရာစပ္၍ ပတ္ဖ်န္းျခင္းျဖင့္ ပိုမိုသက္ေရာက္မႈအား ေကာင္းေစပါတယ္။ တျခားအပင္မ်ားနဲ႔ မထိေတြ႕ေစရန္ ဂ႐ုစိုက္ေပးဖို႔ေတာ့လိုပါတယ္။

Read More>>>ဝယ္လာတဲ့ နွင္းဆီပန္းပြင့္ကို အပင္သစ္ေလးအျဖစ္ စိုက္ပ်ိဳးႏုိင္တဲ့နည္းလမ္း(၃)သြယ္

၄။ ေျမဖုံးေပးျခင္း 

ေပါင္းပင္ေတြ ေသေစနိုင္မယ့္ေနာက္ထပ္နည္းလမ္းေကာင္း ေလးလဲရွိပါေသးတယ္။ အဲ့ဒါကေတာ့ စိုက္ပ်ိဳးရာမွာ ပလက္စတစ္၊ ေကာက္႐ိုးေဆြး၊ သစ္႐ြက္ေဆြး နဲ့ ဖုံးအုပ္စိုက္ပ်ိဳးျခင္းဟာ ေနေရာင္ျခည္နဲ့ ေပါင္းေစ့မ်ားကို တိုက္႐ိုက္မထိေတြ႕ေစတာေၾကာင့္ ေပါင္းပင္ေပါက္ေရာက္မႈကို သိသိသာသာေလ်ာ့က်ေစပါတယ္။ ေနာက္ျပီး ေျမဖုံးစိုက္ပ်ိဳးျခင္းဟာ ေျမဆီၾသဇာထက္သန္ေစရန္ အပင္ျကြင္းအပင္က်န္မ်ားရဲ့ ေဆြးေျမ့အပိုင္းအဆမ်ားကို ေခ်ဖ်က္ေပးျခင္းတဲ့အျပင္ အစိုဓာတ္ကိုလည္း ထိန္းသိမ္းေပးပါတယ္။

အိမ္တြင္းမွာဘဲ အလြယ္တကူ့ျပဳလုပ္နိုင္ျပီး ေငြကုန္ေၾကးက် သက္သာေစမယ့္ သဘာဝေပါင္းသတ္ေဆးေတြအေၾကာင္းကို ေဖာ္ျပေပးလုိက္ပါတယ္။

Source; Sarbuutaung

Unicode

မိမိအိမ်တွင်းမှာ အပင်လေးတွေစိုက်ထားပေမယ့် ပိုးတွေကျနေလို့စိတ်ည်စနေရတယ်၊ ပေါင်းသတ်ဆေးသုံးပြန်ရင်လည်း အပင်လေးတွေ သေသွားမှာကြောက်နေရတဲ့ သူတွေရှိပါတယ်။ အိမ်တွင်းအပင်လေးတွေအတွက် ဓါတုပိုးသတ်ဆေးတွေကို သုံးစွဲမယ်ဆိုရင် မြေဆီသြဇာကို ခမ်းခြောက်စေပြီး အပင်လေးတွေကိုလဲ ထိခိုက်စေပါတယ်။ ဒါကြောင့် သဘာဝပစ္စည်းတွေနဲ့ပြုလုပ်လို့ရတဲ့ အိမ်တွင်းပေါင်းသတ်ဆေးလုပ်နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ရှာလကာရည်၊ ဆားခါးနှင့် ပန်ကန်ဆေးဆပ်ပြာ

ရှာလကာရည်ကို စူပါမားကတ်များ၊ စတိုးဆိုင်များမှာ အလွယ်တကူရရှိနိုင်ပါတယ်။ ရှာလကာရည်ဟာ အက်ဆစ်တစ်အက်ဆစ် (၅) ရာခိုင်နှုန်း ပါဝင်သော အက်စစ် တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် ရှာလကာရည်(၁)ဂါလံ၊ ဆားခါး(၂၅)ကျပ်သား၊ ပန်ကန်ဆေး ဆပ်ပြာရည်(၂)ဇွန်းကို အချိုးကျရောစပ်ကာ ပေါင်းသတ်ဆေး အဖြစ်အသုံးပြုမယ်ဆိုရင် ပေါင်းအများစုကို သေစေနိုင်ပါတယ်။ သူ့ကို ဖျန်းပက်တော့မယ်ဆိုရင် သူရဲ့ရေငွေ့ကို မရှုမိဖို့တော့ အရေးကြီးပါတယ်။ မြေကြီးနှင့်ကပ်၍ ပက်ဖျန်းပေးဖို့လိုပါတယ်။ နံနက်ပိုင်းအချိန်ဖျန်းပေးတာ ပိုကောင်းပါတယ်။ တခြားသောအပင်များကို မထိတွေ့စေရန် ဂရုတစိုက်ဖျန်းဖို့တော့ လိုပါတယ်။

၂။ Borax (လက်ချား)

လက်ချား (၂၀) အောင်စကို ရေ (၅) ဂါလံဖြင့် ရောစပ်ကာ သဘာဝပေါင်းသတ်ဆေးအဖြစ် အလွယ်တကူပက်ဖျန်းနိုင်ပါတယ်။

၃။ ဆားကြမ်းနှင့်ရှာလကာရည်

ဆားကြမ်းနှင့်ရှာလကာရည်ကို ရောစပ်ကာ ဖျန်းပေးခြင်းဖြင့်လဲ ပေါင်းများကို သေစေနိုင်ပါတယ်။ ရှာလကာရည် (၁) ဂါလံကို ဆား (၁) ခွက်ဖြင့် ရောစပ်၍ ပေါင်းများသေသည်အထိ ပတ်ဖျန်းပေးပါ။ အဝတ်လျှော် ဆပ်ပြာရည်အနည်းငယ် ရောစပ်၍ ပတ်ဖျန်းခြင်းဖြင့် ပိုမိုသက်ရောက်မှုအား ကောင်းစေပါတယ်။ တခြားအပင်များနဲ့ မထိတွေ့စေရန် ဂရုစိုက်ပေးဖို့တော့လိုပါတယ်။

၄။ မြေဖုံးပေးခြင်း

ပေါင်းပင်တွေ သေစေနိုင်မယ့်နောက်ထပ်နည်းလမ်းကောင်း လေးလဲရှိပါသေးတယ်။ အဲ့ဒါကတော့ စိုက်ပျိုးရာမှာ ပလက်စတစ်၊ ကောက်ရိုးဆွေး၊ သစ်ရွက်ဆွေး နဲ့ ဖုံးအုပ်စိုက်ပျိုးခြင်းဟာ နေရောင်ခြည်နဲ့ ပေါင်းစေ့များကို တိုက်ရိုက်မထိတွေ့စေတာကြောင့် ပေါင်းပင်ပေါက်ရောက်မှုကို သိသိသာသာလျော့ကျစေပါတယ်။ နောက်ပြီး မြေဖုံးစိုက်ပျိုးခြင်းဟာ မြေဆီသြဇာထက်သန်စေရန် အပင်ကြွင်းအပင်ကျန်များရဲ့ ဆွေးမြေ့အပိုင်းအဆများကို ချေဖျက်ပေးခြင်းတဲ့အပြင် အစိုဓာတ်ကိုလည်း ထိန်းသိမ်းပေးပါတယ်။

အိမ်တွင်းမှာဘဲ အလွယ်တကူ့ပြုလုပ်နိုင်ပြီး ငွေကုန်ကြေးကျ သက်သာစေမယ့် သဘာဝပေါင်းသတ်ဆေးတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

Source; Sarbuutaung


Read 321 times Last modified on Tuesday, 21 January 2020 11:53
Rate :
(4 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.