Monday, 20 January 2020 17:29

couple.jpg

မိသားစုလိုက်ခရီးထွက်တာနဲ့ ချစ်သူရည်းစားတွေ ခရီးထွက်တာခြင်းဟာ ခံစားမှုကွဲပြားပါတယ်။ ချစ်သူနဲ့ ခရီးထွက်မယ်ဆိုရင် နှစ်ယောက်ထဲအေးအေးဆေးဆေး လည်ပတ်နိုင်မယ့်နေရာ၊ Couple Photo လှလှလေးတွေရိုက်လို့ရနိုင်မယ့်နေရာ၊ စားသောက်ဆိုင်ဆိုရင်လဲ romantic ဆန်တဲ့ဆိုင်လေးတွေကို ရွေးချယ်လေ့ရှိကြပါတယ်။ ဒါကြောင့် ချစ်သူရည်းစားတွေ မန္တလေးမြို့ကို ခရီးထွက်တဲ့အခါ လည်ပတ်လို့ကောင်းမယ့် နေရာအချို့ကိုဖော်ပြပေးလိုက်ပါတယ်။

မဟာမြတ်မုနိဘုရားကြီး

 မဟာမြတ်မုနိဘုရားကြီးကတော့ မန္တလေးမြို့ကိုရောက်ရင် မဖြစ်မနေသွားရောက်ရမယ့် နေရာထဲက တစ်ခုပါပဲ။ ဒါကြောင့် စုံတွဲတွေအနေနဲ့ နံနက်စောစောလေးထပြီး မဟာမုနိဘုရားကြီးကို သွားရောက်ဖူးမြော်ပါ။ နံနက် ၄နာရီလောက် ထရင်တော့ အတော်ပါပဲ ဘုရားမျက်နှာသစ်တော်ရေ ကပ်ခွင့်လဲရတာပေါ့။

စားသောက်ဆိုင်

ချစ်သူစုံတွဲတွေအနေနဲ့ စောစောထပြီး ဘုရားဖူးပြီးပြီဆိုရင် သေချာပေါက် ဗိုက်ဆာလာမှာဖြစ်လို့ နံနက်စာဆိုင်ကို ရွေးချယ်ရတော့မှာပါ။ အဲဒီမှာရှမ်းခေါက်ဆွဲကြိုက်တတ်တဲ့သူတွေအတွက် " ရွှေမူဆယ်" ဝက်သားလုံး/ အမဲလုံးကို စားဖြစ်အောင် စားသွားသင့်ပါတယ်။ မန္တလေးရောက်တုန်းလေး မုန့်တီ၊ နန်းကြီးသုပ် စားချင်တယ်ဆိုရင်တော့ " စိုးစိုး " "ဒေါ်တော" "ရွှေရောင်လင်း" တို့မှာသွားရောက်ပြီး စားသင့်ပါတယ်နော်။ 

ရန်ကုန်နဲ့မတူတဲ့ အရသာတွေကိုစားရမှာဆိုတော့ ရင်ခုန်စရာလဲကောင်းပါတယ်။ ခိုတောင် မုန့်တီစားချင်ရင်တော့ အောင်တော်မူ ဘုရားနားက "ခိုတောင်သူလေး" "၂၉လမ်း မောင်ကိန်းရွှေဆိုင်နားက ခိုတောင်ဗန်းရွက်ဆိုင်" မှာ စားဖြစ်အောင်စားပါ။ လက်ဖက်ရည်ဆိုင် ထိုင်မယ်ဆို "Unique” “Generation “ ကတော့ romantic ဆန်ဆန်လေးနဲ့ ရှယ်ဖြစ်နေမှာပါ။

နေ့လည်ပိုင်းရောက်ရင်တော့ နေ့လည်စာကတော့ ရွေးမယ်ဆိုရင် မြန်မာ ထမင်းဟင်းမှ ကြိုက်တတ်တယ်ဆိုရင်တော့ "အေးမေတ္တာ" "ဒေါ်လေးမေ" "တူးတူး" "မင်္ဂလာပါ" "ဒေါင်းလန်းကြီး" ၊ ကချင်ဇကောထမင်းဆို "ယမုံနာ" တွေကတော့ ရှယ်ပါပဲ။ Europium food ဆို “ Cafe City” “ Coffee Korner” “Royal Mandalay “ တွေမှာ သွားစားလို့ရပါတယ်။

Korea စာကြိုက်တတ်ရင်တော့ “Korea Town” ၊ Japan စာဆို " Fuji” “Sushi House” “ရိုးရာ" Thai စာဆို "ထိုင်းမယ်အောင်" Hotpot ဆို "Fudo” “Hotpot Garden “ မာလာရှမ်းကော - "Spicy House” “သင်းပျံ့မွှေး" စတဲ့ဆိုင်တွေ က အရသာကောင်းတယ်လို့ ညွှန်းလိုက်ပါရစa။

ဦးပိန်မသွားပဲ နှစ်ကိုယ်တူချစ်စကားလေးတွေ ပြောဖို့ အေးအေးဆေးဆေး စကားပြောဖို့ရည်ရွယ်ထားရင်တော့ " Goffee- Coffee” “Cafe Nova” “Teapresso” “Next Station” “Milan” “Full House” “Chabuzz”ဆိုင်လေးတွေက အဆင်ပြေပါတယ်နော်။

ချစ်သူကောင်မလေးက ဒုတ်ထိုးကြိုက်တယ်ဆိုရင်တော့ - "တွတ်ပီ" "မြင့်လွင်"တို့ ဒုတ်ထိုးဆိုင်ကို လိုက်ပို့လိုက်ပို့သင့်ပါတယ်။ အကင်ဆို - ဝင်းဝင်း ၊ မိန်းထဲက အကင်ဆိုင်တန်း တွေက အရသာရှယ်ဘဲနော်။

Read More>>>စတိုင်ကျတဲ့ မိန်းကလေးဖြစ်ဖို့ ရှိတာလေးနဲ့ လှအောင်ဝတ်ကြမယ်

Couple ဓာတ်ပုံလေးတွေရိုက်ဖို့

မနက်စာစားပြီးရင်တော့ နေအရမ်းမပူခင် ကျုံးဘေးလေးမှာ နှစ်ယောက်အတူ လမ်းခဏလျှောက်ပြီး ဓာတ်ပုံလေးတွေရိုက်လို့ပါတယ်။ နန်းတွင်းထဲက မြနန်းစံကျော် ရွှေနန်းတော် ဆိုရင်လည်း တကယ့်ကို ဓာတ်ပုံရိုက်လို့ အကောင်းဆုံးနေရာပါပဲ။ အဲဒီကို သွားမယ်ဆိုရင်တော့ မှတ်ပုံတင်ယူသွားဖို့ မမေ့ပါနဲ့။ 

နန်းတွင်းမှာ ဓာတ်ပုံရိုက်လို့ဝပြီဆိုရင်တော့ နန်းတောင်ခြေက "ကုသိုလ်တော်" "စန္ဒာမုနိ" "ကျောက်တော်ကြီး" "သတ္တဌာန" "ရွှေကျောင်း" "အတုမရှိကျောင်း" ဘက်တွေ သွားလည် တနေရာနဲ့ တနေရာ နီးနီးလေးတွေဆိုတော့ တစ်ခါတည်းဆက်သွားလို့ ရပါတယ်။ နှစ်ယောက်အချိန်ရသေးတယ်ဆိုရင်တော့ မန်းလေးတောင်ပါတက်လို့ပါတယ်။ မန္တလေးရောက်တုန်း ရတနာပုံတက္ကသိုလ်ထဲကို သွားရောက်လည်ပတ်ပြီး အမှတ်တရ ဓာတ်ဖမ်းလို့လဲရသေးတယ်နော်။ 

လည်ပတ်စရာ

နေ့ခင်းဘက်အေးအေးဆေးဆေး နေရာမျိုးသွားချင်တယ်ဆိုရင်တော့ သွားသင့်တာက မင်္ဂလာမန္တလေး-New Ocean” မှာ Shopping ထွက် , ရုပ်ရှင်ကြည့်ပြီး ဗိုက်ပြန်ဆာရင် KFC , Lotteria တို့မှာ ကြက်ကြော်ဆွဲပြီး အအေးဆိုင်တေလည်းရှိပါတယ်။ လမ်းဘေးအအေးဆိုင်ဆို "ဖောင်တော်သီ" "လေပြေညင်း"ဆိုင်တွေကို ညွှန်းလိုက်ပါရစေနော် ။

ညနေစောင်း လည်ပတ်ချင်တယ်ဆိုရင်တော့ ညနေ sunset လေးကို "ဦးပိန်တံတား" မှာသွားကြည့်သင့်ပါတယ်။ လူမရှုပ်ရင်တော့ Romance ပဲနော်။ ငှက်လှေလဲ စီးလို့ရတယ်။ ဦးပိန်မှာ "သဇင်နွယ်" က အကြော်စုံ ၊ ဆိတ်သားထောင်း၊ ငါးဖယ်လုံးချဉ်စပ် ဟင်းရည် သောက်ပြီးရင် အုန်းရည်လေးသောက်လိုက်ယုံပါပဲ။

အခုဖော်ပြပေးခဲ့တာကတော့ ချစ်သူနှစ်ရောက်တဲ့ခရီးထွက်တဲ့အခါ ဘယ်သွားရမှန်း ရေရေရာရာ မသိပဲဖြစ်မနေရအောင် မန္တလေးမြို့က လည်ပတ်စရာတွေနဲ့ စားသောက်လို့ကောင်းမယ့်နေရာတွေပဲ ဖြစ်ပါတယ်။

Source : Siraveller - Let’s Travel with SiThu


Read 943 times Last modified on Monday, 20 January 2020 18:00
Rate :
(3 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.