Monday, 20 January 2020 17:35

Screenshot from 2020 01 20 14 08 44

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေနာင္ခ်ိဳၿမိဳ႕နယ္ ေနာင္ခ်ိဳႀကီးေက်းရြာအနီးရွိ ေနာင္ခ်ိဳတိမ္ပင္လယ္အလွအား ၾကည့္ရွုခံစားနိုင္ၾကရန္ႏွင့္ စိတ္မြန္းက်ပ္မွုမ်ား ေျပေပ်ာက္ေစရန္အတြက္ Cloudy Villa မွ အနားယူအပန္းေျဖတဲစခန္း (Glamping)မ်ားကို ဖြင့္လွစ္ထားပါတယ္။

အဆိုပါ တဲစခန္းမ်ား၌ ေနာင္ခ်ိဳတိမ္ပင္လယ္ ရႈေမွ်ာ္ခင္းအလွၾကည့္ခံစားနိုင္ရန္ လာေရာက္အပန္းေျဖအနားယူသူမ်ားျဖင့္ အထူးစည္ကားလ်က္ရွိေၾကာင္း သိရပါတယ္။

ၾကည့္ရွုခံစားသူပိုမိုမ်ားျပားလာ

"ေနာင္ခ်ိဳတိမ္ပင္လယ္ဆိုတာ အရင္ကတည္းက ျဖစ္ေပၚေနေပမယ့္ လူသိနည္းတဲ့အတြက္ လာေရာက္ၾကည့္ရွုသူမရွိခဲ့ပါဘူး။ အခုေနာက္ပိုင္းမွာေတာ့ နိုင္ငံျခားသားခရီးသြားဧည့္သည္မ်ားအျပင္ အနယ္နယ္အရပ္ရပ္က လာေရာက္လည္ပတ္ၾကတဲ့ တိမ္ပင္လယ္အလွကို ၾကည့္ရွုခံစားသူပိုမိုမ်ားျပားလာတာပါ။ ဒါေၾကာင့္ ခရီးသြားျပည္သူမ်ား ၾကည့္ရွုခံစားနိုင္ဖို႔အတြက္ ေတာင္ကုန္းေပၚမွာ အပန္းေျဖစခန္းမ်ားကို ဖြင့္လွစ္ေပးထားတဲ့အျပင္ ညအိပ္တည္းခိုနိုင္ေအာင္ပါ စီစဥ္ေပးထားပါတယ္။ ေနာက္ႏွစ္ဆိုရင္ တိမ္ပင္လယ္ေနရာကို ခရီးသြားေဒသတစ္ခု ေဖာ္ေဆာင္နိုင္ဖို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕က တရားဝင္ဖြင့္လွစ္ေပးေတာ့မွာျဖစ္တဲ့အတြက္ ေနာင္ႏွစ္မွာ ေတာတြင္းခရီးရွည္လမ္းေလၽွာက္အေပ်ာ္ခရီးစဥ္ (Trekking) အစီအစဥ္မ်ားကိုပါ စီစဥ္ေဆာင္ရြက္သြားမွာပါ” ဟု Cloudy Vila Camp မွ ကိုျပည့္စုံေအာင္က ေျပာၾကားထားပါတယ္။

Read More>>> ေခတ္သစ္အစည္းအေဝးေတြ မတိုင္မီ ဖတ္ထားရမယ့္ စည္းမ်ဥ္း ရွစ္ခ်က္စာအုပ္အပါအဝင္ အသစ္ထြက္ရွိလာေသာ စာအုပ္မ်ား

အဆိုပါ ေနာင္ခ်ိဳတိမ္ပင္လယ္ရွုခင္းအလွရွိရာ ေနာင္ခ်ိဳႀကီးရြာသို႔ မႏၱေလး-လာရႈိးလမ္းမွတစ္ဆင့္ ေနာင္ခ်ိဳ-ရပ္ေစာက္ကားလမ္းအတိုင္း တစ္နာရီခန္႔သြားရေၾကာင္း သိရပါတယ္။

တိမ္ပင္လယ္အလွကို ေတာင္ေစာင္းေနရာမွၾကည့္ရွုနိုင္ၿပီး ေဆာင္းတြင္းကာလတြင္ နံနက္ ၅ နာရီမွ ၉ နာရီ ခန္႔အထိ တိမ္ပင္လယ္အလွကို ျမင္ေတြ႕ရမွာျဖစ္ပါတယ္။

ညပိုင္းအခ်ိန္မ်ားတြင္လည္း သဘာဝအလင္းေရာင္ႏွင့္ ထိစပ္ေနသည့္ေကာင္းကင္၌ လင္းလက္ေနေသာ ၾကယ္စင္အလွကို အံ့ဩဖြယ္ရာ ျမင္ေတြ႕ရမွာလည္းျဖစ္ပါတယ္။

အနားယူအပန္းေျဖစခန္း ငါးခု

၂၀၁၉ ခု ႏွစ္စပိုင္းမွစတင္ၿပီး ေနာင္ခ်ိဳၿမိဳ႕၌ တိမ္ပင္လယ္ရွုေမၽွာ္ခင္း အလွခံစားနိုင္ေၾကာင္း လူသိမ်ားလာ၍ ယခုႏွစ္တြင္ တိမ္ပင္လယ္အလွရွုေမၽွာ္ခင္း ၾကည့္ရွုခံစားနိုင္သည့္ အနားယူအပန္းေျဖစခန္း ငါးခုရွိလာကာ အပန္းေၿဖ တဲစခန္းမ်ား ေဆာင္ရြက္ေပးထားျခင္းေၾကာင့္ ျပည္သူမ်ား စည္ကားလ်က္ရွိေၾကာင္း ေဒသခံမ်ားထံမွ သိရပါတယ္။

Read More>>> သဘာဝအတိုင္းလွပေနတဲ့ ျမန္မာျပည္က ေတာမ်ား

အပန္းေျဖအနားယူသင့္

ထို႔အျပင္ Cloudy Villa မွ တိမ္ပင္လယ္ရွုေမၽွာ္ခင္းအလွကို ၾကည့္ရွုခံစားနိုင္ေစရန္အတြက္ ျမင္ကြင္းအလွဓာတ္ပုံအျဖစ္ ေတာင္ဒရမ္းထိပ္ဝရန္တာ၊ ႀကိဳးဒန္း၊ ခ်ိတ္ဒန္း၊ အလွရိုက္ႀကိမ္ထိုင္ခုံႏွင့္ ငွက္သိုက္မ်ားအျပင္ see view အျဖစ္ ဝရန္တာတစ္ခုပါ ျပဳလုပ္ေပးထားေၾကာင္းသိရပါတယ္။

နယ္ေျမေဒသလုံျခဳံေအးခ်မ္းေသာေၾကာင့္ တိမ္ပင္လယ္အလွရွိရာေနရာသို႔ လာေရာက္လည္ပတ္ အပန္းေျဖအနားယူသင့္ေၾကာင္း သိရပါတယ္။

Read More>>> SIM Cards အသံုးျပဳသူမ်ားအတြက္ MOTC မွထုတ္ျပန္လိုက္ေသာ အသိေပးေၾကညာခ်က္မ်ား

Nilar Myot Win (Mandalay Directory)

Ref: MOI

### Unicode

နောင်ချိုတိမ်ပင်လယ်အလှအား ကြည့်ရှုခံစားနိုင်ကြရန် လာရောက်အပန်းဖြေအနားယူသူများဖြင့် အထူးစည်ကားလျက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် နောင်ချိုကြီးကျေးရွာအနီးရှိ နောင်ချိုတိမ်ပင်လယ်အလှအား ကြည့်ရှုခံစားနိုင်ကြရန်နှင့် စိတ်မွန်းကျပ်မှုများ ပြေပျောက်စေရန်အတွက် Cloudy Villa မှ အနားယူအပန်းဖြေတဲစခန်း (Glamping)များကို ဖွင့်လှစ်ထားပါတယ်။

အဆိုပါ တဲစခန်းများ၌ နောင်ချိုတိမ်ပင်လယ် ရှုမျှော်ခင်းအလှကြည့်ခံစားနိုင်ရန် လာရောက်အပန်းဖြေအနားယူသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရပါတယ်။

ကြည့်ရှုခံစားသူပိုမိုများပြားလာ

"နောင်ချိုတိမ်ပင်လယ်ဆိုတာ အရင်ကတည်းက ဖြစ်ပေါ်နေပေမယ့် လူသိနည်းတဲ့အတွက် လာရောက်ကြည့်ရှုသူမရှိခဲ့ပါဘူး။ အခုနောက်ပိုင်းမှာတော့ နိုင်ငံခြားသားခရီးသွားဧည့်သည်များအပြင် အနယ်နယ်အရပ်ရပ်က လာရောက်လည်ပတ်ကြတဲ့ တိမ်ပင်လယ်အလှကို ကြည့်ရှုခံစားသူပိုမိုများပြားလာတာပါ။ ဒါကြောင့် ခရီးသွားပြည်သူများ ကြည့်ရှုခံစားနိုင်ဖို့အတွက် တောင်ကုန်းပေါ်မှာ အပန်းဖြေစခန်းများကို ဖွင့်လှစ်ပေးထားတဲ့အပြင် ညအိပ်တည်းခိုနိုင်အောင်ပါ စီစဉ်ပေးထားပါတယ်။ နောက်နှစ်ဆိုရင် တိမ်ပင်လယ်နေရာကို ခရီးသွားဒေသတစ်ခု ဖော်ဆောင်နိုင်ဖို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က တရားဝင်ဖွင့်လှစ်ပေးတော့မှာဖြစ်တဲ့အတွက် နောင်နှစ်မှာ တောတွင်းခရီးရှည်လမ်းလျှောက်အပျော်ခရီးစဉ် (Trekking) အစီအစဉ်များကိုပါ စီစဉ်ဆောင်ရွက်သွားမှာပါ” ဟု Cloudy Vila Camp မှ ကိုပြည့်စုံအောင်က ပြောကြားထားပါတယ်။

အဆိုပါ နောင်ချိုတိမ်ပင်လယ်ရှုခင်းအလှရှိရာ နောင်ချိုကြီးရွာသို့ မန္တလေး-လာရှိုးလမ်းမှတစ်ဆင့် နောင်ချို-ရပ်စောက်ကားလမ်းအတိုင်း တစ်နာရီခန့်သွားရကြောင်း သိရပါတယ်။

တိမ်ပင်လယ်အလှကို တောင်စောင်းနေရာမှကြည့်ရှုနိုင်ပြီး ဆောင်းတွင်းကာလတွင် နံနက် ၅ နာရီမှ ၉ နာရီ ခန့်အထိ တိမ်ပင်လယ်အလှကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ညပိုင်းအချိန်များတွင်လည်း သဘာဝအလင်းရောင်နှင့် ထိစပ်နေသည့်ကောင်းကင်၌ လင်းလက်နေသော ကြယ်စင်အလှကို အံ့ဩဖွယ်ရာ မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။

အနားယူအပန်းဖြေစခန်း ငါးခု

၂၀၁၉ ခု နှစ်စပိုင်းမှစတင်ပြီး နောင်ချိုမြို့၌ တိမ်ပင်လယ်ရှုမျှော်ခင်း အလှခံစားနိုင်ကြောင်း လူသိများလာ၍ ယခုနှစ်တွင် တိမ်ပင်လယ်အလှရှုမျှော်ခင်း ကြည့်ရှုခံစားနိုင်သည့် အနားယူအပန်းဖြေစခန်း ငါးခုရှိလာကာ အပန်းဖြေ တဲစခန်းများ ဆောင်ရွက်ပေးထားခြင်းကြောင့် ပြည်သူများ စည်ကားလျက်ရှိကြောင်း ဒေသခံများထံမှ သိရပါတယ်။

အပန်းဖြေအနားယူသင့်

ထို့အပြင် Cloudy Villa မှ တိမ်ပင်လယ်ရှုမျှော်ခင်းအလှကို ကြည့်ရှုခံစားနိုင်စေရန်အတွက် မြင်ကွင်းအလှဓာတ်ပုံအဖြစ် တောင်ဒရမ်းထိပ်ဝရန်တာ၊ ကြိုးဒန်း၊ ချိတ်ဒန်း၊ အလှရိုက်ကြိမ်ထိုင်ခုံနှင့် ငှက်သိုက်များအပြင် see view အဖြစ် ဝရန်တာတစ်ခုပါ ပြုလုပ်ပေးထားကြောင်းသိရပါတယ်။

နယ်မြေဒေသလုံခြုံအေးချမ်းသောကြောင့် တိမ်ပင်လယ်အလှရှိရာနေရာသို့ လာရောက်လည်ပတ် အပန်းဖြေအနားယူသင့်ကြောင်း သိရပါတယ်။

Nilar Myot Win (Mandalay Directory)

Ref: MOI


Read 469 times
Rate :
(8 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.