Monday, 20 January 2020 14:46

naypyitaw

ေနျပည္ေတာ္ေကာင္စီနယ္ေျမ ဒကၡိဏသီရိၿမိဳ႕နယ္ ၿမိဳ႕ပတ္လမ္းႏွင့္ ရတနာမၪၨဴလမ္းၾကား၌ ေဆာက္လုပ္ထားေသာ အၿငိမ္းစားအငွားအိမ္ရာမ်ားတြင္ ေနထိုင္လိုသည့္ အၿငိမ္းစား၀န္ထမ္းမ်ားအေနျဖင့္ လာေရာက္ ေလွ်ာက္ထားႏိုင္ေၾကာင္း ဇန္န၀ါရီ ၁၈ ရက္တြင္ ေဆာက္လုပ္ေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္ထားေၾကာင္း သိရပါတယ္။

အဆိုပါအငွားအိမ္ရာမ်ား ေလွ်ာက္ထားရာတြင္ အၿငိမ္းစားယူၿပီးသည့္ အမႈထမ္း၊ ၀န္ထမ္းမ်ားအနက္ အိမ္ပိုင္မရွိသူ၊ ေနထုိင္စရာ အခက္အခဲရွိသူ၊ သတ္မွတ္ငွားရမ္းခကို ေပးေဆာင္ႏိုင္သည့္ လစာ၀င္ေငြ ရွိသူ၊ အၿငိမ္းစားလစာေငြနည္းပါးသူ (ဦးစီးအရာရွိေအာက္) အမႈထမ္းျဖစ္ရမည္ျဖစ္ေၾကာင္း သိရပါတယ္။

Read More>>> တိုင္းေဒႀကီးႏွင့္ ျပည္နယ္အခ်ိဳ႕တြင္ ေနရာကြက္က်ား မိုးရြာမည္

ဒါ့အျပင္ က်န္းမာေရးခ်ဳိ႕တဲ့သူႏွင့္ ေစာင့္ေရွာက္မည့္ ေဆြမ်ဳိးမရွိသူတို႔ကို ဦးစားေပးခ်ထားေပးမည္ျဖစ္ၿပီး အငွားခ်ထားျခင္းခံရသူႏွင့္ ၎၏ဇနီး၊ ခင္ပြန္းကြယ္လြန္ပါက အခန္းအား ျပန္လည္အပ္ႏွံရမည္ျဖစ္ေၾကာင္း သိရပါတယ္။

အငွားခ်ထားျခင္းခံရသူကိုယ္တိုင္ ေနထိုင္ျခင္းမရွိပါက အခန္းကိုျပန္လည္သိမ္းယူမည္ျဖစ္ၿပီး တစ္ႀကိမ္လွ်င္ ငါးႏွစ္သက္တမ္းျဖင့္ ငွားရမ္းေပးမည္ျဖစ္ကာ ငွားရမ္းခမ်ားကို ငါးႏွစ္တစ္ႀကိမ္ ျပန္လည္ျပင္ဆင္မည္ျဖစ္ေၾကာင္း သိရပါတယ္။

၂၀၁၉ ခုႏွစ္အတြင္း အၿငိမ္းစားယူခဲ့ၿပီးေသာ သို႔မဟုတ္ ၂၀၂၀ ျပည့္ႏွစ္အတြင္း အၿငိမ္းစားယူမည့္ အမႈထမ္းမ်ားအား ဦးစားေပးမည္ျဖစ္ၿပီး ေနျပည္ေတာ္တြင္ ကိုယ္ပိုင္ေနအိမ္ မရွိသည့္အျပင္ အေျခခ်ေနထိုင္လိုသူ ျဖစ္ရမည္ျဖစ္ေၾကာင္း၊ အၿငိမ္းစားယူၿပီးသည့္ သို႔မဟုတ္ အၿငိမ္းစား၀န္ထမ္း၏ လစာမွ ငွားရမ္းခ လစဥ္ျဖတ္ေတာက္ျခင္းကို လက္ခံေၾကာင္း ၀န္ခံကတိျပဳရမည္ျဖစ္ပါတယ္။

Read More>>> ျပည္တြင္းစက္သံုးဆီေစ်းႏႈန္းမ်ား ျပန္လည္က်ဆင္းလာ

အၿငိမ္းစားအငွားအိမ္ရာ ေလွ်ာက္ထားလိုသူမ်ားသည္ ေၾကညာခ်က္ပါ ေလွ်ာက္လႊာပံုစံတြင္ ျဖည့္စြက္ၿပီး ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာန ေဆာက္လုပ္ေရး၀န္ႀကီးဌာန ႐ံုးအမွတ္(၄၀) ေနျပည္ေတာ္သို႔ ဇန္န၀ါရီ ၃၁ ရက္ေန႔ ေနာက္ဆံုးထားၿပီး ေပးပို႔ရမည္ျဖစ္ေၾကာင္း သိရပါတယ္။

Ref:Myawaddy

### Unicode

အိမ်ပိုင်မရှိသည့် အငြိမ်းစားဝန်ထမ်းများအနေဖြင့် အငှားအိမ်ရာများ လျှောက်ထားနိုင်

နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် မြို့ပတ်လမ်းနှင့် ရတနာမ ဉ္ဇူလမ်းကြား၌ ဆောက်လုပ်ထားသော အငြိမ်းစားအငှားအိမ်ရာများတွင် နေထိုင်လိုသည့် အငြိမ်းစားဝန်ထမ်းများအနေဖြင့် လာရောက် လျှောက်ထားနိုင်ကြောင်း ဇန်နဝါရီ ၁၈ ရက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားကြောင်း သိရပါတယ်။

အဆိုပါအငှားအိမ်ရာများ လျှောက်ထားရာတွင် အငြိမ်းစားယူပြီးသည့် အမှုထမ်း၊ ၀န်ထမ်းများအနက် အိမ်ပိုင်မရှိသူ၊ နေထိုင်စရာ အခက်အခဲရှိသူ၊ သတ်မှတ်ငှားရမ်းခကို ပေးဆောင်နိုင်သည့် လစာဝင်ငွေ ရှိသူ၊ အငြိမ်းစားလစာငွေနည်းပါးသူ (ဦးစီးအရာရှိအောက်) အမှုထမ်းဖြစ်ရမည်ဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် ကျန်းမာရေးချို့တဲ့သူနှင့် စောင့်ရှောက်မည့် ဆွေမျိုးမရှိသူတို့ကို ဦးစားပေးချထားပေးမည်ဖြစ်ပြီး အငှားချထားခြင်းခံရသူနှင့် ၎င်း၏ဇနီး၊ ခင်ပွန်းကွယ်လွန်ပါက အခန်းအား ပြန်လည်အပ်နှံရမည်ဖြစ်ကြောင်း သိရပါတယ်။

အငှားချထားခြင်းခံရသူကိုယ်တိုင် နေထိုင်ခြင်းမရှိပါက အခန်းကိုပြန်လည်သိမ်းယူမည်ဖြစ်ပြီး တစ်ကြိမ်လျှင် ငါးနှစ်သက်တမ်းဖြင့် ငှားရမ်းပေးမည်ဖြစ်ကာ ငှားရမ်းခများကို ငါးနှစ်တစ်ကြိမ် ပြန်လည်ပြင်ဆင်မည်ဖြစ်ကြောင်း သိရပါတယ်။

၂၀၁၉ ခုနှစ်အတွင်း အငြိမ်းစားယူခဲ့ပြီးသော သို့မဟုတ် ၂၀၂၀ ပြည့်နှစ်အတွင်း အငြိမ်းစားယူမည့် အမှုထမ်းများအား ဦးစားပေးမည်ဖြစ်ပြီး နေပြည်တော်တွင် ကိုယ်ပိုင်နေအိမ် မရှိသည့်အပြင် အခြေချနေထိုင်လိုသူ ဖြစ်ရမည်ဖြစ်ကြောင်း၊ အငြိမ်းစားယူပြီးသည့် သို့မဟုတ် အငြိမ်းစားဝန်ထမ်း၏ လစာမှ ငှားရမ်းခ လစဉ်ဖြတ်တောက်ခြင်းကို လက်ခံကြောင်း ၀န်ခံကတိပြုရမည်ဖြစ်ပါတယ်။

အငြိမ်းစားအငှားအိမ်ရာ လျှောက်ထားလိုသူများသည် ကြေညာချက်ပါ လျှောက်လွှာပုံစံတွင် ဖြည့်စွက်ပြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၄၀) နေပြည်တော်သို့ ဇန်နဝါရီ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ရမည်ဖြစ်ကြောင်း သိရပါတယ်။

Ref:Myawaddy


Read 171 times
Rate :
(6 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.