Monday, 20 January 2020 13:50
3c7f7971f5341c6a4525_2.jpg
ဓါတ်ယတြာ
ထီနံပါတ် ( 84. 89. 83. )
ဓါတ်ယတြာ
ထီနံပါတ် ( 53. 58. 54. )
ဓါတ်ယတြာ
ထီနံပါတ် ( 63. 68. 69. )
ဓါတ်ယတြာ
ထီနံပါတ် ( 52. 57. 51. )
Read More>>>၅ရက်တိုင်တိုင် ကျင်းပသွားမယ့် မိတ္တီလာမြို့မှ “ အီလက်ထရွန်းနစ် လူသုံးကုန်နှင့် ကားပြပွဲကြီး “
ဓါတ်ယတြာ
ထီနံပါတ် ( 12. 17. 18. )
ဓါတ်ယတြာ
ထီနံပါတ် ( 02. 07. 04. )
ဓါတ်ယတြာ
ထီနံပါတ် ( 62. 67. 63. )
စနေသား/သမီးများအတွက်
ဓါတ်ယတြာ
ထီနံပါတ် ( 73. 74. 75. )
Source; Baydin World
Unicode
(၁၉.၁.၂၀၂၀) ရက်နေ့မှ (၂၅.၁.၂၀၂၀) ရက်နေ့အထိ ခုနှစ်ရက်သား/သမီးများရဲ့ တစ်ပတ်စာ ကံကြမ္မာ ဗေဒင်ဟောစာတမ်း များကို ဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေသား/သမီးများအတွက်
လက်လွန်ဆုံးရှုံးထားသော ငွေကြေးနှင့်ပစ္စည်းတို့အား ပြန်လည်ရရှိမည်။ ဖြစ်ပေါ်လာသော အမှုပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်မည်။ မိမိရဲ့အတတ်ပညာကြောင့် ဘဝလမ်းကြောင်း တိုးတက်မှုများကို ဖန်တီးနိုင်မည်။ ဆိုင်းငံ့ထားရသောလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရလိမ့်မည်။ အထက်လူကြီး မိတ်ဆွေအပေါင်းအသင်းများရဲ့ ကူညီမစမှုရရှိမည်။ အလုပ်အကိုင် အကြံအစည် တိုးတက်အောင်မြင် ကျော်ကြားလာလိမ့်မည်။ ချစ်သူတွေ့မည်။ အိမ်ထောင်ရေး အဆင်ပြေလာမည်။ သားသမီးများအတွက် စိတ်ချမ်းသာမှုဖြစ်မည်။ နှာခေါင်းရောဂါ ဂရုစိုက်ပါ။
ဓါတ်ယတြာ
ရွက်လှပန်း ( 3 ) ညွန့် ဘုရားလှူပါ။
ထီနံပါတ် ( 84. 89. 83. )
တနင်္လာသား/သမီးများအတွက်
ဘာသာတူလူမျိုးခြားတို့နှင့် စပ်တူလုပ်ကိုင်သောလုပ်ငန်းများ အောင်မြင်ကျော်ကြားလာမည်။ ငွေကြေးအမြောက်အမြား ဝင်မည်။ မိမိအရင်းနှီးဆုံးပုဂ္ဂိုလ်က မိမိအားမနာလိုဝန်တိုမှုဖြစ်ကာ ဂုံးချောအတင်းစကား ပြောလာမည်။ နယ်ကုန်သည်များ အကျိုးပေးမည်။ လုပ်ငန်းအပြိုင်အဆိုင်များကို အနိုင်ရမည်။ ငွေချေးငှားခြင်း မလုပ်ပါနှင့်။ စကားများ ရန်ဖြစ်တတ်သည်။ မိသားစုအမွေကိစ္စ စကားများ ရန်ဖြစ်တတ်သည်။ ချစ်သူနှင့်အတူ အလုပ်လုပ်ရမည်။ ပညာထူးချွန်မည်။ ရာထူးတိုးမည်။ နယ်ခရီးဝေး သွားရမည်။ ကျောက်ကပ်ရောဂါ ဂရုစိုက်ပါ။
ဓါတ်ယတြာ
ဇလပ်ပန်း ( 8 ) ပွင့် ဘုရားလှူပါ။
ထီနံပါတ် ( 53. 58. 54. )
အင်္ဂါသား/သမီးများအတွက်
မိမိလုပ်ဆောင်သမျှ ထွန်းထွန်းပေါက်ပေါက် အောင်မြင်မည်။ အခက်အခဲများပြေလည်အောင် ဖြေရှင်းနိုင်မည်။ ရုတ်တရက် ငွေကြေးအမြောက်အမြား ဝင်မည်။ မမျှော်လင့်ဘဲ အလုပ်အကိုင်အဆင်ပြေလာမည်။ အစစအရာရာ အားလုံးအဆင်ပြေလာမည်။ ကံကောင်းခြင်းတွေ ဖြစ်ပေါ်လာမည်။ ဆွေမျိုးသားချင်းတို့ရဲ့ ကူညီမှုကိုရရှိမည်။ စိတ်ချမ်းသာလာမည်။ ကျန်းမာရေးကောင်းမည်။ အိမ်ထောင်ဖက်ကို တွေ့မည်။ ရာထူးတိုးတက်မည်။ နေရာဌာန ပြောင်းရမည်။ အိမ်ထောင်ရေး အဆင်ပြေလာမည်။ စက်ပစ္စည်းဝင်မည်။ ဒူးနာခါးနာရောဂါ ဂရုစိုက်ပါ။
ဓါတ်ယတြာ
သဇင်ပန်း ( 9 ) ပွင့် ဘုရားလှူပါ။
ထီနံပါတ် ( 63. 68. 69. )
ဗုဒ္ဓဟူးသား/သမီးများအတွက်
မိမိကြံစည်လုပ်ဆောင်ထားသော ကိစ္စများအားလုံး အဆင်ပြေလာမည်။ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးမည့်သူများ ပေါ်မည်။ သိပ်ချစ်ရသောချစ်ဦးသူနှင့် တွေ့မည်။ ပျော်ရွှင်ကြည်နူးဖွယ်ရာကိစ္စများ ဖြစ်ပေါ်လာမည်။ စီးပွါးရေးလုပ်ငန်း တိုးချဲ့လုပ်ကိုင် ဆောင်ရွက်ရမည်။ အမွေပစ္စည်းရမည်။ အိမ်ထောင်ပရိဘောဂပစ္စည်း ဝင်မည်။ လူလိမ်လူကောက် ခံရတတ်သည်။ အိမ်၊ ခြံ၊ မြေ ကားကိစ္စတွေနှင့် ငွေကြေးအမြောက်အမြား ရမည်။ ကံဇာတာ ကောင်းလာသောကြောင့် ထီထိုးပါ။ ထီပေါက်ကိန်း ရှိသည်။ ဆီးချိုသွေးချိုရောဂါ ဂရုစိုက်ပါ။
ဓါတ်ယတြာ
ဂန္ဓမာပန်း ( 1 ) ပွင့် ဘုရားလှူပါ။
ထီနံပါတ် ( 52. 57. 51. )
ရာဟုသား/သမီးများအတွက်
အလုပ်ကိစ္စ တဖြေးဖြေးတိုးတက် အောင်မြင်လာမည်။ ရည်ရွယ်ချက်ပန်းတိုင် တက်လှမ်းနိုင်မည်။ အချစ်ရေး စန်းပွင့်နေမည်။ ခရီး ခဏခဏထွက်ရမည်။ မိတ်ကောင်းဆွေကောင်းတို့ရဲ့ ကူညီထောက်ပံ့မှုကို ရရှိမည်။ ရွှေငွေရတနာပစ္စည်း ဝင်မည်။ ထီပေါက်သကဲ့သို့ ငွေအစုလိုက်အပုံလိုက် ရမည်။ အိမ်မှာ အမြဲနေချင်စိတ်မရှိ။ ဆွေမျိုးသားချင်းများအတွက် စိတ်ညစ်နေရမည်။ ဆေးရုံဆေးခန်း ရောက်မည်။ ငွေကုန်ကြေးကျ များမည်။ ညအိပ်ဧည့်သည် လက်မခံပါနှင့်။ အလုပ်နှင့်ပတ်သက်သော သင်တန်းများ တက်ရောက်အောင်မြင်မည်။ နိုင်ငံခြားခရီး သွားရမည်။ နှလုံးရောဂါ ဂရုစိုက်ပါ။
ဓါတ်ယတြာ
အင်ကြင်းပန်း ( 8 ) ပွင့် ဘုရားလှူပါ။
ထီနံပါတ် ( 12. 17. 18. )
ကြာသပတေးသား/သမီးများအတွက်
အမှောင်ခွင်းအလင်းဆောင်ပြီ။ စိတ်ညစ်စရာပျောက် စိတ်ချမ်းသာမှုရောက်မည်။ နိုင်ငံရပ်ခြား ခရီးဝေးသွားရမည်။ အလုပ်အကိုင် အဆင်ပြေလာမည်။ ဆွေမျိုးသားချင်းတို့ရဲ့ ကူညီမှုကိုရရှိမည်။ နေရာဌာန ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရမည်။ အလုပ်ပြောင်းရမည်။ သင်ကံကောင်းလာပြီ။ အထက်လူကြီးများက သင့်အား ယိုင်းပင်းကူညီ စောင့်ရှောက်လိမ့်မည်။ နေရေးစားရေးအားလုံး အဆင်ပြေလာမည်။ မင်္ဂလာကိစ္စ ပြုရတတ်သည်။ ရွာပြန်ပြီး ထမင်းရည်ချောင်းစီး မောင်းတီးပြီး လှူရမည်။
ဓါတ်ယတြာ
မေမြို့ပန်း ( 7 ) ပွင့် ဘုရားလှူပါ။
ထီနံပါတ် ( 02. 07. 04. )
သောကြာသား/သမီးများအတွက်
မဖြစ်ဘူးထင်တဲ့အရာတွေ ဖြစ်လာလိမ့်မည်။ အလုပ်နေရာဌာန ပြောင်းရွှေ့ရလိမ့်မည်။ ဘာပဲလုပ်လုပ် အဆင်မပြေဖြစ်မည်။ ငွေရေးကြေးရေး ကြပ်တည်းမည်။ စကားပြော အဆင်မပြေဖြစ်မည်။ ဂုဏ်သိက္ခာ ကျဆင်းမည်။ လူအထင်အမြင်သေးခြင်း ခံရမည်။ မမြင်ကွယ်ရာမှာ အတင်းအဖျင်းပြောဆိုခြင်း ခံရမည်။ အိမ်ထောင်ရေး အိမ်တွင်းရေး အဆင်မပြေဖြစ်မည်။ သားသမီးများအတွက် စိတ်သောကရောက်မည်။ ရွှေငွေရတနာပစ္စည်း ထွက်မည်။ အမှုအခင်း ဖြစ်တတ်သည်။ ခရီးယာယီ များမည်။ မိဘဆွေမျိုးသားချင်းများက ကူညီလိမ့်မည်။ အသည်းရောဂါ ဂရုစိုက်ပါ။
ဓါတ်ယတြာ
သစ်ခွပန်း ( 3 ) ခက် ဘုရားလှူပါ။
ထီနံပါတ် ( 62. 67. 63. )
စနေသား/သမီးများအတွက်
ထူးခြားသော ဘဝတိုးတက်မှုနဲ့ အောင်မြင်မှုတို့ကို ရရှိမည်။ အလုပ်အကိုင် အဆင်ပြေလာမည်။ ဆုံးရှုံးမယ်ထင်ရသောပစ္စည်းများ အမြတ်များများ ရမည်။ လုပ်ငန်းတိုးချဲ့လုပ်ကိုင် ဆောင်ရွက်ရမည်။ ကုန်သည်ပွဲစားများ အကျိုးပေးမည်။ ငွေအမြောက်အမြား ဝင်မည်။ သူများကိစ္စနှင့် ဆေးရုံဆေးခန်း ရောက်မည်။ ငွေကုန်ကြေးကျ များမည်။ အနောက်မြောက်အရပ် ခရီးမထွက်ပါနှင့်။ ရုတ်တရက် အန္တရာယ် ကြုံတွေ့ရတတ်သည်။ သားသမီးအကျိုး ခံစားရမည်။ အိမ်ထောင်ရေး အဆင်ပြေသာယာလာမည်။ ချစ်သူတွေ့မည်။ လေနာရောဂါ ဂရုစိုက်ပါ။
ဓါတ်ယတြာ
နှင်းဆီပန်း ( 4 ) ပွင့် ဘုရားလှူပါ။
ထီနံပါတ် ( 73. 74. 75. )
Source; Baydin World
Read 436 times
Rate :
(11 votes)
Related items
Leave a comment
Make sure you enter the (*) required information where indicated. HTML code is not allowed.