Saturday, 14 December 2019 16:02

gold2019012820014320190128202421

ဒီဇင်ဘာလ ရက်သတ္တပတ် ၂ ပတ်အတွင်း ရွှေဈေးသုံးသပ်ချက်များအရ အောက်တိုဘာလ ၁ ရက်နေ့ အခေါက်ရွှေဈေးနှုန်း ၁,၁၇၂,၅၀၀ ကျပ်ရှိခဲ့ရာ ဈေးနှုန်း အတက်အကျ ထောင်ဂဏန်းဝန်းကျင်သာရှိခဲ့ပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့ အခေါက်ရွှေဈေးနှုန်း ၁,၁၈၂,၀၀၀ ကျပ် ရှိခဲ့ကြောင်း ပြည်တွင်းရွှေဈေးကွက်မှ သိရပါသည်။

ထို့အတူ ကမ္ဘာ့ရွှေဈေးကို လေ့လာသုံးသပ်ကြည့်မည်ဆိုလျှင်လည်း အတက်အကျအနည်းငယ်သာ ရှိခဲ့ကြောင်းသိရပါသည်။ ကမ္ဘာ့ရွှေဈေးအပြောင်းအလဲမှာ အနည်းဆုံး ၁,၄၆၀ မှ အများဆုံး ၁,၄၇၆ အထိသာအတက်အကျရှိခဲ့ကြောင်းတွေ့ရပါသည်။

ဒီဇင်ဘာလ ၂ ရက်နေ့တွင် အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် ၁,၁၇၂,၅၀၀ ကျပ်၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် ၁,၁၀၃,၆၀၀ ကျပ်နှင့် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁,၄၆၀ ဒေါ်လာ ရှိခဲ့ရာမှ ဒီဇင်ဘာလ ၆ ရက်နေ့တွင် အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် ၁,၁၈၇,၅၀၀ ကျပ်၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် ၁,၁၁၇,၇၀၀ ကျပ်နှင့် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁,၄၇၃ ဒေါ်လာ ထိ ဈေးတက်လာကြောင်း တွေ့ရပါသည်။

Read More>>> တစ်ပတ်အတွင်း ပြောင်းလဲနေတဲ့ ဆိုင်ကယ်ဈေးနှုန်းများ

သို့သော် ဒီဇင်ဘာလက ၇ ရက်နေ့တွင်မူ အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် ၁,၁၇၈,၅၀၀ ကျပ်၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် ၁,၁၀၉,၁၀၀ ကျပ်နှင့် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁,၄၆၀ ဒေါ်လာသို့ ပြန်လည်ကျဆင်းသွားခဲ့ပါသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် ၁,၁၈၈,၅၀၀ ကျပ်၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် ၁,၁၁၈,၆၀၀ ကျပ်နှင့် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁,၄၇၅ ဒေါ်လာသို့ ဈေးပြန်လည်မြင့်တက်လာပြီး ယနေ့အထိ ရွှေဈေးနှုန်းအခြေအနေအရ ထောင်ဂဏန်းဝန်းကျင်သာ အတက်အကျရှိကြောင်း သိရပါသည်။

မန္တလေးရွှေဆိုင်များကို အောက်က လင့်ခ်ထဲတွင် ဝင်ရောက်ရှာဖွေနိုင်ပါတယ်။

Screenshot from 2019 12 14 14 46 53

https://bit.ly/2QmRYRs

Nilar Myot Win


Read 226 times
Rate :
(5 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.