Saturday, 14 December 2019 14:37

 

images.jpg

မြန်မာနိုင်ငံက သဘာဝအရင်းအမြစ်များစွာ တည်ရှိနေတဲ့ ဒေသ (၁၀) ခုကို အမျိုးသားအဆင့် ဘူမိဥယျာဉ်(Geopar) နေရာတွေအဖြစ် ဖော်ဆောင်ဖို့ရှိပါတယ်။

နေရာဒေသအသီးသီးရှိတဲ့အနက်က ကနေဦး ဒေသ (၁၀) ခုကို ဘူမိဥယျာဉ်ဖြစ်မြောက်ရေးအဖွဲ့က ရွေးချယ်ခဲ့ပါတယ်။

သည်လို ရွေးချယ်ပြီးနောက်မှာ အကောင်အထည်ဖော်ဖို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။

ဘူမိဥယျာဉ်ဆိုင်ရာလုပ်ငန်း ကော်မတီဝင် ဦးသန်းထွန်းက “နိုင်ငံသားတွေ နောက်မွေးဖွားလာမယ့်လူငယ်တွေဟာ တစ်ကိုယ်ကောင်းမဆန်ဘဲနဲ့ ဒေသကို ချစ်တတ်ရမယ်၊ ပတ်ဝန်းကျင်ကို ချစ်တတ်ရမယ်၊ သူတစ်ပါးနဲ့ ညှိနှိုင်း တိုင်ပင်ဆောင်ရွက်တဲ့ အလေ့အကျင့် ရရှိအောင်ပေါ့။ ဘူမိဥယျာဉ်တွေကို သက်ဆိုင်ရာတက္ကသိုလ်တွေမှာ ဘူမိဗေဒပါမောက္ခတွေရှိတယ်၊ သူတို့နဲ့ တိုင်ပင်ပြီး ကွင်းဆင်းကြမယ်။ ရှိပြီးသားမှတ်တမ်းတွေကို ဖော်ထုတ်ကြမယ်။ သက်ဆိုင်ရာ ပြည်နယ်/တိုင်းက ဝန်ကြီးချုပ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်မှာဖြစ်ပါတယ်။ ဒီလုပ်ငန်းက အများဝိုင်းလုပ်ရမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

Read More>>> မန္တလေးတိုင်းဒေသကြီး ဈေးကွက်အတွင်းရှိ ကုန်ပစ္စည်းများကို မြို့နယ်အလိုက် ကွင်းဆင်းစစ်ဆေးမည်

အမျိုးသားအဆင့် ဘူမိဥယျာဉ်တွေအဖြစ် ခါကာဘိုရာဇီ၊ အင်းတော်ကြီး၊ တွင်းတောင်၊ ပူတာအိုမြို့၊ အင်းလေး၊ ပင်းတယ၊ ပုပ္ဗားတောင်၊ ဇွဲကပင်တောင်၊ မာန်အောင်ကျွန်း၊ ဘီလူးကျွန်းတို့ကို အကောင်အထည်ဖော်မည်ဟု သိရပါတယ်။

အမျိုးသားအဆင့် ဘူမိဥယျာဉ်တွေကနေ ယူနက်စကိုအသိအမှတ်ပြု ကမ္ဘာ့အဆင့်ဥယျာဉ်တွေအဖြစ် ဖော်ဆောင်မယ်လို့ ဘူမိဥယျာဉ်ဆိုင်ရာ လုပ်ငန်းကော်မတီမှ သိရပါတယ်။

ဘူမိဥယျာဉ်တည်ထောင်တဲ့လုပ်ငန်းတွေကို ဒီဇင်ဘာလအတွင်း စတင်ပြုလုပ်မှာဖြစ်ပါတယ်။

Read More>>> ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ဝင်ငွေခွန် အများဆုံးထမ်းဆောင်သည့် လုပ်ငန်းရှင် (၁၀) ဦး

ပညာပေးရေး၊ ထိန်းသိမ်းစောင့်ရှောက်ရေး၊ စဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးရေး အချက်သုံးချက်ကို အခြေခံစီမံခန့်ခွဲမှာဖြစ်ပါတယ်။

ဒါ့အပြင် သည်ဘူမိဥယျာဉ်တွေမှာ သဘာဝနဲ့ ရှေးဟောင်းသမိုင်းပြတိုက်တွေ၊ သိပ္ဗံဝိဇ္ဇာသုတေသနစင်တာတွေ ပေါ်ပေါက်လာဖို့ရှိပါတယ်။

Read More>>> တစ်ပတ်အတွင်း ပြောင်းလဲနေတဲ့ ဆိုင်ကယ်ဈေးနှုန်းများ

Source: Kumudra


Read 204 times
Rate :
(4 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.