Thursday, 12 December 2019 10:18

10917805 658280527610196 2266682566163848227 o

မန္တလေးမြို့ဈေးချိုပလာဇာတွင် အနုပညာညဈေးတန်း ဖွင့်လှစ်ရောင်းချရန် ဒီဇင်ဘာ (၁၁) ရက်နေ့ နံနက်(၉) နာရီက ချမ်းအေးသာစံမြို့နယ် ၂၆ လမ်း၊၈၅ လမ်းနှင့် ၈၆ လမ်းကြားရှိ မန်းမြန်မာဈေးချိုပလာဇာ ပထမထပ်၌ အသိပေးရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

ရှေးဦးစွာ ဈေးချိုပလာဇာမှ ညဈေးဖြစ်မြောက်ရေးတာဝန်ခံ ဒေါက်တာအောင်စိုးမြင့်က ဈေးချိုညဈေးတန်းဖွင့်လှစ်ရခြင်းသည် နိုင်ငံတကာခရီးသွားဝင်ရောက်မှု များပြားစေရန်နှင့် ဈေးချိုပလာဇာအနီးအနားပတ်ဝန်းကျင်ရှိ ပြည်သူများ အပန်းဖြေအနားယူနိုင်မည့် နေရာတစ်ခုဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရပါတယ်။


အဆိုပါညဈေးတန်းကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ဖွင့်လှစ်ရန်လျာထားပြီး ဈေးချိုပလာဇာပထမထပ်၊ ဒုတိယထပ်၊ တတိယထပ်၊စတုတ္ထထပ်အထိ စာအုပ်ဆိုင်များ၊ ပန်းချီ၊ ပန်းပုအရောင်းဆိုင်များ၊ အနုပညာပစ္စည်းများကို အဓိကထားရောင်းချမည်ဖြစ်ကြောင်း သိရပါတယ်။

Read More>>> ပြင်ဆင်သတ်မှတ်ထားသည့် လျှပ်စစ်ဓာတ်အားခ ကောက်ခံမှုနှုန်းထားများ

ဒါ့အပြင် စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများကိုလည်း ဆိုင်ခန်းပေါင်းများစွာ ဖွင့်လှစ်ရောင်းချပေးမည်ဖြစ်ကြောင်း သိရပါတယ်။

ဈေးချိုပလာဇာညဈေးတန်း မိတ်ဆက်ပွဲတွင် ဆိုင်ခန်းဖွင့်လှစ်ရောင်းချလိုသူများအနေဖြင့်လည်း ဆိုင်ခန်းများကို ကြိုတင်ဝယ်ယူနိုင်မည်ဖြစ်ပြီး ညဈေးတန်း မိတ်ဆက်ပွဲကို ဒီဇင်ဘာလ (၁၁) ရက်နေ့မှ ဒီဇင်ဘာလ (၁၃) ရက်နေ့အထိ ကျင်းပလျက်ရှိကြောင်း သိရပါတယ်။ 

ပြပွဲသုံးရက်အတွင်း ငှားရမ်းသူများအတွက် ဆိုင်ခန်းများ သုံးလအခမဲ့ ဖွင့်လှစ်ခွင့်၊ ဆိုင်ခန်းငှားရမ်းခ၏ ၅၀ ရာခိုင်နှုန်း Discount ခံစားခွင့်များ ရရှိမှာ ဖြစ်ပါတယ်။ ဆိုင်ခန်းများကို နံနက် (၁၁) နာရီမှ ည (၁၁) နာရီအထိ ဖွင့်လှစ်နိုင်မည်ဖြစ်ကာ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တို့တွင် ဖျော်ရေးအစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရပါတယ်။

အဝတ်အထည်၊ အလှကုန်၊ လက်ဝတ်ရတနာ၊ ဖန်စီ၊ ပရိဘောဂ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ မီနီရုပ်ရှင်ရုံ၊ Food Court ဖွင့်လိုသူများလည်း ဌားရမ်းနိုင်ပါတယ်။

Read More>>> (၇) ရက်သားသမီးများအတွက် ဆန်းကြယ်တဲ့ ကံကြမ္မာအပြောင်းအလဲများ


Ref:Myawaddy


Read 359 times Last modified on Thursday, 12 December 2019 11:00
Rate :
(6 votes)

Related items

  • တစ်ပတ်အတွင်း ပြောင်းလဲနေတဲ့သီးနှံဈေးနှုန်းနှင့် ဆီဈေးနှုန်းများ

    bean.jpg

    အောက်ဖော်ပြပါဈေးနှုန်းများသည် ဇန်နဝါရီလ (၂၁) ရက်နေ့ မနက် ၁၁ နာရီတွင် ကောက်ယူထားသော ဈေးနှုန်းများဖြစ်၍ ပြောင်းလဲမှု အနည်းငယ်ရှိနိုင်ပါတယ်။

  • အိမ်တွင်းအပင်လေးတွေကို သဘာဝနည်းအတိုင်းပေါင်းသတ်နည်း

    pareja-joven-plantando-arbol_28283-620_1.jpg

    မိမိအိမ်တွင်းမှာ အပင်လေးတွေစိုက်ထားပေမယ့် ပိုးတွေကျနေလို့စိတ်ညစ်နေရတယ်၊ ပေါင်းသတ်ဆေးသုံးပြန်ရင်လည်း အပင်လေးတွေ သေသွားမှာကြောက်နေရတဲ့ သူတွေရှိပါတယ်။ အိမ်တွင်းအပင်လေးတွေအတွက် ဓါတုပိုးသတ်ဆေးတွေကို သုံးစွဲမယ်ဆိုရင် မြေဆီသြဇာကို ခမ်းခြောက်စေပြီး အပင်လေးတွေကိုလဲ ထိခိုက်စေပါတယ်။ ဒါကြောင့် သဘာဝပစ္စည်းတွေနဲ့ပြုလုပ်လို့ရတဲ့ အိမ်တွင်းပေါင်းသတ်ဆေးလုပ်နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

  • mesc မှခေါ်ယူနေသော တင်ဒါများ

    w4.jpg

    ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မန္တလေးတိုင်းဒေသကြီး၊မန္တလေးမြို့မှ အောက်ဖော်ပြပါလုပ်ငန်းများအား တင်ဒါခေါ်ယူနေပါတယ်။

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.