Wednesday, 11 December 2019 17:52

c2de907a069334f0992eb4ba6479f5bc L

မန္တလေးတိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးလေးခုနှင့် ပြည်နယ်တစ်ခုမှ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်နေသော လုပ်သားစာရင်းကို ကောက်ယူလျက်ရှိရာ ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလတွင် စစ်တမ်း ထုတ်ပြန်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်းအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (BWFM) မှသိရသည်။

လက်ရှိတွင် အလုပ်သမားစာရင်းကောက်ယူခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၌ ဆောင်ရွက်နေကြောင်း သိရသည်။

"ဒီနှစ်ကစပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်လုပ်သားစာရင်းကို လူဦးရေ ၅ဝဝ နဲ့ ကောက်ယူနေပါပြီ။ ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီ နောက်ဆုံးပတ်လောက်မှာ စာရင်းအတိအကျ ထုတ်ပြန်နိုင်မှာပါ"ဟု BWFM ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က ပြောသည်။

Read More>>> MESC မှရေရရှိရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် တင်ဒါများခေါ်

လက်ရှိ ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းခွင်တချို့သည် လုပ်ငန်းခွင်လုံခြုံရေး အားနည်းနေသေးသည်ဟု သိရပြီး အလုပ်သမားများကိုယ်တိုင်လည်း Safety ပိုင်းကို သိရှိနားလည်ရန် လိုအပ်နေသေးကြောင်း၊ လုပ်ငန်းခွင်အတွင်း မတော်တဆမှုဖြစ်ပေါ်ပါက လူမှုဖူလုံရေး စာရင်းသွင်းထားသည့်ကုမ္ပဏီများက လုပ်သားများအတွက် ကျန်းမာရေးဆိုင်ရာ လုပ်ဆောင်ပေးမှုများရှိပြီး တချို့သောကုမ္ပဏီများက ကုမ္ပဏီအတွင်း၌သာ ဖြေရှင်းမှုများရှိနေကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ လုပ်သားတစ်ဦး မတော်တဆသေဆုံးခဲ့လျှင် အလုပ်သမားလျော်ကြေး ဥပဒေအရ လျော်ကြေးငွေ ငွေကျပ်ခြောက်သိန်းရရှိကြောင်း သိရသည်။

Read More>>> မန္တလေးတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေးလမ်းကြောင်းများ

Ref: Myawaddy

Nilar Myot Win


Read 149 times
Rate :
(4 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.