Saturday, 07 December 2019 15:37

stu3-622x350.jpg

၁၂ တန်းပညာရေး စနစ်သစ်အကြောင်းကို ကျောင်းသားမိဘတိုင်း သိထားသင့်ပါတယ်။ ဒါ့ကြောင့် ပညာရေးဝန်ကြီးဌာနမှ အောက်ပါအတိုင်းဖော်ပြပေးထားပါတယ်။

(၁) ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် Grade-2 သင်ရိုးပြောင်းမည်။ ထိုနှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရမည်။

(၂) ၂၀၁၉ - ၂၀၂၀ ပညာသင်နှ်စ်တွင် Grade-3 နှင့် Grade-6 သင်ရိုးပြောင်းပါမည်။ ထိုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရမည်။

(၃) ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် Grade(4)(7)နှင့် (10) သင်ရိုးပြောင်းမည်။ ထိုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရမည်။

(၄) ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် Grade(5)(8) နှင့် (11) သင်ရိုးပြောင်းပါမည်။ ထိုနှစ်မှစ၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မရှိတော့ပါ။

 Read More>>> ၂၀၂၀-၂၁ အထက်တန်းအဆင့် သင်ရိုးသစ်တွင် မယူမနေရ ဘာသာရပ်(၃)ခုပါဝင်လာ

(၅) ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် Grade(9) နှင့် (12) သင်ရိုးပြောင်းမည်။ အခြေခံပညာပြီးမြောက်ခြင်း စစ်ဆေးခြင်းပြီးစီးကြောင်း Completion Certificate ချီးမြှင့်မည်။ အဆိုပါလက်မှတ်ရသူတိုင်း သက်မွေးဝမ်းကြောင်း ပညာသင်ကျေင်းများ မိမိနှစ်သက်ရာ ရွေးချယ်တက်ရောက်နိုင်မည်ဖြစ်သည်။

(၆) အဆိုပါလက်မှတ်ရသူတိုင်း မိမိဆက်လက်သင်ကြားလိုရာ တက္ကသိုလ်ပညာကို ဝင်ခွင့်ဖြေဆိုပြီး အောင်မြင်ပါက ဆက်လက်သင်ကြားနိုင်ပါသည်။

(၇) ၂၀၂၀-၂၀၂၁ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် (၂)နှစ်အတွင်း သင်ရိုးဟောင်းကျရှုံးသူများအတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲရှိသည်။ အခြေခံပညာရေး ပြီးဆုံးသည်အထိ အခမဲ့ပညာရေးစနစ်ဖြစ်ပါသည်။

Read More>>> လာမည့်ပညာသင်နှစ်တွင် အခြေခံပညာ အတန်းသုံးတန်း သင်ရိုးသစ် ပြောင်းမည်

sitemgr News

Source: ပညာရေးဝန်ကြီးဌာန


Read 570 times Last modified on Monday, 09 December 2019 16:24
Rate :
(6 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.