Monday, 02 December 2019 16:52

inle-lake-boat-hills-view-ad50b005e124_1.jpg

 

ကိုယ်တွေ မြန်မာပြည်က လည်လို့သွားလို့ ကောင်းတဲ့ နိုင်ငံတစ်ခုထဲ ပါနေပါသေးတယ်။ ဒါကြောင့် ကိုယ်တွေနိုင်ငံက အလှစုံတဲ့ နေရာလေးတွေကို ချစ်ခြင်းအားဖြင့် ပြောပြလိုက်ရပါတယ်နော်

ဂေါ်ရင်ဂျီကျွန်း (ဧရာဝတီတိုင်း)

Related image

ငွေဆောင်၊ ချောင်းသာ၊ ငပလီ၊ မောင်းမကန် စသဖြင့် ခဏခဏ မြင်နေကြားနေရတယ် မဟုတ်လား။ သူအလှနဲ့သူ လှကြပေမဲ့ ဂေါ်ရင်ဂျီကကျွန်းကတော့ အဲ့သည့်နေရာတွေထက် ထူးခြားပါတယ်။ ကျောက်တောင်ကျောက်ဆွယ်တွေရဲ့ ပင်လယ်ကမ်းနဲ့က ပုလဲနံပသင့်နေသလို ကမ်းစပ်က ကျောက်ဆောင်တွေမှာ ဆောက်ထားတဲ့ ချစ်စရာတည်းခိုခန်းလေးတွေမှာ တည်းပြီး တကယ့်ကို ပင်လယ်ထဲမှာ အိပ်ရသလို ခံစားရစေမယ့် နေရာလည်း ဖြစ်လို့ သွားသင့်ပါတယ်။

 

>>>ခရီးသွားလုပ်ငန်းများ (297)<<<

ထားဝယ်၊ မြိတ်၊ ကော့သောင်း (တနင်္သာရီတိုင်း)

 

Related image

 

ပင်လယ်မြို့ မဟုတ်ရင် ပင်လယ်စာ စားရဖို့ဆိုတာ လတ်မလတ်တောင် သေချာမသိရပဲ ဈေးကြီးပေးစားနေရတဲ့ အခြေအနေပါ။ ချောင်းသာ၊ ငွေဆောင်နဲ့ အနီးဆုံးဖြစ်တဲ့ ပုသိမ်မြို့တောင် ပင်လယ်စာစားရဖို့ မလွယ်ကူနေပါဘူး။ ဒါပေမဲ့ တနင်္သာရီတိုင်းက မြို့တွေကတော့ ပင်လယ်စာကြိုက်သူတွေ မပြန်ချင်တော့မယ့် မြို့တွေပဲ ဖြစ်ပါတယ်။ ဒေသခံတွေကဆို ကျနော်တို့က ငါးဆို အနည်းဆုံး တစ်တောင်လောက်မှ မကြီးရင် စားစရာလို့တောင် မထင်ဘူးလို့ ပြောကြပါတယ်။ ဂေါ်လီလုံးလောက်ရှိတဲ့ ငါးဥတွေ ငါးအကြီးကြီးတွေရဲ့ အူတွေအပြင် တခြားပင်လယ်စာတွေကိုလည်း တစ်ပွဲ ငါးထောင်မကျော်ပဲ စားလို့ ရတဲ့ မြို့တွေပဲ ဖြစ်ပါတယ်။

 

ရိဒ်၊ တီးတိန်နဲ့ ဟားခါး (ချင်းပြည်နယ်)

Image result for ရိဒ်၊ တီးတိန်နဲ့ ဟားခါး (ချင်းပြည်နယ်)

ချင်းပြည်ကတော့ ကျောပိုးအိတ်တစ်လုံးနဲ့ ခရီးထွက်တတ်တဲ့သူတွေ အကြိုက်ပဲ ဖြစ်ပါတယ်။ အမြင့်ပေ ၅၀၀၀ အထက်မှာ တည်ရှိနေပြီး အေးစိမ့်စိမ့်နဲ့ မျက်စိတစ်ဆုံး ကြည့်မဝနိုင်တဲ့ တောင်တန်းစိမ်းစိမ်းတွေ တိမ်ဖြူဖြူတွေ တံခါးမဖွင့်ထားတဲ့ ဒေသခံအိမ်တွေ မတူတဲ့ ဒေသစားစရာတွေ ရနိုင်တဲ့ အတော့်ကို လှပတဲ့ နေရာပါ။ ပန်းချီကားတစ်ချပ်ထဲ ရောက်သလိုကို ခံစားချင်ရင် ချင်းပြည်ကို မဖြစ်မနေ သွားလိုက်ပါလို့ တိုက်တွန်းလိုက်ပါရစေ။

 

Read More>>>>နာမည်ကြီးနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးက ဇလုံတောင်ကို သွားရောက်လည်ပတ်မယ်ဆိုရင်

မန္တလေး၊ ပြင်ဦးလွင်၊ ဂုတ်ထိပ်၊ နောင်ပိန် (မြန်မာပြည်အလယ်ပိုင်း)

Related image

ဒီတောက်လျှောက်ခရီးစဉ်ကတော့ ရထားနဲ့ ရိုးရိုးတန်းကို ၁၀၀၀ ကျပ်ပေးပြီး စီးသွားလို့ရတဲ့ ခရီးပဲ ဖြစ်ပါတယ်။ ဂုတ်ထိပ်သွားဖို့ ဘာမှအများကြီး မကုန်ပါဘူးနော်။ တောင်ကြားနှစ်ခုကို ဖြတ်ဆောက်ထားတဲ့ ရထားသံလမ်းအောက်တည့်တည့်ကို ကြည့်လိုက်ရင် မြူတွေနဲ့ အပင်တွေနဲ့ ရင်သပ်ရှုမောဖွယ် တွေ့ရမှာပါ။ မန္တလေးနဲ့ ပြင်ဦးလွင်ကတော့ အစားအသောက်သန့်သန့်ရှင်းရှင်း ဈေးသက်သက်သာသာနဲ့ စားနိုင်သလို ဈေးဝယ်လို့လည်း ကောင်းတဲ့ မြန်မာမှုအငွေ့အသက်တွေ လွှမ်းခြုံနေတဲ့ ခေတ်မီတဲ့ မြို့တွေပဲ ဖြစ်ပါတယ်။

 

 

ကလော၊ အင်းလေး၊ တောင်ကြီး (ရှမ်းပြည်နယ်)

Related image

ဒါကတော့ သိပြီးကြတဲ့အတိုင်းပါပဲ။ ရှမ်းလူမျိုးတို့ရဲ့ ချစ်စဖွယ် ဝတ်စားဆင်ယင်ပုံ၊ နေထိုင်စားသောက်ပုံတွေကို တရင်းတနှီးမြင်ရမယ့် နေရာလေးတွေပဲ ဖြစ်ပါတယ်။ တောင်ကြီးရဲ့ View Point ကနေ တစ်မြို့လုံးကို စီးကြည့်ရတာတဲ့ အရသာကလည်း ဘာနဲ့မှလဲနိုင်မယ် မထင်ပါဘူး။

 

လှတဲ့နေရာတွေကတော့ ပြောလို့တောင် မကုန်ပါဘူး။ ဒါပေမဲ့ အခုနေရာတွေလည်း ကျန်ခဲ့တဲ့နေရာတွေထက် မနိမ့်တဲ့ သွားကိုသွားသင့်တဲ့ နေရာတွေပဲ ဖြစ်ပါတယ်နော်။

 

Written by Kham

 


Read 844 times Last modified on Tuesday, 03 December 2019 11:07
Rate :
(9 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.