Friday, 29 November 2019 10:12

BLOG_26_20_Questions_You_Should_Ask_Your_Kid_To_Improve_Your_Bond.jpg

အုပ်ထိန်းသူ/မိဘများနှင့် ကလေးငယ်များ သတိပြုလိုက်နာကျင့်သုံးရမယ့် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကလေးငယ်များ သတိပြုရန်အချက်များ

(၁) နေအိမ်မှ ဝေးရာသို့ မိဘများ/အုပ်ထိန်းသူများ မသိဘဲ လုံးဝမသွားပါနဲ့။

(၂) နေအိမ်မှ အပြင်ဘက်သို့ ထွက်ကစားလျှင် မိဘများ/အုပ်ထိန်းသူများကို အသိပေးပြီးမှ သွားပါ။

(၃) ကျောင်း/သင်တန်း/ကျူရှင် မှပြန်လျှင် အိမ်သို့တန်းပြန်ပါ။ ဖြစ်နိုင်ရင် အဖော်နှင့်ပြန်ပါ။

(၄) မိမိ မသိသော နေရာသို့ မည်သူခေါ်ခေါ် လုံးဝမလိုက်ပါနဲ့။

(၅) မိမိ မသိသော သူစိမ်းများနှင့် လုံးဝစကားမပြောပါနဲ့။

(၆) မိမိ မသိသောသများကျွေးသည့် အစားအသောက်၊ အအေးများကို လုံးဝမစားသောက်ပါနဲ့။

(၇) လူထူထပ်သောနေရာများသို့ တစ်ယောက်တည်း မသွားပါနဲ့။

(၈) မိမိ၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို မိခင်မှလွဲ၍ မည်သူ့ကိုမျှ ပေးမကိုင်ပါနဲ့။ ဓာတ်ပုံရိုက်မခံပါနဲ့။

(၉) ဖုန်းအတွင်းမှ ဓာတ်ပုံများ၊ ဗီဒီယိုများကို မည်သူလာပြပြ လုံးဝမကြည့်ပါနဲ့။

(၁၀) လူရှင်းသောလမ်းများ၊ မှောင်သောနေရာများသို့ တစ်ယောက်တည်း လုံးဝမသွားပါနဲ့။

Read More>>> MSME လုပ်ငန်းရှင်များအနေဖြင့် JICA SME Two-step Loan (Phase II) ချေးငွေများ လျှောက်ထားနိုင်

အုပ်ထိန်းသူ/ မိဘများ သတိပြုရန်အချက်များ

(၁) နေအိမ်မှ ဝေးရာသို့ ခိုင်းစေခြင်း၊ စေလွှတ်ခြင်းများ လုံးဝမပြုလုပ်ပါနဲ့။

(၂) မှောင်မိုက်သည့်ညအချိန်တွင် ကလေးတစ်ယောက်တည်း မည့်သည့်နေရာမှ မလွှတ်ပါနဲ့။

(၃) မူးယစ်ဆေးဝါး/အရက်သေစာသောက်စားထားသူများအနီး ကလေးကို လုံးဝမလွှတ်ထားပါနဲ့။

(၄) အခြားသူများကို ယုံကြည်ပြီး ကလေးကို ဘယ်နေရာမှ မထည့်ပါနဲ့။

(၅) ကလေးကို အခြားသူများနှင့် ထားခဲ့ခြင်း၊ အခြားသူများအား စောင့်ကြည့်ခိုင်းခြင်း လုံးဝမလုပ်ပါနဲ့။

(၆) ကျောင်း/အသင်း/ကျူရှင်သို့ တစ်ယောက်တည်း လုံးဝမလွှတ်ပါနဲ့။

(၇) ကလေးရှေ့တွင် လိင်ပိုင်းဆိုင်ရာအပြုအမှုများ မလုပ်မိစေရန် သတိထားရှောင်ကြဉ်ပါ။

(၈) ကလေးတွင်ပြောင်းလဲလာသော အပြုအမှု၊ အနေအထိုင်များရှိပါက ချက်ချင်းမေးမြန်းပါ။

(၉) ကလေးရင့်ဖွင့်သည့်၊ ပြောပြသည့်စကားများကို အလေးထားနားထောင်ပါ။

(၁၀) လိင်မှုဆိုင်ရာများကို ကလေးသိတတ်သည့်အရွယ်မှစ၍ ဗဟုသုတအဖြစ်ပြောပြပါ။

အထက်ဖော်ပြပါ အချက်လေးတွေကို လိုက်နာကျင့်သုံးမယ်ဆိုရင် ကလေးငယ်များ ဘေးကင်းလုံခြုံစိတ်ချစွာ နေထိုင်နိုင်မှာဖြစ်ပါတယ်။

Read More>>> မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်းအချိန် ပြောင်းလဲထုတ်လွှင့်မည်

Ref: Internet

Nilar Myot Win


Read 145 times
Rate :
(7 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.