Thursday, 28 November 2019 13:49

21-1_1.jpg

(၂၀၁၆)လောက်က စလို့ ရွှေရောင်တောက်တယ်ဆိုပြီး နာမည်ကြီးတဲ့ ဇလုံတောင်ကို ဘုရားဖူးချင်လို့ပဲ ဖြစ်ဖြစ်၊ ဒီတိုင်းပဲ သွားလည်လည် အဆင်ပြေချော့မွေ့နေအောင် ခရီးသွးလမ်းကြောင်းလေးတွေနဲ့ လည်ပတ်စရာနေရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ခရီးလမ်းကြောင်း

ဇလုံတောင်က စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်ထဲမှာ ရှိပါတယ်။ ရန်ကုန်ကနေသွားရင်တော့ (၂)ဆင့်စီးသွားရမှာတဲ့။ ရန်ကုန် -မန္တလေး တစ်ကြောင်း၊ မန္တလေး - ဗန်းမောက် တစ်ကြောင်းပါ။ မန္တလေး - ဗန်းမောက်လမ်းကလည်း သိပ်မဆိုးဘူးရယ်။ ကောင်းတယ်။ လမ်းလေး ကျဉ်းတာတစ်ခုပဲပေါ့။ ကားကြီးတွေလည်းရှိသလို၊ (၁၀)ယောက်စီး ကားလေးတွေလည်းရှိပါတယ်။

ရွှေရောင်လွှမ်းတဲ့ ဇလုံတောင်

ဇလုံတောင်ဟာ ထူးဆန်းလားလို့ မေးရင် ထူးဆန်းတယ်လို့ပဲ အရင်ဆုံးပြောချင်မိတယ်။ ဘာလို့လဲဆိုတော့ သစ်ပင်ကြီးငယ်တွေနဲ့ အုံ့မှိုင်းနေတဲ့ တောတွေ တောင်တွေကြားထဲမှာ သူက ကျောက်သားတောင်အဖြစ် တစ်ခုတည်း ထီးထီးချည်း ထိုးထွက်နေတာကိုး။ ပြီးတော့ သူ့ကျောက်တောင်ကြီးပုံစံက သတ္တ၀ါတစ်ကောင်က ထိုင်ပြီး ခေါင်းကိုအပေါ်မော့ထားပြီး ကောင်းကင်ကို မျက်နှာမူထားတဲ့ ပုံစံမျိုးဖြစ်နေတာကြောင့်ပါ။

တကယ်ရော ရွှေရောင်တောက်လားလို့ မေးရင် ရာသီဥတုပေါ်မူတည်ပြီး တောက်ပါတယ်။ ဘာလို့ဆို ကျောက်သားအဖြူကနေ နေရောင်က ရောင်ပြန်ဟပ်တာကိုး။ နွေရာသီရဲ့ နေက ပိုပြင်းပြီး ပိုတောက်တော့ ပိုပြီးရွှေရောင်ထင်းတယ်လို့ ပြောလို့ရတယ်။ ခုနေ ဆောင်းရာသီဆိုတော့ သိပ်မတောက်ဘူးပေါ့။ ရွှေရောင်တောက်တာကို ကြည့်ချင်ရင် တောင်ခြေရောက်ခါနီး တယ်ပင်ပြန့် စခန်းကနေ ကြည့်ရပါတယ်တဲ့။ 

Read More>>>စစ်ကိုင်းမြို့ရဲ့ ဒေသထွက်အစားအစာတွေက ဘာတွေလဲ

ဇလုံတောင်မကြီး ဆီသို့

ဇလုံတောင်ခြေကနေ တောင်မကြီးပေါ်ကိုကျ လမ်းလျှောက်တက်ရတာပေါ့။ လမ်းလေးတွေက ကျောက်သားလမ်းလေးတေ၊ွ ကျဉ်းကျဉ်းသေးသေးလေးတွေလုပ်ထားတာ။ ဒါပေမယ့် တောင်မကြီးပေါ်ရောက်လို့ နားမယ်ဆိုရင် လူတွေနေရလို့တဲ့ ရင်ပြင်လေးက (၂)ခုပဲရှိတယ်။ ပြီးတော့ သေးသေးလေးရယ်။ တော်တော်ကျဉ်းပါတယ်။

တောင်ခြေ ကားရပ်တဲ့ နေရာမှာလည်း အဆောက်အဦးအသစ်တွေ ထပ်ဆောက်လိုက်တော့ တောင်မကြီးကို တန်းမမြင်ရပဲ မြင်ကွင်းတွေကပိတ်ပြီး တော်တော်တော့ ရှုပ်ရှပ်ခက်တဲ့ အနေအထားလေးဖြစ်နေတယ်။ နောက်ပြီး ကျိုက်ထီးရိုးလိုမျိုး တောင်မကြီးကို တောင်ခြေကနေ ဖူးလို့ရမယ့် ရင်ပြင်ကျယ်ကြီးမရှိဘူး။ ပေ(၂၀)ပတ်လည်လောက် ရင်ပြင်အသေးလေးပဲ ရှိပါတယ်။

ဇလုံတောင်ခြေက ပါမနီ ရေတံခွန်

တောင်ပေါ်တက်ပြီးပြီ ဘုရားဖူးပြီးပြီဆိုရင်တော့“ပါမနီ ရေတံခွန်” ကိုသွားလည်လို့ရသေးတယ်။ ရွာကနေ လမ်းလျှောက်သွားလို့ရတယ်။ ခဏပါပဲ။ တောထဲမှာ ကျောက်တုံးအကြီးကြီးတွေနဲ့ ရေတံခွန်ပေါ့။ သစ်ပင်အကြီးတွေကြားထဲက အေးစိမ့်ပြီး ကြည်တောက်နေတဲ့ ရေတံခွန်ရယ်၊ စမ်းချောင်းလေးရယ်က တကယ့်ကို စိတ်အေးချမ်းစေမှာ။ ဒီရာသီကတော့ ရေသိပ်မများပေမယ့် မိုးတွင်းဆိုရင်တော့ ရေတော်တော်များပါတယ်။

>>>ခရီးသွားလုပ်ငန်းများ (297)<<<

လက်ဆောင်ပစ္စည်းတွေ ၀ယ်ကြမယ်

တောထဲ၊ တောင်ထဲ သွားတာဆိုတော့ တောထွက် ပစ္စည်းလေးတွေရှိတာပေါ့။ ၀ါးခွက်လေးတွေရယ်၊ ပလိုင်းအိတ်တို့၊ ခါးမောက်တို့ ကတူးရိုးရာ ထမိန်တို့ ၀ယ်လို့ရတာပေါ့။ နောက်ပြီး တောတွင်း သစ်ဥသစ်ဖုတွေလည်း ၀ယ်လို့ရပါတယ်။

ဒီလောက်ဆိုရင်တော့ ဇလုံတောင်အကြောင်း သိရပြီလို့ ထင်ပါတယ်။ သူက တစ်ခုတည်းသွားရင် သီးသန့်လိုဖြစ်နေမှောပါ။ အဲဒီကနေဆက်သွားချင်ရင်တော့ ကသာတို့၊ အင်းတော်ကြီးတို့၊ မြစ်ဆုံတို့က လမ်းကြောတစ်ခုတည်းမို့ သွားရင်တော့ အဆင်ပြေပါတယ်။

Source; Travel by Naw Htike


Read 419 times Last modified on Friday, 29 November 2019 13:13
Rate :
(12 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.