Monday, 25 November 2019 16:43

Hpaen_1.jpg

 

ရုံးပိတ်ရက်များများ မရဘူးဆိုတဲ့သူတွေ၊ ကျောင်းဖွင့်ရက်အမှီခရီးသွားချင်တယ်ဆိုတဲ့ သူတွေ အတွက် ၁ ရက်တာ ခရီးတိုလေးကို ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ နေရာလေးမှာ ဖြတ်သန်းကြမလဲ။

 

ဘားအံ

 

ကရင်ပြည်နယ်၏ မြို့တော် ဘားအံဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်း (၁၀ဝ) ကျော်က သံလွင်မြစ်ကမ်းနဖူးတွင် စုစုပေါင်းအိမ်ခြေ (၂၀ဝ) ခန့်ရှိ ရွာလေးတစ်ရွာသာဖြစ်ခဲ့ပါတယ်။ ရွာကလေးတည်ရာသံလွင် မြစ်ရဲ့ကမ်းစွယ်တွင်အဓိကရ ကျောက်စွန်းကြီးတစ်ခုရှိလို့ ထိုစွန်းကို ယိုးဒယား၊ ရှမ်းဘာသာဖြင့်ဖား အမ်း (ကျောက်+အစွယ်)လို့ ခေါ်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီနောက် ဖားအမ်းမှတစ်ဆင့် အသံအနည်းငယ်ပြောင်းပြီး ဘားအံဟုအမည် တွင်လာခြင်းဖြစ်ပါတယ်။

 

ဘယ်လိုသွားမလဲ

 

ရန်ကုန်ကနေ သွားမယ် ဆိုရင် ဘားအံကို ၆နာရီလောက် ကားမောင်းသွားရမှာဖြစ်ပြီး မန္တလေး ကနေဆိုရင်တော့ ၈နာရီလောက် မောင်းရပါမယ်။ Express ကားခကတော့ ကျပ်တစ်သောင်းကျော်ရှိပါတယ်။ ဟိုရောက်ရင်တော့ ကား သို့မဟုတ် မော်တော်ဆိုင်ကယ်တစ်စီးငှားပြီး ဘားအံမြို့ကိုလည်ပတ်လို့ရပါတယ်။ ညကားစီး မနက်ရောက် တနေကုန်လည် ညကားစီး ပြန်လာပေါ့။

 

Read More>>>မြိတ်မြို့မှ နာမည်ကြီးကျွန်းစုတွေအပြင် အခြားလူသိနည်းသေးတဲ့ကျွန်းစုများ

တောင်ဝိုင်း

 

ပင်လယ်ရေမျက်နှာပြင်အမြင့် ၂၇၆၅ ပေမြင့် တောင်ဝိုင်းဟာ ကရင်ပြည်နယ် ဘားအံမှာရှိပါတယ်။

ဒါပေမယ့် တောင်ဝိုင်းကို တိုက်ရိုက်ကားလမ်းမပေါက်ပါဘူး။ ကားလမ်းမကြီးကနေ တောင်ဝိုင်းကိုရောက်ဖို့ ကလမ်းတော်တော် ဆိုးပါတယ်။ မိုးတွင်းဆို သွားဖို့ မသင့်တော်ပါဘူး။ တောင်ဝိုင်းတောင်ခြေရောက်တာနဲ့ တောင်တက်ခရီး (၁)နာရီနီးပါး တတ်ရမှာဖြစ်ပြီး လှေကားနဲ့တက်ရမှာ ဖြစ်ပါတယ်။ အဲဒီကနေ တက်ရင်း အပေါ်ရောက်ကာနီးမှာ သံလှေကားနှစ်ဆင့် တက်ရတဲ့နေရာရောက်ပါပြီ။ အပေါ်မှာ စေတီရှိတဲ့အတွက် တောင်တက်သူတွေအားလုံး ဖိနပ်ချွတ်ရပါတယ်။ အပေါ်မှာတော့ အလွန်လှပတဲ့ အသက်ရျှုမှားနိင်လောက်တဲ့ ရှုခင်းတွေ ရှိပါတယ်။

 

ပြီးတော့ တောင်ထိပ်ကျဉ်းကျဉ်းလေးမှာ လောက၀ိဓူစေတီတော် တည်ထားပါတယ်။ တောင်ဝိုင်းကို အရင်ဆုံးသွားပြီးမှ ကျန်တဲ့နေရာတွေ သွားတာ ပိုအဆင်ပြေပါတယ်။ ရှုထောင့်အမျိုးမျိုးက ဓာတ်ပုံရိုက်လို့ လှတဲ့ နေရာတွေချည်းပါ။ တောင်ခြေကနေ တောင်ပေါ်ကို ကျောက်သားထွင်းလမ်းကလေးကနေ တက်ရပါတယ်။ လမ်းကတော်တော်ကြမ်းပြီး တချို့နေရာတွေ အတော်မတ်ပါတယ်။ အတက်လမ်းရော အဆင်းလမ်းရောက လမ်းလေးတစ်လမ်းပဲရှိမို့ လူများရင် ရှောင်ရတိမ်းရခက်ပါတယ်။ အမောမခံနိုင်ရင် အမြင့်ကြောက်ရင် မတတ်ဖို့ သတိပေးပါရစေ။

 

ဆဒ္ဒန်လိုဏ်ဂူ 

 

ဘားအံမြို့တောင်ဖက် မိုင်-၂၀ အကွာရှိ ဇွဲကပင်တောင်တန်းရဲ့ တောင်ဖက်အစွန်မှာ ထန့်ကမာ့ခမိုက် ဆဒ္ဒန်လိုက်ဂူတော်ရှိပါတယ်။ လိုဏ်ဂူရဲ့ပတ်ဝန်းကျင်တွင်ဧက၂၀-ခန့်ကျယ်တဲ့ ထန့်ဘိုင်းနာ့ခေါ် ဆင်ဟိုင်းတောင်နဲ့ အင်းကြီးရှိပါတယ်။ အဲအင်းအိုင်ကြီးရဲ့ တောင်ဘက်တွင် သဘာဝကျောက်တုံး၊ ကျောက်ဆောင်၊ ကျောက်ပန်းခက်တို့နှင့် ဆဒ္ဒန်ဆင်မင်း ပျော်မွေခဲ့သည့် ဆဒ္ဒန်အိုင်ဟု တင်စားကြပါတယ်။ တန့်ကမာ့ခမိုက် အမည်ကတော့လိုဏ်ဂူ အနီးတွင် ရေကန်နဲ့ကန့်အိတ်ပင် ရှိသောကြောင့် ထိုနေရာ အရပ်ဒေသကို အစွဲပြု၍ ခေါ်ဝေါ်ခြင်း ဖြစ်သည်ဟု သိရပါတယ်။

 

ဇွဲကပင်တောင် အရှေ့ဖက် ကားလမ်း အိန္ဒုရွာ မှတစ်ဆင့် သော်လည်းကောင်း၊ ဇွဲကပင်အနောက်ဖက်လမ်းဆိုရင် ဘားအံဒုံရင်းကားလမ်း မှလည်းကောင်း မွန်ပြည်နယ် မှ လာမည်ဆိုရင် ဂျိုင်း (ဇာသပြင်) တံတားကိုဖြတ်ကာ၊ ရွှေပြည်တောင် အပါယ်ပိတ်ဘုရားလမ်းခွဲမှ လည်းကောင်း သွားရောက်နိုင်ပါတယ်။ စိတ်ဝင်စားကောင်းတာက လှေစီးရင်း ရေတွေရှိတဲ့ ဂူအောက်ထဲကို လှေလေးစီးပြီး ဝင်သွားရတာပါပဲ။ မိုးရာသီဆိုရင် တော့ဗွက်ထပြီး လမ်းကြမ်းပါတယ်။ နွေရာသီဆို ရေနည်းနေတဲ့အတွက် လှေက သိပ်အကြာကြီးစီး စ၇ာမလိုသလို ဦးထုပ်လေးတောဆောင်သွားပါလို့။လှေစီးခ ကတော့ တစ်ယောက်ကို 3500ပါ။ စိမ်းစိမ်းစိုစိုတောလမ်းလေးမှာ လျှောက်ရတဲ့အပြ င်လမ်းမှာလည်း တခြားထုံးကျောက်ဂူတွေ၊ ကျောက်တုံးအကြီးကြီးတွေရှိတော့ လမ်းလျှောက်ရင်းသဘာဝ အလှတွေကို ခံစား ရင်းပေါ့။

 

>>>ကြော်ငြာလုပ်ငန်း ဆောင်ရွက်သူများ (227)<<<

ကျောက်ကလပ်( ကြောင့်ကမ်လာဘ်စေတီတော်)

 

ကိုးနဝင်းကျေဖြစ်တဲ့ သာမညဆရာတော်ဘုရားကြီးရဲ့အောင်မြေဖြစ်တဲ့ ကျောက်ကလပ်ဘုရားမှာ ဖူးမျှော်ရင်း ဘုရားမှာကျွေးတဲ့ စတုဒီသာပါ အားပေးလို့ရပါတယ်။ ဆဒ္ဒန်လိုဏ်ဂူက အပြန်လမ်းမှာ တန်ခိုးကြီး ဘားအံမြို့ရဲ့ သမိုင်းဝင်ကျောက်ကလပ်စေတီ ကိုလည်း ၀င်ဖူးလိုက်ပါဦးနော်။ စေတီတော်ရဲ့နေရာက ဝန်းဝိုင်းသောကန်ကြီးရဲ့ အလယ်ခေါင်မှာကျွန်းကလေးသဖွယ်တည်ရှိပြီး တောင်တွေကန်ရေပြင်နဲ့ သူ့အလှက ပန်းချီ တစ်ချပ်လိုပါဘဲ။

 

ကော့ဂွန်းဂူ 

 

ကော့ဂွန်းဂူ (ထီုကအ်ဂေါန်) က မြန်မာနိုင်ငံတွင် ထင်ရှားကျော်ကြားသော ကျောက်လိုဏ်ဂူများစွာရှိတဲ့အနက် တစ်ခုအပါအဝင် ဖြစ်ပါတယ်။ တောင်တန်းများနှင့် တစ်ဆက်တည်းရှိသော တောင်မဟုတ်ဘဲ ထီးထီးတည်ရှိနေသော တောင်လည်းဖြစ်ပါတယ်။ ရှေးဟောင်းသမိုင်းဝင်ကော့ဂွန်းဂူဟာ ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ဖားကပ်စံပြကျေးရွာ၊ ကော့ဂွန်းကျေးရွာအနီး ကော့ဂွန်းတောင်ပေါ်ရှိ ထုံးကျောက်သဘာဝ လိုဏ်ဂူတော် တစ်ခုဖြစ်ပြီး လိုဏ်ဂူတော်အတွင်း မြေပြင်ဘက်ကျောက်သားနံရံတို့ နှင့် သပ္ပါယ်လှစွာ မွမ်းမံချယ်သထားသော များပြားလှသည့် ဗုဒ္ဓရုပ်ပွားတော်များ ရှိပါတယ်။ ပြီးတော့ ရှေးဟောင်းကမ္ဗည်းစာနဲ့ ရှေးလက်ရာရုပ်လုံး ၊ရုပ်ထုများ၊ အုတ်ခွက်ဘုရားများ၊ ရှေးဟောင်းဗုဒ္ဓ၀င်ကျောက်ဆစ် ပန်းပုလက်ရာများ၊ ဂူနံရံပေါ်မှ အုတ်ခွက်ဘုရားများ တွေ့ရှိရသောကြောင့် ကျော်ဇောထင်ရှားပြီး မြန်မာ့သမိုင်းဝင် တန်ဖိုးကြီးမားသော ရှေးခေတ်လိုဏ်ဂူတစ်ခု ဖြစ်ပါတယ်။

 

လွန်ခဲ့တဲ့ မြန်မာသက္ကရာဇ် (၄၁၉) ခုနစ်တွင် ပုဂံပြည်ရှင် အနော်ရထာမင်းက ဘာသာရေးကို အကြောင်းပြပြီး သထုံပြည်ကြီးရှင် မနူဟာမင်းအား စစ်ခင်းခဲ့ရာ သထုံပြည်ကြီးကို ပျက်စီးခဲ့ရာမှာ အနော်ရထာမင်းဟာ မနူဟာမင်းနဲ့ ပိဋကတ်တော်များ၊ ပညာရှင်များကို ပုဂံသို့ ခေါ်ဆောင်သွားပြီး ရှောင်တိမ်းလွတ်မြောက်သွားတဲ့ မုတ္တမ မိဖုရားကြီးက ကော့ဂွန်းဂူသို့ ရောက်ရှိခဲ့ပြီး ဒီဂူကြီးရောက်ခဲ့တဲ့အချိန် ပုန်းအောင်းနေစဉ်အတွင်းမှာပဲ မိဖုရားကြီးက စေတီများ၊ ဗုဒ္ဓဆင်းတုတော်များ ၊ ရုပ်ကြွများ ထုလုပ်ပူဇော်ခဲ့ပါတယ်။

 

မုတ္တမ မိဖုရာကြီးသည် ပုန်းအောင်းနေစဉ်အတွင်းမှာ ခံစားနေရတဲ့ ဝေဒနာဝဋ်ကြွေးတွေကို ကျေစေလိုသောကြောင့် ဆုတောင်းပြည့် “အကြွေးကြေဘုရား” တစ်ဆူလဲ တည်ထားခဲ့ပါတယ်။ ဒါကြောင့်ကော့ဂွန်းဂူကြီးဟာ အလွန်စိတ်ဝင်စားစရာကောင်းသော ဂူကြီးတစ်ခု ဖြစ်ပါတယ်။ ကရင်ပြည်နယ်ဝန်းကျင်ရှိ သဘာဝထုံးကျောက်လိုဏ်ဂူများအတွင်း၌ ဗုဒ္ဓဘာသာဆိုင်ရာကိုးကွယ်မှု အမွေအနှစ်များစွာရှိသော်လည်း ကော့ဂွန်းဂူသာ အထင်ရှားဆုံးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ကျန်ရှိနေမှုအများဆုံးဖြစ်တယ်လို့ဆိုရင် မမှားပါဘူး။ဓါတ်ပုံလှလှလေးတွေ ရိုက်ရင်း သဘာဝ နဲ့ အချိုးကျ လှနေတဲ့ ယဉ်ကျေးမှုတွေကို လေ့လာရင်းပေါ့။

 

 

Source; Myanmar Traveller


Read 737 times
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.