Friday, 15 November 2019 17:55

1_3_1.jpg

 

မန္တလေးမြို့တော်ဟာ လည်ပတ်စရာအကောင်းဆုံး မြို့တော်တွေတထဲက တစ်ခုဖြစ်ပြီး အစားအေသာက်တွေလည်းပေါများတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ဒါဆို မန္တလေးမြို့ကို လည်လာရောက်လည်ပတ်မယ်ဆိုရင် မဖြစ်မနေမြည်းစမ်းသွားသင့်တဲ့ အစားအသောက်တွေက ဘာတွေလဲ…?

 

1. ဒေါ်တောမုန့်တီ (အမဲကြောလေးထည့်စားရန်)

2. စိုးစိုးမုန့်တီ (ငါးဖယ်ပေါင်းလေးပါစား)

3. ၁၆လမ်းမြီးရှည် (ဒညင်းသီးနဲ့ ဝက်မြီးနဲ့သုပ်)

4. ပါလေကာ ရှမ်းခေါက်ဆွဲ (အီကြာကွေး ဝက်ခေါက်လေးထည့်စား)

5. ရွှေမူဆယ်မှာ ရှမ်းသုပ် အမဲလုံးလေးနဲ့ ဆန်ချိုအေးလေးပါသောက်

6. ယမုံနာမှာ စကောထမင်း ဝက်နားရွက်သုပ် ဝဆန်ပြုတ်လေးလည်း သောက်

7. ၆၉လမ်း ကြာဇံကြော်ဆိုင်က ငါးရေခွံ ကြွပ်ကြွပ်လေးကို အချဉ်ရည်ရွှဲရွှဲလေးနဲ့စား

8. မြို့သစ်ထဲက ငုံးဥ၅လုံးပါတဲ့ မုန့်ရေပါးလေးစားပါ။ နေအုံး အဲ့ကိုအသွားလမ်းမှာ Yakunက ကော်ဖီလေးပါဆယ်ဆွဲသွားပြီး မြည်းရမယ်။

9. ညဘက်ကျ ရွှေကဖီးက ချပါတီကို အမဲနှပ်လေးနဲ့ ဆိတ်စွပ်လေးလည်း သောက်အုံး

10. တရုတ်တန်း သုံးချိန်က မာလာဟင်း ကြက်ခြေထောက်သုပ် ငါးပေါင်းလေးရော

11. တရုတ်တန်းက အာဝူးကြက်ကင် ထောပတ်ဘီးမုန့်

12. ရွှေကတ္တီဒိန်ချဉ်မှာလည်း ထန်းညက်ရည် ပျစ်ပျစ်ကလေးနဲ့ သောက်အုံး

13. ဂီဂီဆိုင်က သံပုံးကြက်ကင်ရယ် ဝါးပိုးငါးရယ်လည်း ဆွဲ

14. နန်းရှေ့ဝင်းစံပယ်မှာ ငါးဒုက္ခလေးရယ် ကြက်ကြောကြော် သံပြားခေါက်ဆွဲရယ်

15. နန်းရှေ့ကပဲ ကြိုင်သင်းမှာ ထောပတ်ပဲထမင်းနဲ့ လက်ဖက်ရည်

16. ကမ်းနားလမ်းက ကြက်ရိုးမုန့်တီ

17. လေပြည်ညှင်းက ကောက်ညင်းပေါင်းနဲ့ အကြော်စုံ

18. ဆေးကျောင်းရှေ့ ဦးလေးကြီးက နို့ကော်ဖီနော်

19. အေးချမ်းမြေမှာလည်း ရှမ်းထမင်းပုံစားလေး စားရအုံးမယ်။

20. အောင်တော်မူရှေ့က ခိုတောင်မုန့်နီ

21. အောင်တော်မူနားမှာပဲ လမ်းထောင့်လေးက မုန့်ပေါင်းနဲ့ အကြော်

Read More>>>သင်ဝါးပြီးထွေးထုတ်လိုက်တဲ့ သလဲသီးရဲ့အစေ့ထဲမှာ ဘယ်လိုအစွမ်းအာနိသင်တွေ ရှိနေမလဲ

22. လမ်း၃၀ ဆေးရုံကြီးရှေ့က ပုစွန်ကြော်

23. ခိုင်လီက ကြက်ချဉ်စပ်

24. ရေတံခွန်တောင်လမ်းက ရေကြက်ကြော်

25. ပြင်ဦးလွင် အတက်လမ်းက လယ်တောဆိုင်မှာ ဝက်အစုံသုပ် ဂေါ်ရခါးညွန့်ကြော်

26. ၃၅လမ်း ဂုန်းတံတားအောက်က မလိုင်အီကြာ

27. ၁၆ကျောင်းရှေ့က အချေကြီး မြင့်လွင်တုတ်ထိုးမှာ အူကြွပ်ကြော်လေး

28. ၆၈လမ်းက ရိုးရာဆူရှီဆိုင်က လက်ဖက်ဆူရှီ

29. ရှမ်းရိုးမဆိုင်က ရှမ်းတို့ဖူးသုပ်နဲ့ မုန့်လက်ဆောင်း

30. ညကျ The Squareမှာ Unplugged လေးနဲ့ ကြက်ဆီထမင်းလေး သီဟိုရ်စေ့ ဂျင်းကြော်လေး

31. မြမန္တလာ ရေကူးကန်ရှေ့က စမူဆာနဲ့ ဆိတ်ဂွေးစိသုပ်

32. မိန်းထဲက အန်တီမိုးဆိုင်မှာ ကြက်ကြော်လေးနဲ့ ထမင်းစားပါ။

33. ဗန်းကြီးနဲ့ ရွက်ရောင်းတဲ့ အန်တီဝိုင်း ကြာဇံကြော် ခေါက်ဆွဲသုပ်လည်း စားပါ

34. ညဘက် ဈေးချိုနားက အပျိုကြီးလက်နယ်ထမင်းနဲ့ ဆူးပုတ်ကြက်ဥကြော် ဂွေးတောက်ဟင်းချို

35. လမ်း၆၀ ကချင်ဆိုင်က ခေါင်ရည်နဲ့ ကချင်ကြက်ကြော်လေးလည်း မူးလိုက်ပါ

36. မိန်းထဲက ဦးဒီဝိုင်း အချဉ်ပေါင်းဆိုင်က သရက်သီး

37. အထက (၆)ရှေ့က ဇီးယို

38. မစီမာ ဇီးပေါင်း

39. ၇၄လမ်း သိန်းဝင်းရှေ့က ချဉ်စပ်ရခိုင်သုပ် ခေါက်ဆွဲသုပ်

40. မန်းလေးတောင်ခြေက ဝက်ဆီဖတ် မုန့်ပျစ်သလက်လေးရော

41. ရေနီမြောင်းဘေးက အာပူလျှာပူရော

42. ဒေါ်ရှုဘီ မုန့်ဟင်းခါးနဲ့ အုန်းနို့ခေါက်ဆွဲ

43. ၆၄လမ်း ၂၄လမ်းထောင့်က မြန်မာမုန့်စုံ

44. ဈေးချိုထဲက သာကူကြို ဂျိုယို

45. ဈေးချိုထဲကပဲ ဒညင်းသီးအုန်းနို့ဆမ်း

46. ဈေးချိုထဲက ဖက်ထမင်းလေးရော

47. ၆၂လမ်းရှမ်းရွှေတောင်က လက်ဖက်ခေါက်ဆွဲပြုတ် လက်ဖက်ကြက်ဥကြော်

48. အညာမြေဆိုင်က လက်ပံပြားကြက်ကြော်

49. ကိန်ကြည်က ကြက်ဥခေါက်ဆွဲကြော်

50. ရှမ်းယဉ်ယဉ်က တရုတ်စာ အစုံ

 

Source; Mandalay Food

 


Read 890 times
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.