Thursday, 14 November 2019 17:03

mdy 3b 0

ချမ်းမြရွှေပြည်(ကျွဲဆည်ကန်)ကားကွင်းကို အဆင့်မြှင့်တင်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ယာဉ်လိုင်းများကို ယာယီကားကွင်းသို့ ယခုလ (နိုဝင်ဘာလ)အတွင်း ပြောင်းရွှေ့မည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ပြောင်းရွှေ့ပေးမည့် ကားကွင်းမှာ ပြည်ကြီးတံခွန်မြို့နယ် ၇၁ လမ်း၊မြိုမသစ်လွင်လမ်းနှင့် မြို့မဒင်္ဂါးလမ်းတွင် ဖြစ်ပြီး ဧရိယာ ၁၀ ဧကခန့်အကျယ်ရှိကြောင်း သိရသည်။

“နိုင်ငံခြားခရီးသွားတွေရောပြည်တွင်းခရီးသွားတွေရောကားစီးရေနဲ့ ကားဂိတ်တွေများလာတယ်။ အဆင့်မြင့်ကားကွင်းတစ်ခု လိုအပ်လာလို့ အဆင့်မြှင့်တင် တည်ဆောက်သွားမယ်။ ယာယီရွှေ့ပြောင်းဖို့ လုပ်ထားတဲ့ ကားကွင်းက ခုလက်ရှိ ကျွဲဆည်ကန်ကားကွင်းထက် ပိုကောင်းတယ်။”ဟု မြို့တော်စည်ပင်သာယာရေးကော်မတီ ဦးကျော်ဆန်းမြင့်က ပြောသည်။

Read More>>> အမြန်လမ်းမကြီးတွေမှာ ခရီးသွားတွေ နားခိုနိုင်စေဖို့ ဓမ္မာရုံများ တည်ဆောက်

ကားအသင်းများ ယာယီရွှေ့ပြောင်းရမည့်ကားကွင်းတွင် ကားအစီးရေ ၄၀ ဆိုက်ရောက်ထွက်ခွာနိုင်ပြီး ကားစီးရေ ၂၀၀ နီးပါးခန့် ရပ်နားနိုင်ရန် စီစဉ်ထားကြောင်း၊ကြိုပို့ကိုယ်ပိုင်ကားများ၊ဆိုင်ကယ် တက္ကစီ/သုံးဘီး တက္ကစီနှင့် လေးဘီးယာဉ်ငယ်တက္ကစီများအတွက်ရပ်နားရန်၊ခရီးသည်နားနေရန် နေရာများနင့် သန့်စင်ခန်းများ၊ခရီး သည်ယာဉ်ဆိုက်ရောက်/ထွက်ခွာနေရာများ သီးသန့်စီစဉ်ထားရှိကြောင်း သိရသည်။

Read More>>> ဂေါ်ရင်ဂျီကျွန်းကို သွားမယ်ဆိုရင် သိထားသင့်တဲ့ အချက်(၆)ချက်

မန္တလေး ဒုတိယမြို့တော်ဝန် ဦးရဲမွန်ကလည်း “မူလကားကွင်းမှ ယာယီကားကွင်းကို ရွှေ့ပြောင်းနိုင်ဖို့ဂိတ် ခန်း ပိုင်ရှင်များနဲ့ ညှိနိုင်းပါတယ်။တက္ကစီအတွက် နေရာ ခရီးသည်ကား ရပ်နားမယ့်နေရာ၊ ကုန်ထားရမယ့် နေရာတွေ စားသောက်ဆိုင်နေရာ စီစဉ်ထားတယ်။စနစ်တကျနေရာချထားနိုင်အောင် ယာယီကားကွင်းကို ရွှေ့ပြောင်းဖို့ ဂိတ်ခန်းပိုင်ရှင်တွေနဲ့ ညှိနိုင်းဆောင်ရွက်သွားရမှာပါ”ဟုဆိုသည်။

လက်ရှိချမ်းမြရွှေပြည်ကားကွင်းမှ ရန်ကုန်-နေပြည်တော်-မကွေး-မော်လမြိုင်-စစ်တွေနှင့် တိုင်းနှင့် ပြည်နယ် အသီးသီးသို့ ခရီးသည်ပို့ဆောင်ရေးယာဉ်အသင်းပေါင်း၂၀၀ ကျော်ရှိကြောင်း၊အဆင့်မြှင့်တည်ဆောက်ရေးကို M-Development Co.,Ltd မှ BOT ဖြင့် လုပ်ကိုင်ခွင့်ရရှိထားပြီး ယာယီကားကွင်းမှာ နေရာကျဉ်း၍ အဆင် မပြေမှုများရှိနိုင်သည်ဟု ပြောဆိုမှုများလည်းရှိခဲ့ကြောင်းသိရသည်။

Read More>>> ကုန်းတွင်းရေနံလုပ်ငန်း လုပ်ကိုင်ဖို့ ဖြစ်နိုင်ခြေရှိမရှိ မန္တလေးတိုင်းရှိ မြို့နယ်ရှစ်မြို့နယ်ကို လေ့လာမည်

Source:MRTV


Read 278 times
Rate :
(5 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.