Thursday, 14 November 2019 15:40

82 9

မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီးက ဂေါ်ရင်ဂျီကျွန်း (ငရုတ်ကောင်းကျွန်း)ဟာ သဘာဝအတိုင်း လှပစွာတည်ရှိနေတဲ့ ကျွန်းတစ်ကျွန်း ဖြစ်ပါတယ်။

အဆိုပါကျွန်းဟာ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ နံ့သာပုကျေးရွာတွင် တည်ရှိပါတယ်။

ပုသိမ်-မော်တင်ကာလမ်းမှ ငရုတ်ကောင်းမြို့သို့ ၅ နာရီခန့် ကားဖြင့်သွားရပြီး ငရုတ်ကောင်းမြို့မှ မြေသားလမ်းအတိုင်း ၁၇ မိုင်ခန့် သွားရပါတယ်။

ဒါ့ကြောင့် ဂေါ်ရင်ဂျီကျွန်းကို သွားမယ်ဆိုရင် အောက်ပါအချက်လေးတွေ သိဖို့လိုပါတယ်။

Read More>>> နိုင်ငံပိုင်လေကြောင်းလိုင်းက  မန္တလေး-တာချီလိတ်ခရီးစဉ်ကို တိုးချဲ့ပြေးဆွဲမည်

(၁) ခရီးလမ်းကြမ်းတယ်

ပထမဆုံးအချက်အနေနဲ့ ဒီခရီးဟာ ရန်ကုန်နေပြည်တော် အမြန်လမ်းလို ချောမွေ့နေတဲ့လမ်း မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။ ညသွားပြီး မနက်မှရောက်တာမို့ ခရီးဝေးလို့ဆိုနိုင်ပါတယ်။ လမ်းမှာ အကွေ့ အကောက် အနိမ့်အမြင့်တွေကို ကျော်ဖြတ်ရမှာမို့ ကားမူးတာတွေ၊ တစ်ကိုယ်လုံးကိုက်ခဲတာတွေဖြစ်နိုင်ပါတယ်။

(၂) နေစရာမရှိဘူး

ငရုတ်ကောင်းကိုရောက်လို့ ကျွန်းပေါ်သွားပြီး အိပ်မယ်၊ နေမယ်ဆိုတဲ့အခါ ဆင်းရဲတွင်းထဲရောက်တော့မယ်လို့သာတွေးကြည့်လိုက်ပါ။ နေစရာ တော်တော်ရှားပါတယ်။ အခြားကမ်းခြေတွေလို ဘန်ဂလို၊ Resorts တွေဟီးနေအောင် မရှိပါဘူး။ ရှိတဲ့တည်းခိုခန်းသာသာလေးကို မျက်နှာငယ်လေးနဲ့အသနားခံ ပိုက်ဆံပေးပြီးငှားရမှာ၊ ရှာရမှာ အသေအချာ ပါပဲ။

(၃) စားစရာရှားတယ်

ကမ်းခြေဆိုပြီး ပင်လယ်စာတွေပေါတယ်၊ အကင်ရောင်းတဲ့သူတွေရှိမယ်လို့ လုံးဝမတွေးပါနဲ့။ ရှိတဲ့နှစ်နေရာသုံးနေရာမှာ ဖြစ်သလို ကြုံသလို ပိုက်ဆံပေးပြီး စားကြရမှာပါ။

(၄) ထိခိုက်ဒဏ်ရာ ရတတ်တယ်

ကျွန်းအရိုင်းကြီးမို့ သဲသောင်ပြင်ချည်းရှိနေတယ် မထင်ပါနဲ့။ အထူးသဖြင့် ပန်းကန်လုံးကျွန်း၊ လိပ်ချိုင် တို့သွားတဲ့အခါ မှာ ဖိနပ်ပါးစီးပြီးသွားမှ အဆင်ပြေမယ်။မြေကြီးတို့ သဲတို့မဟုတ်ပါဘူး။ ခရုခွံတွေပေါ် လျှောက်ရတာမို့လို့ပါ။ နေရာက အနိမ့်အမြင့်တွေများတယ်။ ဒါကြောင့် မတော်တဆချော် လဲတတ်ပါတယ်။ ဒါကအထူးသတိထားရမှာပါ။

(၅) အရေပြား Allergic တွေထမယ်

ပြန်လာရင်တော့ တစ်ကိုယ်လုံးယားယံပြီး အလဂျစ်တွေ ထပါလိမ့်မယ်။ ရေမသန့်တာ မဟုတ်ပါဘူး။ ရေအသန့်လွန်တာကြောင့် ဆော့လို့ကောင်းရင်း ဆော့တာလွန်တဲ့ နောက်ဆက်တွဲလို့ ထင်ပါတယ်။

(၆) Safety Zone မရှိပါ

အခြားကမ်းခြေတွေမှာလို အန္တရယ်မဖြစ်အောင် ကန့်သတ်နယ်မြေထားပြီး ရေကစားစေတာမျိုးမရှိပါ။ လုံခြုံရေးတွေလည်း မရှိပါ။ ကျွန်းက အရိုင်းပဲရှိသေးတာမို့ ရေတွေ ဘာတွေကူးရင်တော့ သတိထားဖို့လိုပါတယ်။

Read More>>> အမြန်လမ်းမကြီးတွေမှာ ခရီးသွားတွေ နားခိုနိုင်စေဖို့ ဓမ္မာရုံများ တည်ဆောက်

မှတ်ချက်။ ။ MPT လိုင်းပဲမိတယ်လို့သိရပါတယ်။ Power bank ကိုအားအပြည့်သွင်းပြီးယူသွားပါ။ အရက်ပျံ၊ ပလာစတာ၊ မိမိနှင့်အသုံးတည့်သော ဆေးအနည်းငယ်ယူသွားပါ(ရေစပ်မှာ ထိမိရှမိနိုင်လို့ပါ)။ ရေစိုခံတဲ့ဖိနပ် အပိုထည့်ယူသွားပါ။ ဓါတ်မီးကောင်းကောင်းထည့်ယူသွားပါ။ ပုလင်းယူသွားပြီး ကမ်းခြေရောက်မှ ရေခဲနဲ့ ကစ်လိုက်မယ်ဆိုတဲ့အတွေးရှိရင်ထုတ်လိုက်ပါ။ (ဟိုမှာ ရေခဲမရှိပါ)။ ပေါ့ပေါ့ပါးပါး သောက်လို့ရတာလေးယူသွားပါ။ ဓါတ်ပုံဝါသနာရှင်တွေအတွက်တော့ မီးမရှိတာကိုသတိပြုပြီး လိုအပ်သလိုဆောင်ရွက်သွားပါ။ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ကြတဲ့အတွက် ငါးညှီနံ့မရတဲ့ ဘန်ဂလိုနဲ့ ရေစိမ်ဖို့ အဆင်ပြေတဲ့ ဘန်ဂလိုကို ရွေးချယ်ပါ။

Source: wikipedia,MyanmarTourismGuide

Nilar Myot Win


Read 336 times
Rate :
(10 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.