Wednesday, 13 November 2019 18:05

c.files .bbci .co .uk 109602272 733cf5f0 2a2c ae3d7828217a33e43cdda2516283a2f9367cd268 696x392

ကုန်းတွင်းရေနံလုပ်ငန်း လုပ်ကိုင်ဖို့အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ရှစ်မြို့နယ်ကို မြေသားဓာတုလေ့လာရေးလုပ်ငန်းများ လုပ်ဆောင်ဖို့ ရှိနေပါတယ်။

ဒီလုပ်ငန်းတွေကို အီတလီနိုင်ငံအခြေစိုက် ENI ကုမ္မဏီကလုပ်ဆောင်မှာဖြစ်ပြီး ဒီလိုလုပ်ဆောင်မယ့်အကြောင်းကို နိုဝင်ဘာ ၈ ရက်နေ့က လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို တွေ့ဆုံရှင်းပြခဲ့တယ်လို့ စဥ့်ကိုင်မြို့နယ် တိုင်းဒေသကြီး အမှတ် ( ၂ ) ကိုယ်စားလှယ် ဦးလှိုင်ဝင်းက ပြောပါတယ်။

"ဒီနေရာတွေမှာ ဟိုက်ဒရိုကာဘွန်နိပ် ရေနံရှိနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေအရင်ကတည်းက ရှိခဲ့တယ်။ ဒါကိုဘယ်လောက်အတိုင်းအတာထိရှိထားသလဲဆိုတာသိဖို့ကို ကနဦး မြေသားဓါတုစမ်းသပ်ခြင်းလုပ်ငန်းတွေ လုပ်ဆောင်မယ်။ ဒီမြို့နယ်မှာရေနံသိုက်၊ ရေနံ ကြောတွေ့ထားတာမဟုတ်ဘူး။ ရှစ်မြို့နယ်မှာ လေ့လာစမ်းသပ်မှုတွေလုပ်ဖို့အတွက် စတင်ဆွေးနွေးတာ" ပါလို့ ဦးလှိုင်ဝင်းက ဆိုပါတယ်။

Read More>>> အမြန်လမ်းမကြီးတွေမှာ ခရီးသွားတွေ နားခိုနိုင်စေဖို့ ဓမ္မာရုံများ တည်ဆောက်

စဥ့်ကိုင်မြို့နယ်အပါအဝင် မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိနေတဲ့ ဧရိယာ(ခန့်မှန်း ၅၁၀၀ စတုရန်းကီလိုမီတာ)၊ မြို့နယ်(၈)မြို့နယ်၊ ကျေးရွာအုပ်စုပေါင်း ၃၇၀ ကျော်မှာ ကုန်းတွင်းရေနံလုပ်ကွက် PSC-K တွေ ဖြစ်လာနိုင်ခြေတွေ ရှိမရှိသိဖို့အတွက် မြေသားဓာတုစမ်းသပ်မှုတွေလုပ်ဆောင်မှာပါ။ ဒီလုပ်ငန်းတွေကို နိုဝင်ဘာလအတွင်းစတင်လုပ်ဆောင်ဖို့ခန့်မှန်းထားတယ်လို့ ဦးလှိုင်ဝင်းကပြောပါတယ်။

"တူးဖော်ရေးစီမံကိန်းတွေဟာ အမျိုးသားစီမံကိန်း(National Plan)ဖြစ်တာနဲ့အညီ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ ဖန်တီးပေးနိုင်သလို ဒေသတွင်း ဝင်ငွေတိုးပွားလာစေပါလိမ့်မယ်။ မြေယာစီမံခန့်ခွဲပုံ၊သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ လူမှုစီးပွားဘဝ ထိခိုက်မှုတိုကိုတော့ တည်ဆဲဥပဒေများ၊ ညွှန်ကြားချက်များနဲ့အညီ ပြီးပြည့်စုံစွာ ဆန်းစစ်လေ့လာပြီး လိုက်နာကျင့်သုံး အကောင်အထည်ဖော်ဖို့တော့ အထူးတလည် လိုအပ်ပါတယ်။ဒေသတွင်းနေထိုင်ကြသူများရဲ့သဘောထားအမြင်များအပေါ်မှာလည်း လေးလေးစားစားနဲ့ ထည့်သွင်းစဉ်းစားကာ တိုင်းပြည်နဲ့ပြည်သူတို့ရဲ့အကျိုးစီးပွား ပိုမိုတိုးတက်လာစေရေး စေတနာကောင်းထားပြီး လုပ်ငန်းစဉ်တိုင်းမှာ စနစ်တကျ ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်" လို့ ၎င်းကပြောပါတယ်။

Read More>>> ရေစီးရေလာကောင်းမွန်စေရေးနှင့် ဝင်၊ ထွက်လမ်းများ ကောင်းမွန်စေရေးအတွက် အဆင့်မြှင့်တင်သွားမည့် ရေနီမြောင်းမြေနေရာ

မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ၀မ်းတွင်း၊ ကျောက်ဆည်၊ စဥ့်ကိုင်၊ မြစ်သား စတဲ့ မြို့နယ် ( ၈ ) မြို့နယ်မှာ မြေသားစမ်းသပ်လေ့လာမှုတွေပြုလုပ်မှာဖြစ်ပါတယ်။

Source: Kumudra,bbc


Read 167 times Last modified on Thursday, 14 November 2019 14:07
Rate :
(7 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.