Friday, 08 November 2019 14:17

fatigued-driver-640px_1.jpg

ယာဉ်မောင်းသူတွေ ဂရုမပြုဘဲ လုပ်မိနေတဲ့အမှားတွေလို့ပြောလိုက်ရင် ကားအရှိန်မြှင့်မောင်းတာ၊ မူးပြီးမောင်းတာ၊ ကားမောင်းရင်း ဖုန်းပြောတာတွေကို မြင်မိကြမှာပါ။ ဒါပေမယ့် တစ်ခြားအပြုအမူလေးတွေကို ကိုယ်တိုင်မသိလိုက်ဘဲ ကားမောင်းရင်းလုပ်မိနေတာ ရှိပါတယ်။

အဲ့ဒီအပြုအမူလေးတွေကလည်း ယာဉ်တိုက်မှုတွေကို ဖြစ်စေတယ်ဆိုတာကို မျှဝေပေးလိုပါတယ်။


၁။ သီချင်းလိုက်ဆိုခြင်း

ကားမောင်းရင်း သီချင်းလိုက်ဆိုတာက ပြဿနာမရှိဘူးလို့ မထင်ပါနဲ့။ သီချင်းလိုက်ဆိုရင်း ဈာန်ဝင်သွားရင် ကားမောင်းတာကို အာရုံမရှိတော့ဘဲ မတော်တဆမှုတွေ ဖြစ်စေနိုင်ပါတယ်။


၂။ နားကြပ်တပ်ထားခြင်း

နားကြပ်တပ်ထားရင် နောက်ကကားဟွန်းတီးတာလည်း ကြားမှာမဟုတ်ပါဘူး။ ကားတွေအားလုံးက အရှိန်နဲ့မောင်းနေတာကြောင့် ဟွန်းတီးတာမကြားဘဲ ကမောက်ကမဖြစ်ပြီး မတော်တဆမှုတွေ ဖြစ်စေနိုင်ပါတယ်။


၃။ ဒေါက်ဖိနပ်စီးခြင်း

ဒေါက်ဖိနပ်စီးပြီး ကားမောင်းရင်တော့ အထူးသတိပြုဖို့ လိုပါတယ်။ သတိမပြုမိဘဲ ဒေါက်ဖိနပ်က floorboard ကြားညပ်သွားရင် အသက်ဆုံးရှုံးနိုင်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။


၎။ Dashboard ပေါ် ခြေထောက်တင်ခြင်း

Dashboard ပေါ်ခြေထောက်တင်လိုက်ရင် ရှေ့က ကားသွားကားလာတွေကို မမြင်နိုင်တော့လို့ မတော်တဆမှုတွေ ဖြစ်စေပါတယ်။ မတော်တဆမှုဖြစ်ပြီဆိုရင်လည်း အဲ့ဒီလိုထိုင်နေတဲ့သူက အန္တရာယ်ပိုများပါတယ်။

Read More>>>တန်ဆောင်တိုင်ပိတ်ရက်မှာ သွားရောက် လည်ပတ်သင့်တဲ့ အစည်ကားဆုံးနေရာများ


၅။ ကားမောင်းတဲ့သူဘေးမှာ အိပ်ခြင်း

ကားမောင်းတဲ့သူရဲ့ခုံဘေးမှာထိုင်တယ်ဆိုရင် အတတ်နိုင်ဆုံးမအိပ်ပါနဲ့။ သန်းရင်တောင် အချင်းချင်းကူးစက်နိုင်တာမို့လို့ ကိုယ်အိပ်နေရင် သူလဲအိပ်ချင်လာမှာပါ။ အိပ်ချင်စိတ်နဲ့ကားမောင်းတာကလည်း မတော်တဆမှုတွေ ဖြစ်စေနိုင်ပါတယ်။


၆။ ကားမောင်းရင်း ဖုန်းသုံးခြင်း

ကားမောင်းနေရင်း ဖုန်းနဲ့စာပို့တာ၊ ဖုန်းပြောတာတွေက မတော်တဆမှုဖြစ်ပွားနိုင်ခြေအမြင့်ဆုံးစာရင်းထဲမှာ ပါပါတယ်။


၇။ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ကားမောင်းခြင်း

ကားမောင်းတဲ့အခါမှာ အိမ်မွေးတိရစ္ဆာန်လေးတွေကို ကားပေါ်တင်စီးရင် ကားမောင်းတာကို အာရုံမစိုက်နိုင်တော့ဘဲ သူ့ကိုပဲလိုက်ကြည့်နေရသလိုဖြစ်တာကြောင့် မလိုလားအပ်တဲ့ မတော်တဆမှုတွေ ဖြစ်လာစေနိုင်ပါတယ်။

>>>ကားရေဆေးဆီထိုး စက်ပစ္စည်းများ (7)<<<


၈။ တံတောင်ဆစ်နဲ့ ဒူးခေါင်းတို့ကိုသုံးပြီး ကားမောင်းခြင်း

တစ်ခုခုစားနေတာ၊ တစ်ခုခုလုပ်နေရတာကြောင့် လက်မအားလို့ ဒူးခေါင်းနဲ့ပဲဖြစ်ဖြစ်၊ တံတောင်ဆစ်နဲ့ပဲဖြစ်ဖြစ် ကားမောင်းတာက အရမ်းအန္တရာယ်များတဲ့ လုပ်ရပ်ပါ။


၉။ စာဖတ်ရင်း၊ ရုပ်ရှင်ကြည့်ရင်း ကားမောင်းခြင်း

ကားမောင်းတဲ့အခါမှာ အခြားအရာတွေအပေါ်မှာ အာရုံစူးစိုက်နေတာက အန္တရာယ်များပါတယ်။ စာဖတ်တာ၊ ရုပ်ရှင်ကြည့်တာက သဲကြီးမည်းကြီး အာရုံစိုက်ရတာဖြစ်လို့ ကားမောင်းရင်းနဲ့ မပြုလုပ်သင့်ပါဘူး။


Source; course

 


Read 1721 times
Rate :
(5 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.