Monday, 04 November 2019 14:21

shutterstock 593655197 1024x683

စစ်ကိုင်းမြို့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်အတွက် အထင်ကရနေရာများကို လည်ပတ်ကြည့်ရှုနိုင်မည့် ရေကြောင်းခရီးစဉ် Speedboat များဖြင့် ဧရာဝတီမြစ်အတွင်း ပြေးဆွဲပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းရှင်များအသင်း(စစ်ကိုင်း)မှ သိရသည်။

"ဒီနှစ်နိုဝင်ဘာ သို့မဟုတ် ဒီဇင်ဘာကစတင်ပြီး အင်းဝ-မင်းကွန်း -ရှိမ်းမကားနဲ့ဧရာဝတီလင်းပိုင်ကြည့်ရှုနိုင်မယ့် ခရီးစဉ်တွေကို စစ်ကိုင်းမြို့ကနေပြီး Speedboat တွေနဲ့ပြေးဆွဲပေးဖို့စီစဉ်နေပါတယ်။ လောလောဆယ် အစမ်း အနေနဲ့ ဂျပန်က မှာယူတဲ့ Speedboat တစ်စင်းနဲ့ စတင်ပြေးဆွဲပေးမယ်။ မှာယူထားတာတော့ ငါးစင်းပါ။ ခရီးသည်တွေလေ့လာချင်တဲ့နေရာတွေကို လိုက်ပို့ပေးမှာပါ။ ပြည်ပခရီးသည်သာမက ပြည်တွင်းကပါ လိုက်ပါနိုင်အောင် ဈေးနှုန်းအချိုသာဆုံးနဲ့ အနည်းဆုံးဖြစ်အောင် စီစဉ်ထားပါတယ်"ဟု ဟိုတယ်နှင့်တည်းခိုခန်းလုပ်ငန်းရှင်များအသင်း(စစ်ကိုင်း)မှ ဥက္ကဋ္ဌ ဦးညွန့်ဝင်းက ပြောသည်။

Read More>>> မန္တလေးအပါအဝင် ကျန်တိုင်းဒေသကြီးများတွင် နေရာကွက်ကျား မိုးထစ်ချုန်းသွန်းမည်

Speedboat တစ်စင်းလျှင် လူ ၁ဝ ဦးအထိလိုက်ပါစီးနင်းနိုင်ပြီး လိုက်ပါစီးနင်းမည့် ခရီးသွားများအတွက် အသက်ကယ်အင်္ကျီများ၊ အသက်ကယ်ပစ္စည်းများ ထားရှိဆောင်ရွက်ပေးမည်ဖြစ်သည့်အပြင် အခြားလိုအပ်သည့် ဝန်ဆောင်မှုများကိုပါ ပေးဆောင်ရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်သည်။

စစ်ကိုင်းမြို့သို့ ယခုနှစ်သီတင်းကျွတ်လမှစတင်၍ ဟိုတယ်၊ တည်းခိုခန်းများသို့ လာရောက်တည်းခိုသည့် ပြည်တွင်း၊ ပြည်ပခရီးသွားများ ယခင်နှစ်ကာလတူစာရင်းနှင့် နှိုင်းယှဉ်ပါက ၂ဝ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့သည်။

Read More>>> ထရန်စဖော်မာ တည်ဆောက်ဖို့အတွက် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တင်ဒါခေါ်ယူ

ခရီးသွားဧည့်သည်များ စစ်ကိုင်းမြို့သို့ လာရောက်ရာတွင် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန် ဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်းရှင်များအသင်း(စစ်ကိုင်း)မှ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

Source: Myanmar Times


Read 338 times
Rate :
(2 votes)

Related items

  • တစ်ပတ်အတွင်း ပြောင်းလဲနေတဲ့သီးနှံဈေးနှုန်းနှင့် ဆီဈေးနှုန်းများ

    bean.jpg

    အောက်ဖော်ပြပါဈေးနှုန်းများသည် ဇန်နဝါရီလ (၂၁) ရက်နေ့ မနက် ၁၁ နာရီတွင် ကောက်ယူထားသော ဈေးနှုန်းများဖြစ်၍ ပြောင်းလဲမှု အနည်းငယ်ရှိနိုင်ပါတယ်။

  • အိမ်တွင်းအပင်လေးတွေကို သဘာဝနည်းအတိုင်းပေါင်းသတ်နည်း

    pareja-joven-plantando-arbol_28283-620_1.jpg

    မိမိအိမ်တွင်းမှာ အပင်လေးတွေစိုက်ထားပေမယ့် ပိုးတွေကျနေလို့စိတ်ညစ်နေရတယ်၊ ပေါင်းသတ်ဆေးသုံးပြန်ရင်လည်း အပင်လေးတွေ သေသွားမှာကြောက်နေရတဲ့ သူတွေရှိပါတယ်။ အိမ်တွင်းအပင်လေးတွေအတွက် ဓါတုပိုးသတ်ဆေးတွေကို သုံးစွဲမယ်ဆိုရင် မြေဆီသြဇာကို ခမ်းခြောက်စေပြီး အပင်လေးတွေကိုလဲ ထိခိုက်စေပါတယ်။ ဒါကြောင့် သဘာဝပစ္စည်းတွေနဲ့ပြုလုပ်လို့ရတဲ့ အိမ်တွင်းပေါင်းသတ်ဆေးလုပ်နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

  • mesc မှခေါ်ယူနေသော တင်ဒါများ

    w4.jpg

    ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မန္တလေးတိုင်းဒေသကြီး၊မန္တလေးမြို့မှ အောက်ဖော်ပြပါလုပ်ငန်းများအား တင်ဒါခေါ်ယူနေပါတယ်။

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.