Wednesday, 30 October 2019 15:10

Yorkshire-Terrier-dog-vet-veterinarian_1_1.jpg

 

လေ့လာမှုတွေအရ အိမ်မွေးတိရိစ္ဆာန် ပိုင်ရှင်တွေဟာ အိမ်မွေးတိရိစ္ဆာန် မမွေးသူတွေထက် စိတ်ဖိစီးစိမှုဒဏ်ကို ပိုခံနိုင်ပြီး ကျန်းမာရေးလည်း ပိုကောင်းကြကြောင်း ပညာရှင်တွေက ဆိုပါတယ်။

ဒါပေမယ့် မိမိကို ဒီလိုအကျိုးပြုတဲ့ သူတို့လေးတွေလည်း ဖျားနာတတ်ပါတယ်။ သင့်ရဲ့ ခွေးလေး ကြောင်လေးတွေကို အမြဲကျန်းမာနေစေဖို့ သူတို့ရဲ့ အမူအရာ အနေအထား ပြောင်းလဲလာမှုတွေအကြောင်းကို သိထားဖို့ လိုပါတယ်။ ဒါကြောင့် ကလေးတို့ရဲ့ ဖေဖေ မေမေတွေအတွက် သူတို့လေးတွေ နေမကောင်းရင် ဖြစ်ပေါ်တတ်တဲ့ လက္ခဏာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ချောင်းဆိုးတာ အန်တာ 

ဒါကတော့ ခွေးလေး ကြောင်လေးတွေ မွေးထားသူတွေ သိနေပြီးဖြစ်တဲ့ လက္ခဏာရပ်တွေဖြစ်ပါတယ်။ ချောင်းဆိုးတာ အန်တာက (၂)ပတ် တစ်ခါ၊ (၁)လ တစ်ခါလောက် ဖြစ်တာဆိုရင် ကိစ္စမရှိပေမယ့် မကြာခဏဆိုရင်တော့ စိုးရိမ်စရာရှိပါတယ်။ သူတို့ရဲ့ ကိုယ်တွင်းကလီစာတွေ မကျန်းမာတာမျိုးနဲ့ ရောဂါပိုးကူးစက်ခံရချိန်တွေမှာ အန်တတ် ချောင်းဆိုးတတ်ကြပါတယ်။ သွေးအန်တာမျိုးဆိုရင် သူတို့တွေ အချွန်၊ အရှ တစ်ခုခုကို မျိုချမိလိုက်လို့လည်း ဖြစ်နိုင်ပါတယ်။

နုံးချိ နွမ်းနယ်နေရင်

အမြဲတမ်း တက်ကြွနေတတ်တဲ့ သင့်ခွေးလေး ကြောင်လေးတွေက သင်သွားစရင်တောင်  ပြန်မကစားချင်တော့ဘူးဆိုရင် တစ်ခုခုမှားနေတာ သေချာပါပြီ။ ဒီလက္ခဏာကတော့ သူတို့လေးတွေ ရောဂါပိုးအကူးခံရတဲ့အခါ၊ ဆီးချိုသွေးချိုရှိတဲ့အခါ၊ သွေးတွင်း ဂလူးကို့စ် နည်းတဲ့အခါနဲ့ သွေးနီဥနည်းပါးတဲ့ ရောဂါတို့ ရှိတဲ့အခါတွေမှာ ဖြစ်တတ်ပါတယ်။

Read More>>>ခရီးသွားတဲ့အခါ မဖြစ်မနေ ယူဆောင်သွားသင့်တဲ့ အလှကုန်ပစ္စည်း (၇) မျိုး

ဂနာမငြိမ်ဖြစ်နေရင်

ဂနာမငြိမ်ဖြစ်ခြင်းက အမြဲအတွက်တော့ ဆိုးတဲ့ လက္ခဏာမဟုတ်ပေမယ့် အဲ့ဒါဟာ သင့်အချစ်တော်လေးက သူနေမကောင်းဘူးဆိုတာ သင့်ကို အချက်ပေးချင်တာမျိုးလည်း ဖြစ်နေတတ်ပါတယ်။ သင့်ခွေးလေး ကြောင်လေးတွေဟာ အကြောင်းမရှိဘဲ ဆက်တိုက် ဂနာမငြိမ်တာမျိုး၊ တုန်တာ ညည်းတာမျိုးတွေ လုပ်နေရင် ဒါဟာ ဝဲနာပြင်းထန်မှု၊ ခွေးရူးပြန်ရောဂါနဲ့ နှလုံးပြဿနာတို့ကြောင့် ဖြစ်နေနိုင်ပါတယ်။

ရုတ်တရက် ကိုယ်အလေးချိန် ကျဆင်းသွားရင်

သင့်အိမ်မွေးတိရိစ္ဆာန်လေးတွေဟာ ပုံမှန်လည်း စားနေပြီး ကိုယ်အလေးချိန်က မဆိုစလောက် အနည်းငယ် ကျသွားတာမျိုးကတော့ ပြဿနာမရှိပေမယ့် ပုံမှန်အလေးချိန်ရဲ့ (၁၀)ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ် ဆိုရင်တော့ ပြဿနာရှိနိုင်ပါတယ်။ ဝိတ်များစွာ ကျခြင်းရဲ့ ဖြစ်နိုင်ချေတွေကတော့ ကိုယ်တွင်းဇီဝလည်ပတ်မှု ပြဿနာရှိနေခြင်း၊ ကျောက်ကပ် သို့မဟုတ် အသည်းပြဿနာ၊ အာရုံကြောရောဂါနဲ့ ကင်ဆာတို့ကြောင့် ဖြစ်နိုင်ပါတယ်။

>>>အိမ်မွေးတိရစ္ဆာန် အသုံးအဆောင်ပစ္စည်း (9)<<<

ပုံမှန်ထက် ပိုပြီး လျှာခဏခဏသပ်နေရင်

ကြောင်လေးတွေ ခွေးလေးတွေ လျှာသပ်တာနဲ့ ပတ်သက်ပြီး ကျန်းမာရေး ပြဿနာဖြစ်နိုင်ချေ များစွာရှိပါတယ်။ တစ်နေရာတည်းကို ခဏခဏ လျှာသပ်နေရင်တော့ အများဆုံးဖြစ်နိုင်ချေက နာကျင်ယားယံစေတဲ့ အလက်ဂျီဖြစ်နေတာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ လျှာနဲ့ ပုံမှန်လျက်နေကျ မဟုတ်တဲ့ နေရာတွေကို ခဏခဏ လျက်နေရင် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ပြဿနာတစ်ခုခု ရှိနေတာလည်း ဖြစ်နိုင်ပါတယ်။

White (Shwemom)


Read 541 times Last modified on Wednesday, 30 October 2019 15:17
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.