Saturday, 26 October 2019 15:30

shutterstock_483323830-copy_1.jpg

ကမ္ဘာတစ်ဝန်းလုံးက အမျိုးသမီး ၇၃ရာခိုင်နှုန်းက သူတို့ဝတ်ဆင်တဲ့ အ၀တ်အစားတွေ၊ လက်ဝတ်တန်ဆာတွေနဲ့ပတ်သက်ပြီး ပြဿနာလေးတွေကြုံတွေ့ရတဲ့အကြောင်းကို လေ့လာပြီးဖော်ပြထားတဲ့ ဆောင်းပါးတစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ တင်းကျပ်လွန်းတဲ့ ဘောင်းဘီရှည်

တင်းကျပ်လွန်းတဲ့ဖိအားနဲ့ဆွဲဆန့်မှုကြောင့် ဒီလို Skinny Jeans တွေက ကျန်းမာရေးကိုထိခိုက် စေပါတယ်။ ဘယ်လိုထိခိုက်စေလဲဆိုရင် ကျပ်ထုတ်နေတဲ့အတွက် သွေးလည်ပတ်မှုတွေေ ကာင်းကောင်းမလည်ပတ်တော့ဘူး။ ဗိုက်နေရာမှာတင်းကျပ်နေတဲ့အတွက်  အစာခြေစနစ်ကိုနှောင့်နှေး စေပါတယ်။ သွေးကြောတွေ ဆန့်ကားထွက်လာစေပါတယ်။ ပြီးတော့တင်းကျပ်နေအောင် ၀တ်ထားတာဖြစ်လို့ ပြန်ချွတ်တဲ့အခါမှာ အသားအရည်တွေထုံထိုင်းစေပြီး ပေါင်သားတွေကိုနာကျင်စေပါတယ်။ အဲ့ဒါကြောင့် နောက်တစ်ခါ skinny jeans ၀တ်မယ်ဆိုရင် သင့်ကျန်းမာရေးကို မထိခိုက်စေအောင် ခန္ဓာကိုယ်နဲ့သက်တောင့်သက်သာဖြစ်စေတဲ့ ဘောင်းဘီရှည်မျိုးကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

၂။ ဒေါက်ဖိနပ်အမြင့်

လေ့လာချက်တွေအရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက်လေးဆလောက် ခြေထောက်နဲ့ပတ်သက်တဲ့ ပြဿနာတွေ ကြုံရလေ့ရှိပါတယ်။ အရိုးနာကျင်မှု၊ ခြေကျင်းဝတ်နာကျင်မှု ၊ အကြောပျက်စီးမှုစတဲ့ ကျန်းမာရေးပြဿနာတွေပါ။ အထူးသဖြင့် ဖိနပ်အမြင့်အမြဲစီးလေ့ရှိသူတွေ ကြုံရတတ်ပါတယ်။ ဖိနပ်အမြင့်တွေဟာ သွေးကြောနဲ့ပတ်သက်ပြီး ကောင်းကောင်းကြီး ဒုက္ခပေးနိုင်ပါတယ်။ အဲ့ဒါကြော င့်ဖိနပ်အမြင့်ကို စီးတယ်ဆိုရင်လည်း အကြိမ်ရေလျှော့စီးပါ။ သက်တောင့်သက်သာဖြစ်တဲ့ ဖိနပ်တွေ နဲ့လဲလှယ်စီးပါ။ ဖိနပ်အမြင့်စီးပြီး အိမ်ပြန်ရောက်တဲ့အခါ ခြေထောက်၊ခြေဖ၀ါး လေ့ကျင့်ခန်းလေး တွေလုပ်ပေးပါ။

၃။ အတွင်းခံဘောင်းဘီ

တကယ်လို့ သင်ဟာ Swimsuit အတွင်းခံဘောင်းဘီလိုမျိုး မကြာခဏ၀တ်လေ့ရှိတယ်ဆိုရင် ဒီနေ့ကစပြီး  အကြိမ်ရေလျှော့ဝတ်ပါ။ ၁၀၀ရာခိုင်နှုန်းချည်ထည်စစ်စစ် ဘောင်းဘီတွေကို သာရွေးချယ်ဝတ်ပါလို့ တိုက်တွန်းချင်ပါတယ်။ ဘာလို့လဲဆိုတော့ဒီလို Swimsuit ဘောင်းဘီတွေဟာ အမျိုးသမီးအတွင်းအင်္ဂါကူးစက်ရောဂါ၊ ယားယံတာတွေ၊ အသားအရည်ပူလောင်တာမျိုးတွေဖြစ်ဖို့ ပိုပြီးအခွင့်အလမ်းများစေပါတယ်။ အထူးသဖြင့် ဒီလိုဘောင်းဘီမျိုးကို နွေရာသီမှာမ၀တ်ဆင်သင့်ပါဘူး။

Read More>>>မီးဖိုချောင်အပြင် အခြားအိမ်တွင်းရေးရာတွေမှာပါ အသုံးဝင်တဲ့ ရှာလကာရည်

၎။ လေးလံတဲ့နားကပ်နဲ့ ဆွဲကြိုး

လေ့လာတွေ့ရှိချက်အရ နားပေါက်ဖောက်ထားတာဟာ ဘတ်တီးရီးယားကူးစက်မှုကို ၂၀ရာခိုင်နှုန်းတိုးပွားစေပါတယ်တဲ့။ အထူးသဖြင့် လေးလံပြီးကြီးမားတဲ့နားကပ်တွေ ၀တ်တာကြာလာတဲ့အခါ နားကပ်ဝတ်ဆင်ရာနေရာကို ပျက်စီးစေပြီးတစ်ခါတစ်လေ ပြန်လည်ပြုပြင်ရတာတွေ တောင်ရှိတတ်ပါတယ်တဲ့။ ဆွဲကြိုးလည်းအတူတူပါပဲ။ လေးလံတဲ့ဆွဲကြိုးတွေဟာ လည်ပင်းကိုနာကျင်စေပါတယ်။

၅။ တင်းကျပ်လွန်းတဲ့လည်စည်း

ဒီပြဿနာကတော့ အမျိုးသမီးတွေလုံးဝမကြုံတွေ့ရနိုင်တဲ့ ပြဿနာတစ်ခုပါ။ Cornell တက္ကသိုလ်ရဲ့ လေ့လာချက်အရ အမျိုးသား ၆၇ရာခိုင်နှုန်းဟာ သူတို့ရဲ့ လည်ပင်းထက် ပိုပြီးကျဉ်းကျပ်တဲ့ရှပ်အကျီ တွေကို ၀ယ်လေ့ရှိပါတယ်။အဲ့ဒါကြောင့် လည်စည်းပါထပ်စည်းလိုက်တဲ့အခါ ကျဉ်းကျပ်ပြီး

သွေးလည်ပတ်မှုကို မကောင်းမွန်စေတော့ပါဘူး။ အဲ့ဒီအတွက် ခေါင်းကိုက်တာတွေ၊ လည်ပင်းရွေ့လျားမှုခက်တာတွေ၊ ပုခုံးကြောကြွက်သားတွေတင်းပြီး နာကျင်မှုတွေကိုခံစား လာရတာပဲဖြစ်ပါတယ်။

၆။ အတွင်းခံအကျီ

အမျိုးသမီးအများစုဟာ သူတို့ရဲ့ ဆိုဒ်မဟုတ်ပဲ အတွင်းခံအကျီတွေကို မှားယွင်းဝယ်မိတတ်ပါတယ်။ အဲ့ဒီလို မှားယွင်းမှုတွေ၊ ကွာလတီမကောင်းတဲ့ အတွင်းခံအကျီတွေကြောင့် ပုခုံး၊ နောက်ကျော ၊ ကျောရိုးတွေမှာအကြောနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာ တော်တော်များများဖြစ်လေ့ရှိပါတယ်။ အဲ့ဒါကြောင့် အတွင်းခံအကျီဝယ်ယူတော့မယ်ဆိုရ င်ကိုယ်နဲ့ကွက်တိဖြစ်သလို သက်တောင့်သက်သာရှိတာမျိုးကို ရွေးချယ်ပါ။ ရင်သားကြီးတဲ့အမျိုးသမီးတွေဆို ကြိုးသေးတာမျိုးကို မရွေးမိပါစေနဲ့။ ရင်သားသေးတဲ့အမျိုးသမီးတွေဆိုလည်း သင့်အသားအရည်ကို မပျက်စီးမပွန်းပဲ့စေတဲ့ကြိုးမျိုး၊ အတွင်းခံမျိုးကို ရွေးချယ်သင့်ပါတယ်။

>>>>ဖက်ရှင်ဆိုင်များ (610)<<<

၇။ Pencil skirts

ပုံထဲမှာမြင်တွေ့ရတဲ့ Pencil skirt တွေဟာ သင့်ခြေထောက်တွေကို ပူးကပ်နေစေတာအမှန်ပါပဲ။ လမ်းလျှောက်တဲ့အခါ၊ ကားပေါ်တက်တဲ့အခါ လိုသလိုလှမ်းလို့မရတဲ့ စကတ်တွေပေါ့။ ဒီစကတ်တွေက တစ်ခါတစ်လေ သင့်ကိုဟန်ချက်ပျက်အောင်တောင် လုပ်နိုင်ပါတယ်။ သင့်ရဲ့ ရွေ့လျားမှုတွေကို

ထိန်းချုပ်နိုင်တဲ့ ကေတ်တွေ ကကြွက်သားတွေတင်းကျပ်တာ၊ ဒူးအနေအထားအချိုးအစားမမှန်တာတွေ ဖြစ်လာစေပါတယ်တဲ့။

Source; Trend


Read 193 times Last modified on Saturday, 26 October 2019 15:43
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.