Saturday, 26 October 2019 13:07

Frequent_Travel_Insurance_Blog_1.jpg

 

တစ်ယောက်တည်း ခရီးသွားဖို့ပြင်ဆင်တော့မယ်ဆိုရင် သေချာလေးဂရုစိုက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အများနဲ့သွားတာမဟုတ်တဲ့အတွက် တစ်ခုခုလိုအပ်လာပြီဆိုရင် အကူအညီတောင်းဖို့အခက်အခဲ ရှိနိုင်တာကြောင့်ပါ။

ဒါကြောင့် တစ်ကိုယ်တည်း တစ်ယောက်ထဲ ခရီးထွက်တော့မယ်ဆိုရင် လိုအပ်တဲ့ပစ္စည်းတွေကို ဘယ်လိုစနစ်တကျ ပြင်ဆင်မလဲဆိုတာ တင်ဆက်ပေးလိုက်ပါတယ်။

 

၁။ မှန်ကန်တဲ့ luggage ရွေးချယ်တတ်ဖို့လည်း လိုပါတယ်။

 

ကိုယ်သွားမယ့်ခရီးနဲ့ အဆင်ပြေကိုက်ညီမှုရှိတဲ့ luggage ကို ရွေးချယ်တာကလည်း ခရီးထွက်တဲ့အခါမှာ ပျော်ရွှင်စေဖို့အတွက် အထောက်အကူကောင်းဖြစ်စေမှာပါ။

 

၂။ လွယ်ကူစွာလည်ပတ်နိုင်မယ့် နေရာများကိုစသွားပါ။

 

ခရီးစစသွားချင်းမှာ ကိုယ့်အတွက်စိတ်ဖိစီးမှုတွေ၊ ကြောက်ရွံ့မှုတွေကို မခံစားရစေဘဲ လွယ်လွယ်ကူကူ ပျော်ပျော်ရွှင်ရွှင်လည်ပတ်နိုင်မယ့် နေရာလေးတွေကို စသွားပါ။ ဒါမှ ခရီးသွားရခြင်းရဲ့ အရသာကို ကြိုက်နှစ်သက်ပြီး ခရီးတွေဆက်သွားဖို့ motivation ရစေမှာပါ။

 

Read More>>>ပြည်ပကို အလည်သွားမယ်ဆိုရင် သိထားသင့်တဲ့ ကျင့်ဝတ်စည်းမျဉ်းများ

၃။ အသုံးအဆောင်ပစ္စည်းလေးတွေ ရွေးယူပါ။

 

Power bank တို့၊ နားကြပ်တို့စတဲ့ ကိုယ်လိုအပ်မယ်ထင်တဲ့ အသုံးအဆောင်ပစ္စည်းလေးတွေကိုလည်း မှန်မှန်ကန်ကန်ရွေးချယ်ယူသွားတတ်ဖို့ လိုပါတယ်။

 

၎။ ဖုန်းကိုသေချာရွေးချယ်ဝယ်ယူပါ။

 

ကိုယ်ယူသွားမယ့်ဖုန်းက ဆင်းမ်ကတ်အမျိုးမျိုးထည့်ပြီး အသုံးပြုနိုင်တဲ့ဖုန်းမျိုးဖြစ်ဖို့လည်း လိုအပ်ပါတယ်။ အခုခေတ်မှာ ဖုန်းကလည်း ပိုက်ဆံလိုပဲ မပါမဖြစ်ပါရမယ့် အသုံးအဆောင်ဖြစ်တာဆိုတော့ ဖုန်းရွေးချယ်တဲ့အခါမှာလည်း မှန်ကန်မှုရှိဖို့ လိုပါတယ်။

 

၅။ ထုတ်ပိုးမှုကိုလည်း ဂရုစိုက်သင့်ပါတယ်။

 

ထုတ်ပိုးတဲ့အခါမှာလည်း ကိုယ်လိုအပ်တဲ့ပစ္စည်းလေးတွေကို ပေါ့ပေါ့ပါးပါး ထုပ်ပိုးယူဆောင်သွားတတ်ဖို့လိုပါတယ်။ ကိုယ်က ၃၀ ကီလိုအထိသယ်ဖို့ ခွင့်ပြုချက်ရထားရင် ၂၅ ကီလိုလောက်နဲ့ အဆင်ပြေအောင် ထုပ်ပိုးယူဆောင်သွားသင့်ပါတယ်။

 

၆။ တည်းခိုရိပ်သာတွေကို မကြောက်ပါနဲ့။

 

တည်းခိုရိပ်သာတိုင်းက ညစ်ပတ်တာ၊ မကောင်းတာမဟုတ်ပါဘူး။ တစ်ချို့တည်းခိုရိပ်သာလေးတွေဆိုရင် ဟိုတယ်ကြီးတွေထက်တောင် နေချင်စဖွယ်ကောင်းပါတယ်။ ဈေးလည်းပိုသက်သာပါတယ်။ ဒါကြောင့် တည်းခိုရိပ်သာတွေကို ဝင်လေ့လာကြည့်ဖို့ မကြောက်ရွံ့နေပါနဲ့။

>>>>စကားပြန်များ (4)<<<<

၇။ ပစ္စည်းတွေကို သူခိုးမျက်စိကျအောင် မထားပါနဲ့။

 

ကိုယ့်ပစ္စည်းတွေကို သေချာဂရုတစိုက်ရှိပါ။ သူခိုးတွေမျက်စိကျအောင်၊ သူခိုးခိုးရလွယ်အောင် မထားပါနဲ့။

 

 

၈။ ဖုန်းရဲ့ဒေတာတွေကို Back up လုပ်ထားပါ။

 

ခရီးသွားရင် အကြောင်းအမျိုးမျိုးကြောင့် ဖုန်းပျောက်သွားရင် ဖုန်းထဲက data တွေပါ မပျောက်ရအောင် back up လုပ်ထားဖို့ မမေ့ပါနဲ့။

 

၉။ ဖုန်းကို Lock ချထားပါ။

 

ဖုန်းပျောက်သွားရင်တောင် ကိုယ့်ဖုန်းထဲက data တွေ အလွယ်တကူပါမသွားအောင် lock ချထားသင့်ပါတယ်။

 

၁၀။ ကိုယ်နဲ့ ကိုယ့်မိသားစုအတွက် အဆင်ပြေစေမယ့် app လေးတွေသုံးပါ။

 

နိုင်ငံခြားခရီးသွားတယ်ဆိုရင် Google translate app ကိုတော့ လိုရမယ်ရသုံးသင့်ပါတယ်။ ပြီးတော့ ကိုယ့်မိသားစုတွေနဲ့ အဆက်မပြတ်စေဖို့ သူတို့သုံးတဲ့ social app လေးတွေကိုလည်း သုံးပါ။

 

 

Source; Courses

 


Read 380 times
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.