Wednesday, 23 October 2019 12:01

5_124.jpg

၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကို နိုဝင်ဘာလမှ စတင်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ (၄)သုတ်ခွဲကာ ကောက်ယူသွားမှာ ဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရပါတယ်။

ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နမူနာစာရင်း ကောက်ကွက်ပေါင်း (၄၀၀၀) ကျော် ကောက်ယူမှာဖြစ်တယ်လို့ သိရပါတယ်။

ယခုကောက်ယူမယ့် ကြားဖြတ် သန်းခေါင်စာရင်းကို ယခင်ကောက်ယူခဲ့တဲ့ မေးခွန်းစာရွက် အသုံးပြုတဲ့နည်းဖြင့် ကောက်ယူမှာမဟုတ်ဘဲ Mobile Tablet ကို အသုံးပြုကာ ကွန်ပျူတာ အထောက်အကူပြု လူတစ်ဦးချင်း မေးမြန်းကောက်ယူတဲ့(Computer - assisted Personal Interviewing - CAPI ) စနစ်ဖြင့် ကောက်ယူမှာဖြစ်တယ်လို့ သိရပါတယ်။

Read More>>> မန္တလေးမြို့တော် ရေကြီးရေလျှံကာကွယ်ရေးအတွက် ရွှေတစ်ချောင်းမြောင်းမှာ ရေထိန်းတံခါးအသစ် တည်ဆောက်မည်

ပထမသုတ်အနေဖြင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ နေပြည်တော်ကောင်စီနယ်မြေတို့မှာလည်းကောင်း၊ ဒုတိယသုတ်အနေဖြင့် ကရင်၊ ကယား၊ မွန်ပြည်နယ်တို့နဲ့ တနင်္သာရီ၊ ဧရာဝတီတိုင်းဒေသကြီးတို့မှာလည်းကောင်း၊ တတိယသုတ်အနေဖြင့် ပဲခူး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းဒေသကြီးတို့မှာလည်းကောင်း၊ စတုတ္ထသုတ်အနေဖြင့် ရခိုင်၊ ရှမ်းပြည်နယ်တို့နဲ့ ရန်ကုန်၊ မန္တလေးတိုင်းဒေသကြီးတို့မှာလည်းကောင်း ကောက်ယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပထမသုတ် ကောက်ယူမည့် ဦးစီးရုံးချုပ်မှ ဝန်ထမ်းများ၊ သက်ဆိုင်ရာဒေသအသီးသီးမှာ နည်းပြအဖြစ်ဆောင်ရွက်မည့် ဒေသခံလူငယ်များ စုစုပေါင်း (၃၉)ဦးကို သင်တန်းတွေ ပေးနေပြီး သင်တန်းကာလမှာ ရက်သတ္တ(၂)ပတ် ကြာမြင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Read More>>> ဆန်စပါးအခြေခံရည်ညွှန်း ဈေးနှုန်း တင်း ၁၀၀ လျှင် ငွေကျပ်ငါးသိန်းနှုန်း သတ်မှတ်

Source: MOL

Nilar Myot Win


Read 156 times Last modified on Wednesday, 23 October 2019 16:43
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.