Tuesday, 22 October 2019 17:51

water

မန္တလေးမြို့တော် ရေကြီးရေလျှံကာကွယ်ရေးအတွက် ရွှေတစ်ချောင်းရဲ့အစက အိုးဘိုရေထိန်းတံခါးနဲ့ မန္တလေးဘီယာစက်ရုံကြားကို ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။

ဒါ့ကြောင့် ဒုတိယအဆင့်အနေနဲ့ တက်မျောချောင်းနှစ်ခြမ်းခွဲပြီး ရွှေတစ်ချောင်းမြောင်း အစဖြစ်တဲ့နေရာမှာ ရေထိန်းတံခါးအသစ် ထပ်ဆောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

၎င်းမြောင်းကို precast မြောင်း၊ မြောင်းဖုံးတွေနဲ့ အဆင့်မြှင့်တင်မှာ ဖြစ်ပြီး precast drain ကိုတော့ ၄ပေအရွယ်နဲ့စတင်မှာဖြစ်ပါတယ်။

ကုန်ကျစားရိတ်အနေနဲ့ အများကြီးသက်သာမှာဖြစ်ပြီး ချောင်းထဲမှာလည်း ရေနေ နည်းသွားနိုင်ပါတယ်။

Precast drain တည်ဆောက်ရင် အဖုံးတွေပါဝင်မှာဖြစ်သလို လမ်း၈၀ ကဆင်းလာတဲ့ မြောင်း​လေးတွေပါ precast ပြောင်းမှာဖြစ်လို့ မြောင်းတွေချောင်တွေထဲမှာ စွန့်ပစ်အမှိုက်တွေပါ ပပျောက်သွားနိုင်ပါတယ်။

Read More>>> မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ Rising Star Award ချီးမြှင့်ခံရ

စီမံကိန်းတစ်ခုလုံးအနေနဲ့ ၂နှစ်ကနေ ၃နှစ်ခန့်ကြာမြင့်မှာဖြစ်ပြီး ADB စီမံကိန်းကို ပုံစံပြောင်းခိုင်းထားတာ ဖြစ်ပါတယ်။

ရွှေတစ်ချောင်းမြောင်း အစနေရာမှာ တက်မျောချောင်းရေတွေ မဝင်တော့ဘူးဆိုရင် ရွှေတစ်ချောင်းရဲ့ ရေဝင်ပမာဏ အရမ်းနည်းသွားမှာဖြစ်ပါတယ်။

မနှစ်က ကွင်းဆင်းတွေ့ရှိချက်များအရ အိုးဘိုရေထိန်းတံခါးဟောင်းကို ပိတ်ပြီး မြစ်ထဲကို တက်​မျောချောင်းရေ တိုက်ရိုက်ဆင်းနိုင်အောင် boxculvert တစ်ခုနဲ့ ရေထိန်းတံကားတစ်ခု အသစ်တည်ဆောက်လိုက်ပြီးက ဆည်ရေတွေ မြို့ထဲ မဝင်တော့တာကို တွေ့ရပါတယ်။

Read More>>> မန္တလေးတက္ကသိုလ် သတ္တဗေဒဌာနမှ တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့သော ဖားမျိုးစိတ်အသစ်နှစ်မျိုး

ရွှေတစ်ချောင်းမှာ မိုးမရွာရင်တောင်ရေအမြဲများနေတာ အိုးဘိုရေထိန်းတံခါးကတဆင့် ဆည်ရေတွေ အမြဲစီးဆင်းနေလို့ပဲဖြစ်ပါတယ်။

တက်မျောချောင်းက မန္တလေးတောင်ပေါ်က မိုးရေတွေနဲ့ နန်းတွင်းက ထွက်လာတဲ့ရေတွေ သယ်ဆောင်လာတဲ့ချောင်းဖြစ်ပါတယ်။

Source: U Ye Lwin

Nilar Myot Win


Read 130 times
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.