Tuesday, 22 October 2019 11:27

rice

တောင်သူလယ်သမားများ သင့်တင့်မျှတသော ဈေးကွက်နှင့် ဈေးနှုန်း ဖြစ်ပေါ်စေရေးအတွက် စိုက်ပျိုးထုတ်လုပ်မည့် ဆန်စပါးအခြေခံရည်ညွှန်း ဈေးနှုန်းတင်း ၁၀၀ လျှင် ငွေကျပ်ငါးသိန်းနှုန်း သတ်မှတ်ကြောင်း တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က အောက်တိုဘာလ ၁၅ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

လက်ရှိစိုက်ပျိုးထားသော မိုးစပါးပေါ်ချိန်တွင် တောင်သူလယ်သမားများ သင့်တင့်မျှတသော ဈေးနှုန်း ရရှိနိုင်စေရန်အတွက် ဆောင်ရွက်ချက်ဖြစ်ပြီး ၂၀၁၈ ခုနှစ်ကလည်း အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို တင်း ၁၀၀ လျှင် ငွေကျပ် ငါးသိန်းနှုန်းဖြင့် ပထမအကြိမ် သတ်မှတ်ပေးခဲ့သည်။

ယခုကဲ့သို့ အခြေခံဈေးနှုန်း သတ်မှတ်ချက်သည် ဈေးကွက်တွင် စပါးလက်ကျန်များနေခြင်းနှင့် မိုးစပါးပေါ်လာချိန်တွင် ဆန်အသစ်အများအပြားကို ဈေးနှိမ်ဝယ်ယူခြင်းခံရမည့် အနေအထားကို ကုစားနိုင်ရန်အတွက်ဖြစ်သည်။

Read More>>> တောင်သူများ စိုက်ပျိုးစရိတ်အဆင်ပြေစေရန် နိုင်ငံတော်က ချေးငွေထပ်မံထုတ်ချေးပေးမည်

ထို့ပြင် ဈေးကွက် ပေါက်ဈေးသည် အခြေခံရည်ညွှန်း ဈေးနှုန်းအပေါ်တွင်ဖြစ်ပါက ဈေးကွက်အတိုင်း ဝယ်ယူရန်နှင့် ဈေးကွက်ပေါက်ဈေးသည် အခြေခံရည်ညွှန်းဈေးနှုန်း အောက်တွင်ဖြစ်ပါက အခြေခံရည်ညွှန်းဈေးနှုန်းအတိုင်း ဝယ်ယူရမည်ဖြစ်ကြောင်း သတ်မှတ်ပေးခဲ့သည်။

အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချရန် အခက်အခဲရှိသော တောင်သူလယ်သမားများအနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ မြို့နယ်ကိုယ်စားလှယ်များသို့ဖြစ်စေ၊ အသင်းချုပ်သို့ဖြစ်စေ ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

Read More>>> မြန်မာ့အာမခံလုပ်ငန်းမှ တောင်သူလယ်သမား အသက်အာမခံဝန်ဆောင်မှု စတင်မည်

fas.jpg


Source: MOI

Nilar Myot Win


Read 210 times
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.