Friday, 18 October 2019 10:52

GIA

ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် အောက်တိုဘာ ၁၆ ရက်နေ့က နိုင်ငံတကာအဖွဲ့အစည်းများဖြစ်ကြသည့် Govinsider Innovation Award အဖွဲ့အစည်းနှင့် United Nation Economic & Social Commission for Asia Pacific (UNESCAP) အဖွဲ့အစည်းတို့ ပူးပေါင်း၍ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကို Rising Star Award ဆု ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါဆုကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ မြို့တော်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုးတက်မှုများရှိလာပြီး အနာဂတ်တွင် ပိုမိုကောင်းမွန်လာနိုင်ကြောင်း နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များ၏ စောင့်ကြည့်လေ့လာ အကဲဖြတ် သုံးသပ်ချက်များအပေါ် မူတည်၍ ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

Read More>>> မန္တလေးတက္ကသိုလ် သတ္တဗေဒဌာနမှ တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့သော ဖားမျိုးစိတ်အသစ်နှစ်မျိုး

“ဒီဆုချီးမြှင့်ပေးအပ်ပွဲကို တက်ရောက်ဖို့ မြို့တော်ဝန်ကြီးကို ဖိတ်ကြားပေမယ့် အလုပ်တာဝန်တွေများပြားလို့ မတက်ရောက်နိုင်တဲ့အတွက် ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ ကျေးဇူးတင်စကားကို ဗီဒီယိုဖိုင်ကနေ တိုက်ရိုက်ပြောကြားခဲ့ ပါတယ်။ ဒီဆုက မြို့တော်ဖွံ့ဖြိုးတိုးတက်အောင် အီလက်ထရွန်နစ် နည်းပညာတွေနဲ့ ဆန်းသစ်တီထွင်ပြီး ဆောင်ရွက်မှုတွေအပေါ်မှာ အသိအမှတ်ပြုပြီး အဓိကရွေးချယ်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ မန္တလေးမြို့တော်စည်ပင် အနေနဲ့ လက်ရှိမှာ နိုင်ငံတကာက ချီးမြှင့်တဲ့ဆုတွေ အထိုက်အလျောက်ရရှိနေပါတယ်။ ဒီလိုချီးမြှင့်ခံရတာကလည်း မြို့တော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စည်ပင်က ဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့အတူ ဒေသခံပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုလည်း ပါဝင်ပါတယ်။ ဒီလိုကြိုးစားမှုကြောင့် အသိအမှတ်ပြုခံရတာဖြစ်သလို တစ်ဖက်မှာလည်း အသိအမှတ်ပြုခံရတာနဲ့အမျှ တာဝန်ပိုကြီးပါတယ်။ အသိအမှတ်ပြုတာနဲ့ ထိုက်တန်အောင် ပိုပြီးကြိုးစားရမယ်လို့ ကျွန်တော်တို့အားလုံး ခံယူထားပါတယ်” ဟု ၎င်းက ပြောသည်။

Read More>>> ပို့ကုန်၊ သွင်းကုန်ဌာနရှိရာ နေရာတိုင်းတွင် (အိုင်တီစီကတ်) လျှောက်ထားနိုင်

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအား နိုင်ငံတကာမှ အသိအမှတ်ပြု ပေးအပ်ချီးမြှင့်သည့်ဆုများအနေဖြင့် ၂၀၁၈ ခုနှစ်အတွက် Smart City မြို့တော်အဖြစ် အရှေ့တောင်အာရှ ၁၀ နိုင်ငံတွင် အလားအလာ အကောင်းဆုံးအဆင့် ငါးခုမြောက်မြို့တော်အဖြစ် အသိအမှတ်ပြု ဆုချီးမြှင့်ခြင်းခံရသည်။

ဒါ့အပြင်၂၀၁၉ ခုနှစ် အတွင်း၌လည်း ၎င်းဆုအမျိုးအစားကို ထပ်မံချီးမြှင့်ခြင်းခံရသည့်အပြင် နိုင်ငံတကာအဆင့်မီ အများသုံးသန့်စင်ခန်းများ တည်ဆောက်မှုအတွက် ASEAN Public Toilet Awards ဆုကိုလည်းကောင်း၊ ဂျပန်နိုင်ငံ တိုကျိုအခြေစိုက် Asian - Oceanian Computing Industry Organization (ASOCIO) မှ ASOCIO Smart City Awards ဆုကို လည်းကောင်း၊ အမေရိကန်အခြေစိုက် ပြည်သူ့ဂုဏ်ရည်အသင်းမှလည်း ၁၀ ကြိမ်မြောက်အဖြစ် ပြည်သူ့ဂုဏ်ရည်ဆုကိုလည်းကောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအား အသိအမှတ်ပြု ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

Read More>>> မီတာတပ်ဆင်မယ်ဆိုရင် ဒီအချက်တွေသိထားဖို့ လိုတယ်နော်

Source: MOI


Read 84 times Last modified on Friday, 18 October 2019 11:01
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.