Thursday, 17 October 2019 17:42

far

ကမ္ဘာတွင် မှတ်တမ်းမတင်ရသေးသော ဖားမျိုးစိတ်အသစ်နှစ်မျိုးကို မန္တလေးတက္ကသိုလ် သတ္တဗေဒဌာနမှ တွဲဖက်ပါမောက္ခဒေါက်တာသန်းဇော်နှင့် ရုရှားနိုင်ငံ Mos-cow State University မှ ပညာရှင် Nikolay. A Poyarkov တို့ ပူးပေါင်းပြီး ကမ္ဘာ့မျိုးစိတ်သစ်အဖြစ် အသိအမှတ်ပြုခဲ့သည်။

အဆိုပါဖားမျိုးစိတ်အသစ်နှစ်မျိုးကို ပခုက္ကူမြို့နယ် ပေါက်အင်းရွာနှင့် ရေစကြို မြို့နယ် ကန်ပေါက်ရွာတို့မှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ တွေ့ရှိချက်အသေးစိတ်ကို တင်ပြခဲ့ရာ International Peer Review Journal (Zoological Research-ZR-Journal) Volume 40 Issue 4 တွင် ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်က ဖော်ပြကာ အသိအမှတ်ပြု ခဲ့ခြင်းဖြစ်သည်ဟု မန္တလေးတက္ကသိုလ် သတ္တဗေဒဌာန တွဲဖက်ပါမောက္ခ ဒေါက်တာသန်းဇော်က ပြောဆိုသည်။

Read More>>> ပို့ကုန်၊ သွင်းကုန်ဌာနရှိရာ နေရာတိုင်းတွင် (အိုင်တီစီကတ်) လျှောက်ထားနိုင်

သေးငယ်လွန်း

အဆိုပါ မျိုးစိတ်သစ်များကို ပခုက္ကူ -ဧရာဝတီမြစ်ကူးတံတားအနီး ပေါက်အင်းမှ တွေ့ရှိ ခဲ့၍ မျိုးစိတ်အသစ်အမည်ကို Microhyla Irrawaddy ဟုလည်းကောင်း၊ ကန်ပေါက်ရွာ အနီးမှတွေ့ရှိသောမျိုးစိတ်အသစ်ကို Microhyla Fodiens ဟုလည်းကောင်း အမည်ပြု၍ ကမ္ဘာ့အသိအမှတ်ပြု ဖားမျိုးစိတ် အသစ်စာရင်း ဝင်ခဲ့ပြီး ၎င်းတို့ အရွယ်အစားမှာ အရွယ်ရောက် အကောင်သည် ငါးစင်တီမီတာ ဝန်းကျင်ရှိသဖြင့် ခြေလေးချောင်းသတ္တဝါများတွင် အရွယ်သေး ငယ်လွန်းသည်ဟု သိရသည်။

"ဒီကောင်တွေက 'တွင်းအောင်းသဲဖား' အမျိုးအစားတွေဖြစ်တယ်လို့ သိခဲ့ရတယ်။ အရွယ်အစားကတော့ လက်သည်းခွံလောက် နဲ့ အရွယ်ရောက်အကောင်တောင်မှ ငါးစင်တီ မီတာလောက်ပဲ ရှိပါတယ်။ ဒေသခံတွေ တွေ့ နေတာက ကြာပြီဖြစ်ပေမယ့် ကမ္ဘာ့မှတ်တမ်း မှာ မပါရှိသေးတော့ မျိုးစိတ်သစ်လို့ မသိကြဘူး။ ဒေသအခေါ်အဝေါ်အရ ဖားလတက်၊ ဖားလက်နီဆိုပြီး အမျိုးမျိုးခေါ်ကြတယ်"ဟု တွဲဖက်ပါမောက္ခ ဒေါက်တာသန်းဇော်က ဆက်လက်ပြောဆိုသည်။

Read More>>> မန္တလေးမြို့မှာ လက်ရှိခေါ်ယူနေတဲ့ Admin အလုပ်အကိုင်များ

အကြံပြု

မြန်မာနိုင်ငံအတွင်း တိရစ္ဆာန်မျိုးစိတ်သစ်များစွာရှိနေသဖြင့် တက္ကသိုလ်ဆရာဆရာမများ၊ နိုင်ငံခြားပညာရှင်များနှင့် ပူးပေါင်း၍ သုတေသနပြုလုပ်ခြင်း၊ တွေ့ရှိချက်များကို International Peer Review Journal သို့ ရေးသားပေးပို့ခြင်းဖြင့် မြန်မာနိုင်ငံ၏ သုတေသနပိုင်းဆိုင်ရာ ပုံရိပ်များ ပိုမိုကောင်း မွန်လာမည်ဟု ၎င်းက အကြံပြုခဲ့သည်။

Source: Myanmar Times


Read 84 times
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.