Thursday, 17 October 2019 17:22

trade.jpg

တစ်ပိုင်တစ်နိုင်တစ်ဦးချင်း ပို့ကုန်၊ သွင်းကုန်ကတ် (ITC-INDIVIDUAL TRADING CARD) ဖြင့် နယ်စပ်ကုန်သွယ်ရေးကို မန္တလေးတိုင်းက လုပ်ငန်းရှင်များလည်း လျှောက်ထားနိုင်ကြောင်း သိရသည်။

ကုန်သွယ်နိုင်

ယင်းကတ်ကို ပို့ကုန်၊ သွင်းကုန်ဌာနရှိရာ နေရာတိုင်းတွင် လျှောက်ထားထုတ်ယူနိုင်ပြီး နယ်စပ်မှ တစ်ဦးချင်းကုန်သွယ်မှုပြုလုပ်နိုင်မည့် နယ်စပ်ဂိတ်များမှာ မူဆယ် ကျယ်ဂေါင်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ တမူးနယ်စပ်ဝင် ပေါက် စသည့်လေးခုမှ ကုန်သွယ်မှုလုပ်နိုင်ကြောင်း သိရသည်။ ပို့ကုန် သွင်းကုန်ရုံး(မန္တလေး)တွင်လည်း ထုတ်ယူနိုင်ပါသည်။

Read More>>> ဘယ်လိုအချက်တွေကြောင့် ဆိုင်ကယ်အခွန် ပြန်လည်ပေးဆောင်ရတာလဲ

ကတ်ထုတ်သူနည်း

"ကုမ္ပဏီမထောင်တဲ့သူတွေအတွက်ITC ကတ်တွေနဲ့ ဒေသတွင်းသုံးဖို့ထုတ်ပေးတာပါ။ဆယ်ဘီးကားကြီးတွေနဲ့ အများကြီးတော့မရဘူး။ကန့်သတ်မှုတော့ရှိတယ်။ ဥပမာ ထိုင်းကနေ တော့ တင်သွင်းလို့မရဘူး။ နယ်စပ်ဂိတ် လေးခုအတွက်ပဲ ခွင့်ပြုတယ်။ နယ်စပ်ကနေ သွင်းကုန် ထုတ်ကုန်လုပ်တော့ အဲဒီနယ်စပ်က ရုံးတွေမှာပဲ ထုတ်ကြတာရယ်၊ ကုမ္ပဏီထောင်ပြီးလုပ်ကြ တာကြောင့် မန္တလေးမှာITC ကတ်ထုတ်သူ နည်းတယ်"ဟု ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းက ပြောဆိုသည်။

ITC ကတ်ဖြင့် တင်သွင်းရာ၌ တစ်ရက်လျှင် ကျပ်သိန်း ၃၀တန်ဖိုးခွင့်ပြု၍ တစ်ပတ်အတွက် တစ်ရက်တည်းနှင့်ကျပ်သိန်း ၁၅၀ဖိုးထိဆောင် ရွက်နိုင်ပြီး ကတ်သက်တမ်းမှာ တစ်နှစ်ပေးထား ပြီး ရက်လွန်ပါက ဒဏ်ကြေးပေးဆောင် ရမည်ဖြစ်ကြောင်း၊ ပို့ကုန် သွင်းကုန်ရုံးရှိရာ နယ်စပ်ရုံး များတွင် ၎င်းကတ်ကို ထုတ်ယူနိုင်ခြင်းကြောင့် ကုန်သွယ်မှုနီးစပ်သည့်မြို့ရှိရုံးများတွင် ထုတ်ယူနိုင်ကြောင်း သိရသည်။

Read More>>> မီတာတပ်ဆင်မယ်ဆိုရင် ဒီအချက်တွေသိထားဖို့ လိုတယ်နော်

ဆောင်ရွက်နိုင်

ITC ကတ်သက်တမ်းမှာ တစ်နှစ်ဖြစ်ပြီး တစ်လအလိုတွင် သက်တမ်းတိုးရမည်ဖြစ်၍ကျော်လွန်ပါက တစ်လလျှင် ဒဏ်ကြေးအဖြစ် ကျပ် ၅၀ဝ၀ ပေးသွင်းရမည့်ဖြစ်ကြောင်း၊ ယင်းကတ်ဖြင့်တစ်ရက်လျှင် ကုန်ပစ္စည်းတန်ဖိုး ကျပ်သိန်း ၃၀ -(တစ်ပတ်လျှင် ကျပ်သိန်း ၁၅၀- ထိ) ပြည်ပနိုင်ငံနှင့် သွင်း/ထုတ်ကုန်လုပ်ငန်း များဆောင်ရွက်နိုင်ကြောင်း သိရသည်။

အမျိုးအစား

ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး အတွက် စီးပွား/ကူးသန်းဝန်ကြီးဌာနမှ ဖြေလျှော့မှုများဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းသည် နီးစပ်ရာမန္တလေးရုံးသို့ လာရောက်လျှောက်ထားနိုင်ကြောင်း၊ITC ကတ်ဖြင့် ပို့ကုန်နှင့် သွင်းကုန်လုပ်နိုင်သည့် အမျိုးအစားများမှာ ၅၀ဝ၀ ခန့်ရှိကြောင်း သိရသည်။

Source: Myanamr Times


Read 65 times
Rate :
(4 votes)

Related items

  • တစ်ပတ်အတွင်း ပြောင်းလဲနေတဲ့သီးနှံဈေးနှုန်းနှင့် ဆီဈေးနှုန်းများ

    bean.jpg

    အောက်ဖော်ပြပါဈေးနှုန်းများသည် ဇန်နဝါရီလ (၂၁) ရက်နေ့ မနက် ၁၁ နာရီတွင် ကောက်ယူထားသော ဈေးနှုန်းများဖြစ်၍ ပြောင်းလဲမှု အနည်းငယ်ရှိနိုင်ပါတယ်။

  • အိမ်တွင်းအပင်လေးတွေကို သဘာဝနည်းအတိုင်းပေါင်းသတ်နည်း

    pareja-joven-plantando-arbol_28283-620_1.jpg

    မိမိအိမ်တွင်းမှာ အပင်လေးတွေစိုက်ထားပေမယ့် ပိုးတွေကျနေလို့စိတ်ညစ်နေရတယ်၊ ပေါင်းသတ်ဆေးသုံးပြန်ရင်လည်း အပင်လေးတွေ သေသွားမှာကြောက်နေရတဲ့ သူတွေရှိပါတယ်။ အိမ်တွင်းအပင်လေးတွေအတွက် ဓါတုပိုးသတ်ဆေးတွေကို သုံးစွဲမယ်ဆိုရင် မြေဆီသြဇာကို ခမ်းခြောက်စေပြီး အပင်လေးတွေကိုလဲ ထိခိုက်စေပါတယ်။ ဒါကြောင့် သဘာဝပစ္စည်းတွေနဲ့ပြုလုပ်လို့ရတဲ့ အိမ်တွင်းပေါင်းသတ်ဆေးလုပ်နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

  • mesc မှခေါ်ယူနေသော တင်ဒါများ

    w4.jpg

    ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မန္တလေးတိုင်းဒေသကြီး၊မန္တလေးမြို့မှ အောက်ဖော်ပြပါလုပ်ငန်းများအား တင်ဒါခေါ်ယူနေပါတယ်။

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.