Tuesday, 08 October 2019 16:32

washingmachine-57ac31f65f9b58974a6ea475_1.jpg

 

အိမ္ရွင္မေတြအတြက္ မရွိမျဖစ္ အိမ္သုံးပစၥည္းေတြထဲမွာ အဝတ္ေလွ်ာ္စက္ဟာလည္း အဓိကေနရာမွာ ပါဝင္ေနပါတယ္။

လူပင္ပန္းသက္သာၿပီး အခ်ိန္ကုန္သက္သာေစတာေၾကာင့္ အိမ္ရွင္မေတြအတြက္ တကယ့္ကို အားထားစရာပါ။ ဒါေပမဲ့ ေန႔တိုင္းလိုလို အသုံးျပဳေနရတဲ႔ အဝတ္ေလွ်ာ္စက္ထဲမွာ ဘက္တီးရီးယားပိုးမႊားေတြ ခိုေအာင္းေနတာကို သတိမထားမိၾကပါဘူး။

အညစ္အေၾကးေတြကို သန႔္စင္ဖယ္ရွားေပးတဲ့ အဝတ္ေလွ်ာ္စက္ထဲမွာ ဘယ္လိုပုံစံနဲ႔ ဘက္တီးရီးယားပိုးမႊားေတြ ဝင္ေရာက္လာခဲ့တာလဲဆိုရင္ေတာ႔ ပညာရွင္ေတြ ေျပာျပခ်က္အရ အဝတ္ေလွ်ာ္စက္ထဲမွာ ဘက္တီးရီးယားေတြ ခိုးေအာင္းေနထိုင္ကာ သန႔္စင္ၿပီးအဝတ္ေတြကို ျပန္ကပ္ပါသြားႏိုင္တယ္လို႔ ဆိုပါတယ္။ ဒါကလည္း ညစ္ေပေနတဲ႔ အဝတ္ေဟာင္းေတြက ပါလာတာျဖစ္ၿပီး ဒီလိုနဲ႔ အဝတ္ေလွ်ာ္စက္ထဲမွာ ေရာဂါပိုးမႊားေတြ သံသရာ လည္ေနၾကတာပါ။

ေလ့လာေတြ႕ရွိခ်က္ေတြအရ အဝတ္ေလွ်ာ္စက္ထဲမွာရွိတဲ့ ဘက္တီးရီးယားပိုးမႊားေတြထဲက ၄၄ ရာခိုင္ႏႈန္းေက်ာ္ဟာ ေက်ာက္ကပ္ ထိခိုက္ပ်က္စီးေစတဲ့ ပိုးေတြနဲ႔ ျပည္႔ေနတတ္တယ္လို႔ ဆိုပါတယ္။

Read More>>>လက္ရွိေခတ္စားေနတဲ့ ဆိုင္ကယ္မ်ားနဲ႔ ေစ်းႏႈန္းမ်ား

ဒါ့ျပင္ သင့္အဝတ္ေလွ်ာ္စက္ထဲမွာ အစာအဆိပ္သင့္တာ၊ အေရျပားေရာဂါ ျဖစ္ေစႏိုင္တဲ႔ေရာဂါပိုးအျပင္၊ အသက္ရွဴလမ္းေၾကာင္းနဲ႔ ဆီးလမ္းေၾကာင္း ေရာင္ရမ္းမႈကိုျဖစ္ေစႏိုင္တဲ႔ ေရာဂါပိုးေတြကိုပါ ေတြ႕ရွိရပါတယ္။

ဒါ့ေၾကာင့္ အိမ္ေထာင္ရွင္အမ်ိဳးသမီးေတြအေနနဲ႔ ကိုယ္အိမ္သားေတြ ေရာဂါမကူးစက္ရေအာင္ အဝတ္ေလွ်ာ္စက္ကို ပုံမွန္သန႔္စင္ေပးဖို႔လိုပါတယ္။ အခု ေဖာ္ျပေပးမယ့္ အခ်က္ (၂)ခ်က္ကို ပုံမွန္လုပ္ေဆာင္သြားမယ္ဆိုရင္ အဝတ္ေလွ်ာ္စက္ကတဆင့္ ေရာဂါကူးစက္ႏိုင္ေခ် ေလ်ာ့က်သြားႏိုင္ပါတယ္။

၁။ အဝတ္ေလွ်ာ္စက္ကို လိုတာထက္ပိုၿပီး Overload မျဖစ္ေအာင္ ဂ႐ုစိုက္ပါ။ တပတ္တႀကိမ္ အဝတ္ေလွ်ာ္တယ္ဆိုရင္ တလ တခါ အဝတ္ေလွ်ာ္စက္ကို သန႔္ရွင္းေပးပါ။

၂။အဝတ္ေလွ်ာ္စက္ထဲ ရွာလကာရည္နဲ႔ မုန႔္ဖုတ္ေဆာ္ဒါေရာၿပီး အဝတ္မထည္႔ဘဲ ေရနဲ႔ဒီအတိုင္းေလွ်ာ္ေပးရင္ စက္အတြင္းထဲထိ သန႔္စင္ေပးႏိုင္ပါတယ္။

အဝတ္ေလွ်ာ္စက္ကို ေန႔တိုင္းနီးပါး အသုံးျပဳတယ္ဆိုရင္ေတာ့ တပတ္တခါပိတ္ရက္ေတြမွာ စက္ကို ေသခ်ာသန႔္စင္ေပးဖို႔လိုပါတယ္။ ဒါမွလည္း ေရာဂါပိုးမႊားေတြ မခိုးေအာင္ႏိုင္ဘဲ စိတ္ခ်က္လက္ခ် အသုံးျပဳႏိုင္မွာပါ။

>>>လွ်ပ္စစ္ပစၥည္းျပဳျပင္ေရာင္းဝယ္ေရး<<<

Unicode

အိမ်ရှင်မတွေအတွက် မရှိမဖြစ် အိမ်သုံးပစ္စည်းတွေထဲမှာ အဝတ်လျှော်စက်ဟာလည်း အဓိကနေရာမှာ ပါဝင်နေပါတယ်။

လူပင်ပန်းသက်သာပြီး အချိန်ကုန်သက်သာစေတာကြောင့် အိမ်ရှင်မတွေအတွက် တကယ့်ကို အားထားစရာပါ။ ဒါပေမဲ့ နေ့တိုင်းလိုလို အသုံးပြုနေရတဲ့ အဝတ်လျှော်စက်ထဲမှာ ဘက်တီးရီးယားပိုးမွှားတွေ ခိုအောင်းနေတာကို သတိမထားမိကြပါဘူး။

အညစ်အကြေးတွေကို သန့်စင်ဖယ်ရှားပေးတဲ့ အဝတ်လျှော်စက်ထဲမှာ ဘယ်လိုပုံစံနဲ့ ဘက်တီးရီးယားပိုးမွှားတွေ ဝင်ရောက်လာခဲ့တာလဲဆိုရင်တော့ ပညာရှင်တွေ ပြောပြချက်အရ အဝတ်လျှော်စက်ထဲမှာ ဘက်တီးရီးယားတွေ ခိုးအောင်းနေထိုင်ကာ သန့်စင်ပြီးအဝတ်တွေကို ပြန်ကပ်ပါသွားနိုင်တယ်လို့ ဆိုပါတယ်။ ဒါကလည်း ညစ်ပေနေတဲ့ အဝတ်ဟောင်းတွေက ပါလာတာဖြစ်ပြီး ဒီလိုနဲ့ အဝတ်လျှော်စက်ထဲမှာ ရောဂါပိုးမွှားတွေ သံသရာ လည်နေကြတာပါ။

လေ့လာတွေ့ရှိချက်တွေအရ အဝတ်လျှော်စက်ထဲမှာရှိတဲ့ ဘက်တီးရီးယားပိုးမွှားတွေထဲက ၄၄ ရာခိုင်နှုန်းကျော်ဟာ ကျောက်ကပ် ထိခိုက်ပျက်စီးစေတဲ့ ပိုးတွေနဲ့ ပြည့်နေတတ်တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် သင့်အဝတ်လျှော်စက်ထဲမှာ အစာအဆိပ်သင့်တာ၊ အရေပြားရောဂါ ဖြစ်စေနိုင်တဲ့ရောဂါပိုးအပြင်၊ အသက်ရှူလမ်းကြောင်းနဲ့ ဆီးလမ်းကြောင်း ရောင်ရမ်းမှုကိုဖြစ်စေနိုင်တဲ့ ရောဂါပိုးတွေကိုပါ တွေ့ရှိရပါတယ်။

Read More>>>ေဖ့စ္ဘုတ္၏ လူမႈကြန္ရက္ဆိုင္ရာ စံႏႈန္းမ်ား

ဒါ့ကြောင့် အိမ်ထောင်ရှင်အမျိုးသမီးတွေအနေနဲ့ ကိုယ်အိမ်သားတွေ ရောဂါမကူးစက်ရအောင် အဝတ်လျှော်စက်ကို ပုံမှန်သန့်စင်ပေးဖို့လိုပါတယ်။ အခု ဖော်ပြပေးမယ့် အချက် (၂)ချက်ကို ပုံမှန်လုပ်ဆောင်သွားမယ်ဆိုရင် အဝတ်လျှော်စက်ကတဆင့် ရောဂါကူးစက်နိုင်ချေ လျော့ကျသွားနိုင်ပါတယ်။

၁။ အဝတ်လျှော်စက်ကို လိုတာထက်ပိုပြီး Overload မဖြစ်အောင် ဂရုစိုက်ပါ။ တပတ်တကြိမ် အဝတ်လျှော်တယ်ဆိုရင် တလ တခါ အဝတ်လျှော်စက်ကို သန့်ရှင်းပေးပါ။

၂။အဝတ်လျှော်စက်ထဲ ရှာလကာရည်နဲ့ မုန့်ဖုတ်ဆော်ဒါရောပြီး အဝတ်မထည့်ဘဲ ရေနဲ့ဒီအတိုင်းလျှော်ပေးရင် စက်အတွင်းထဲထိ သန့်စင်ပေးနိုင်ပါတယ်။

အဝတ်လျှော်စက်ကို နေ့တိုင်းနီးပါး အသုံးပြုတယ်ဆိုရင်တော့ တပတ်တခါပိတ်ရက်တွေမှာ စက်ကို သေချာသန့်စင်ပေးဖို့လိုပါတယ်။ ဒါမှလည်း ရောဂါပိုးမွှားတွေ မခိုးအောင်နိုင်ဘဲ စိတ်ချက်လက်ချ အသုံးပြုနိုင်မှာပါ။

Ref Irrawaddy

 


Read 207 times
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.