Saturday, 05 October 2019 14:55

jb5a7938

မိုင္အရွည္ ၃၈၅ ဒသမ ၅ မိုင္ ရွည္လ်ားေသာ ရန္ကုန္-မႏၲေလး ရထားလမ္း အဆင့္ျမႇင့္တင္ေရး စီမံကိန္း (အဆင့္-၁) ျဖစ္ေသာ ရန္ကုန္-ေတာင္ငူ လမ္းပိုင္းအရွည္ ၁၆၆ မိုင္ကို အဆင့္ျမႇင့္တင္ေရးလုပ္ငန္းမ်ား စတင္ေဆာင္႐ြက္ေနၿပီျဖစ္ရာ ရန္ကုန္-ေတာင္ငူ လမ္းပိုင္းရွိ ရထားလမ္း ဘူတာ ၁၀ ခုကို အသစ္ျပန္လည္တည္ေဆာက္ သြားမည္ျဖစ္ေၾကာင္း ျမန္မာ့မီးရထားမွ သိရသည္။

ရန္ကုန္-ေတာင္ငူလမ္းပိုင္းရွိ ပဲခူး၊ ေညာင္ေလးပင္၊ ျဖဴး အပါအဝင္ ေတာင္ငူ-မႏၲေလးလမ္းပိုင္းရွိ ေတာင္ငူ၊ ေရတာရွည္၊ ပ်ဥ္းမနား၊ ရမည္းသင္း၊ သာစည္၊ ေက်ာက္ဆည္၊ ၿမိဳ႕ေဟာင္း ဘူတာမ်ားကို အသစ္ျပန္လည္တည္ေဆာက္သြားမည္ျဖစ္ၿပီး က်န္ဘူတာ ၈၉ ခုစလုံးကိုလည္း ျမန္မာ့မီးရထား၏ အစီအစဥ္ျဖင့္ အဆင့္ဆင့္ျပဳျပင္ျခင္း၊ အသစ္တည္ေဆာက္ျခင္းမ်ား ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

download

ဘူတာ ပတ္ဝန္းက်င္ နယ္နိမိတ္မ်ားတြင္ အုတ္ၿခံစည္း႐ိုး ကာရံျခင္းမ်ားႏွင့္ ဘူတာအဝင္လမ္း ေကာင္းမြန္ေရး၊ Level Crossing မ်ားကိုလည္း ပိတ္သိမ္းျခင္း၊ ေရွာင္လမ္း၊ ခုံးေက်ာ္တည္ေဆာက္ျခင္းမ်ားကို သက္ဆိုင္ရာတိုင္းေဒသႀကီးအသီးသီး ႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ျမန္မာ့မီးရထားမွ ဦးေဆာင္ၫႊန္ၾကားေရးမႉး ဦးဘျမင့္က ေျပာၾကားသည္။

Read More>>> ရန္ကုန္-မႏၲေလး ရထားလမ္းအဆင့္ျမွင့္တင္ျခင္းလုပ္ငန္း ေဆာင္႐ြက္ရန္ ခရီးစဥ္အခ်ိဳ႕ ယာယီဖ်က္သိမ္းမည္

၁၉၈၈-၁၉၈၉ ခုႏွစ္တြင္ ခရီးသည္ႏွင့္ ကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္းမ်ားမွာ ျမန္မာ့မီးရထား၏ ဝင္ေငြ ၉၅ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ၂၀၀၇ ခုႏွစ္ေနာက္ပိုင္းတြင္ ကားလမ္းခရီးမ်ား ေခ်ာေမြ႔လာခဲ့ျခင္းေၾကာင့္ ျမန္မာ့မီးရထားအေနျဖင့္ ခရီးသည္ႏွင့္ ကုန္စည္ပို႔ေဆာင္ေရး လုပ္ငန္းမ်ားအတြက္ ဝင္ေငြ ၉၂ ရာခိုင္ႏႈန္းအထိ က်ဆင္းခဲ့ရေၾကာင္း သိရသည္။

ယခု ၂၀၁၈-၂၀၁၉ တြင္ ဝင္ေငြ ၇၄ ရာခိုင္ႏႈန္းအထိ က်ဆင္းခဲ့ေသာ္လည္း ရန္ကုန္- မႏၲေလးရထားလမ္းပိုင္းမွာ ျမန္မာ့မီးရထားဝင္ေငြ၏ ၅၈ ရာခိုင္ႏႈန္းကို ဝင္ေငြရွာေပးေနေသာေၾကာင့္ ရထားလမ္းပိုင္းမ်ားအား အျမန္ဆုံးျပဳျပင္ေဆာင္႐ြက္မွသာ ျမန္မာ့မီးရထား၏ အဆင့္အတန္း ျမင့္မားလာမည္ျဖစ္သည္။

Read More>>> မႏၱေလးေတာင္ လုံၿခံဳေရးအတြက္ CCTV ကင္မရာမ်ား တိုးခ်ဲ့တပ္ဆင္မည္

လက္ရွိ ၁၅ နာရီၾကာ ေျပးဆြဲေပးေနေသာ ရန္ကုန္-မႏၲေလးရထားတြဲဆိုင္းမွာ တစ္နာရီလွ်င္ ၃၈ မိုင္ႏႈန္းျဖင့္ ေျပးဆြဲေပးလ်က္ရွိသည္။

ရန္ကုန္-မႏၲေလး ရထားလမ္း အဆင့္ျမႇင့္တင္ေရးစီမံကိန္း ေဆာင္႐ြက္ၿပီးပါက ရထားေျပးဆြဲခ်ိန္ ရွစ္နာရီသာ ၾကာျမင့္မည္ျဖစ္ၿပီး တစ္နာရီလွ်င္ ၆၂ မိုင္ႏႈန္းျဖင့္ ေျပးဆြဲႏိုင္မည္ျဖစ္ေၾကာင္း ျမန္မာ့မီးရထားမွ အေထြေထြမန္ေနဂ်ာ ဦးေအာင္ျမင့္လႈိင္က ေျပာၾကားသည္။

ႏွစ္ေပါင္း ၁၃၃ ႏွစ္ၾကာ သက္တမ္းရွိ ရန္ကုန္-မႏၲေလး ရထားလမ္းပိုင္းတြင္ ေျပးဆြဲေနေသာ ရထားတြဲဆိုင္းမ်ားမွာ ရန္ကုန္၊ ပဲခူး၊ ေနျပည္ေတာ္နွင့္ မႏၲေလးတိုင္းေဒသႀကီးတို႔ကို ျဖတ္သန္းေျပးဆြဲေနရၿပီး စုစုေပါင္း ၂၃ ၿမိဳ႕နယ္ကို ျဖတ္သန္းေျပးဆြဲေနရသည္ဟု သိရသည္။

Source: Yangon Directory

### Unicode Version ###

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းမှာ ဘူတာ ၁၀ ခုကို အသစ်တည်ဆောက်သွားမည်

မိုင်အရှည် ၃၈၅ ဒသမ ၅ မိုင် ရှည်လျားသော ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း (အဆင့်-၁) ဖြစ်သော ရန်ကုန်-တောင်ငူ လမ်းပိုင်းအရှည် ၁၆၆ မိုင်ကို အဆင့်မြှင့်တင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ရာ ရန်ကုန်-တောင်ငူ လမ်းပိုင်းရှိ ရထားလမ်း ဘူတာ ၁၀ ခုကို အသစ်ပြန်လည်တည်ဆောက် သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ရန်ကုန်-တောင်ငူလမ်းပိုင်းရှိ ပဲခူး၊ ညောင်လေးပင်၊ ဖြူး အပါအဝင် တောင်ငူ-မန္တလေးလမ်းပိုင်းရှိ တောင်ငူ၊ ရေတာရှည်၊ ပျဉ်းမနား၊ ရမည်းသင်း၊ သာစည်၊ ကျောက်ဆည်၊ မြို့ဟောင်း ဘူတာများကို အသစ်ပြန်လည်တည်ဆောက်သွားမည်ဖြစ်ပြီး ကျန်ဘူတာ ၈၉ ခုစလုံးကိုလည်း မြန်မာ့မီးရထား၏ အစီအစဉ်ဖြင့် အဆင့်ဆင့်ပြုပြင်ခြင်း၊ အသစ်တည်ဆောက်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဘူတာ ပတ်ဝန်းကျင် နယ်နိမိတ်များတွင် အုတ်ခြံစည်းရိုး ကာရံခြင်းများနှင့် ဘူတာအဝင်လမ်း ကောင်းမွန်ရေး၊ Level Crossing များကိုလည်း ပိတ်သိမ်းခြင်း၊ ရှောင်လမ်း၊ ခုံးကျော်တည်ဆောက်ခြင်းများကို သက်ဆိုင်ရာတိုင်းဒေသကြီးအသီးသီး နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်က ပြောကြားသည်။

၁၉၈၈-၁၉၈၉ ခုနှစ်တွင် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများမှာ မြန်မာ့မီးရထား၏ ဝင်ငွေ ၉၅ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၀၇ ခုနှစ်နောက်ပိုင်းတွင် ကားလမ်းခရီးများ ချောမွေ့လာခဲ့ခြင်းကြောင့် မြန်မာ့မီးရထားအနေဖြင့် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများအတွက် ဝင်ငွေ ၉၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရကြောင်း သိရသည်။

ယခု ၂၀၁၈-၂၀၁၉ တွင် ဝင်ငွေ ၇၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သော်လည်း ရန်ကုန်- မန္တလေးရထားလမ်းပိုင်းမှာ မြန်မာ့မီးရထားဝင်ငွေ၏ ၅၈ ရာခိုင်နှုန်းကို ဝင်ငွေရှာပေးနေသောကြောင့် ရထားလမ်းပိုင်းများအား အမြန်ဆုံးပြုပြင်ဆောင်ရွက်မှသာ မြန်မာ့မီးရထား၏ အဆင့်အတန်း မြင့်မားလာမည်ဖြစ်သည်။

လက်ရှိ ၁၅ နာရီကြာ ပြေးဆွဲပေးနေသော ရန်ကုန်-မန္တလေးရထားတွဲဆိုင်းမှာ တစ်နာရီလျှင် ၃၈ မိုင်နှုန်းဖြင့် ပြေးဆွဲပေးလျက်ရှိသည်။

ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း ဆောင်ရွက်ပြီးပါက ရထားပြေးဆွဲချိန် ရှစ်နာရီသာ ကြာမြင့်မည်ဖြစ်ပြီး တစ်နာရီလျှင် ၆၂ မိုင်နှုန်းဖြင့် ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ ဦးအောင်မြင့်လှိုင်က ပြောကြားသည်။

နှစ်ပေါင်း ၁၃၃ နှစ်ကြာ သက်တမ်းရှိ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် ပြေးဆွဲနေသော ရထားတွဲဆိုင်းများမှာ ရန်ကုန်၊ ပဲခူး၊ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့ကို ဖြတ်သန်းပြေးဆွဲနေရပြီး စုစုပေါင်း ၂၃ မြို့နယ်ကို ဖြတ်သန်းပြေးဆွဲနေရသည်ဟု သိရသည်။

Source: Yangon Directory


Read 571 times
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.