Saturday, 05 October 2019 13:49

Mandalay Hill



Read More>>> မန္တလေးမြို့ရဲ့ ထင်ရှားတဲ့နေရာ ( ၁၀ ) ခုက ဘယ်လို ဖြစ်တည်လာသလဲ



Read More>>> တောင်တက်ခြင်းမှ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ


Source: Myawaddy

### Unicode Version ###

မန္တလေးတောင် လုံခြုံရေးအတွက် CCTV ကင်မရာများ တိုးချဲ့တပ်ဆင်မည်

သီတင်းကျွတ်ကာလတွင် မန္တလေး တောင်လုံခြုံရေးအတွက် CCTV ကင်မရာ ၁၆ လုံး ထပ်မံတပ်ဆင်မည်ဖြစ်ကြောင်း အဆိုပါတောင်ဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၁) ဦးလှမြင့်၏ ပြောကြားချက်အရ သိရပါတယ်။

" သီတင်းကျွတ်ပွဲတော်ကာလ ရောက်တော့မှာဖြစ်တဲ့အပြင် မန္တလေးတောင်ခြေအနီးက ကျောက်တော်ကြီး ဘုရားပွဲကလည်း မကြာမီ ကျင်းပတော့မှာဆိုတော့ မန္တလေးတောင်ကို ညပိုင်းအချိန်တွေမှာ ဘုရားဖူးခရီးသွားတွေ များလာနိုင်တယ်။ ဒီလိုပွဲတော်ကာလမျိုးမှာ ဒုစရိုက်မှုတွေမရှိဖို့နဲ့ မှုခင်းတွေဖြစ်ပွားမှုမရှိစေဖို့ လုံခြုံရေး ကင်မရာတွေ ထပ်တိုးပြီး တပ်ဆင်မှာပါ" ဟု ဦးလှမြင့်က ပြောကြားထားပါတယ်။

သီတင်းကျွတ်ပွဲတော်ကာလသို့ ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် ပြည်တွင်းပြည်ပ ဘုရားဖူးခရီးသွား ဝင်ရောက်လည်ပတ်မှုများပြားသော မန္တလေးတောင်တွင် ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစွာ သွားလာဖူးမြော် နိုင်ရေးအတွက် လူအဝင်အထွက်များပြားသည့် နေရာများ၌ CCTV ကင်မရာ ၁၆ လုံးထပ်မံတပ်ဆင်ရန် စီစဉ်နေကြောင်း သိရပါတယ်။

အဆိုပါကင်မရာတပ်ဆင်ခြင်းကို တောင်တော်ပေါ်ရှိ ယာယီယာဉ်ရပ်နားတဲ့နေရာများအပါအဝင် တောင်ရင်ပြင်ပေါ်နှင့် တောင်တစ်လျှောက် လွတ်နေသည့်နေရာများ၌ ထပ်မံတပ်ဆင်သွားမှာဖြစ်ပါတယ်။

လက်ရှိ မန္တလေးတောင်ပေါ်သို့ ဘုရားဖူးလာသည့် ပြည်တွင်းခရီးသွားများအပြင် တောင်ပေါ်မှ နေဝင်ဆည်းဆာအလှကို လာရောက်ကြည့်ရှုခံစားသည့် နိုင်ငံခြားခရီးသွားဧည့်သည်များ အန္တရာယ်ကင်းရှင်းစွာ လာရောက်လည် ပတ်နိုင်ရေး CCTV ကင်မရာအလုံးရေ ၃၂ လုံးခန့်ဖြင့် စောင့်ကြည့် စစ်ဆေးလျက်ရှိကြောင်း သိရပါတယ်။

Source: Myawaddy


Read 358 times Last modified on Saturday, 05 October 2019 14:36
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.