Thursday, 03 October 2019 16:54

alco

လက္ရွိေစ်းကြက္တြင္ေရာင္းခ်ေနသည့္ အရက္အမ်ိဳးမ်ိဳးအတြက္ အခြန္ ၆၀ ရာခိုင္ႏွုန္းေကာက္ခံသြားမည္ဟု ျပည္ေထာင္စုလႊတ္ေတ္ာ အစည္းအေဝးမွာ သေဘာတူခဲ့ေၾကာင္း သိရသည္။

" စီးကရက္ေတာင္ ၁၂၀ ရာခိုင္ႏွုန္းေကာက္တယ္။ အရက္ဆိုရင္ ၆ဝရာခိုင္ႏွုန္းေကာက္ပါတယ္” ဟု ဥပေဒၾကမ္း ပူးေပါင္းေကာ္မတီအတြင္းေရးမွူး ေဒါက္တာျမတ္ဉာဏစိုးက ေျပာၾကာထားသည္။

၂၀၁၉ခုႏွစ္ ျပည္ေထာင္စု၏ အခြန္အေကာက္ဥပေဒၾကမ္းတြင္ ဘီယာ အမ်ိဳးမ်ိဳးအတြက္ ၆၀ ရာခိုင္ႏႈန္း ေကာက္ခံမည္ျဖစ္ၿပီး ၀ိုင္အမ်ိဳးအမ်ိဳးအတြက္ ၅ဝရာခိုင္ႏွုန္းေကာက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။

Read More>>> ေဖာ္မလင္သံုးစြဲမိရင္ ဘာေတြျဖစ္လာနိုင္သလဲ???

မူလက အခြန္အေကာက္ဥပေဒၾကမ္းတြင္ အရက္အမ်ိဳးမ်ိဳးအတြက္ အလႊာ ၁၆လႊာခြဲဲျခားထားၿပီး တစ္လီတာတန္ဖိုး ၁၅၀၀၁ က်ပ္ျဖစ္လၽွင္ အခြန္ ၆ဝရာခိုင္ႏွုန္း ေကာက္ခံရန္ေဖာ္ျပထားၿပီး ယခုကဲ့သို႔ ျပင္ဆင္ခဲ့သည့္အတြက္ အလႊာအသီးသီးတြင္ အခြန္ႏွုန္းတူညီသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ အခြန္ေကာက္တဲ့ေနရာမွာလည္း Inport ေရာ Export ေရာအတူတူပါပဲ။ ျပည္တြင္းကို တင္သြင္းတဲ့အတြက္ေၾကာင့္ ေလၽွာ့ၿပီးေတာ့ေကာက္ခံေနရင္ ျပည္တြင္းကေန ျပည္ပကိုတင္ပို႔တဲ့အတြက္ေၾကာင့္ ေလၽွာ့ၿပီး ေကာက္ခံတယ္ဆိုတာ လုပ္လို႔မရပါဘူး”ဟု ေဒါက္တာျမတ္ဉာဏစိုးက ထပ္မံေျပာၾကားထားသည္။

Read More>>> FDA မွ ထုတ္ျပန္လိုက္ေသာ စားသုံးရန္မသင့္သည့္ အစားအေသာက္အမွတ္တံဆိပ္ ( ၂၃ ) မ်ိဳး

ထို႔အျပင္ တစ္လီတာေစ်းႏွုန္း ၁၅၀၀၁ က်ပ္ႏွင့္အထက္အတြက္ အခြန္ ၃၀ ရာခိုင္ႏွုန္း ေကာက္ခံပါက အထူးကုန္စည္ခြန္တြင္ အခြန္ပိုမိုုေကာက္ခံရရွိသြားမည္ျဖစ္ေၾကာင္း စမ္းေခ်ာင္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဘိုဘိုဦးက ေဆြးေႏြးထားသည္။

“အထက္ပါႏွုန္းထားအတိုင္း ေကာက္ခံပါက သြင္းကုန္အခြန္ ၄ဝရာခိုင္ႏွုန္းအပါအဝင္ ကုန္သြယ္လုပ္ငန္းခြန္ေပါင္းစပ္လိုက္ပါက အခြန္မွာတင္ ၁ဝဝရာခိုင္ႏွုန္း ေက်ာ္သြားမွာျဖစ္တယ္ ”ဟု ဦးဘိုဘိုဦးက ေျပာထားသည္။

Read More>>> ေမာ္ေတာ္ဆိုင္ကယ္သက္တမ္းတိုးမယ္ဆိုရင္ ဘာေတြလိုသလဲ ဘယ္ေလာက္ကုန္သလဲ

ထိုသို႔ ေဆာင္ရြက္မွုမ်ားေၾကာင့္ အရက္တင္သြင္းသည့္ တရားမဝင္လမ္းေၾကာင္းမ်ား၊ အတုအပမ်ား ေစ်းကြက္အတြင္း မ်ားစြာေပၚလာၿပီး အခြန္ရလမ္းလည္း နည္းသြားနိုင္ေၾကာင္း ဦးဘိုဘိုဦးက ေထာက္ျပခဲ့သည္။

Source: MOI

Nilar Myot Win

အရက်အမျိုးမျိုးအတွက် အခွန် ၆၀ ရာခိုင်နှုန်းကောက်ခံမည်

လက်ရှိဈေးကွက်တွင်ရောင်းချနေသည့် အရက်အမျိုးမျိုးအတွက် အခွန် ၆၀ ရာခိုင်နှုန်းကောက်ခံသွားမည်ဟု ပြည်ထောင်စုလွှတ်တေ်ာ အစည်းအဝေးမှာ သဘောတူခဲ့ကြောင်း သိရသည်။

" စီးကရက်တောင် ၁၂၀ ရာခိုင်နှုန်းကောက်တယ်။ အရက်ဆိုရင် ၆ဝရာခိုင်နှုန်းကောက်ပါတယ်” ဟု ဥပဒေကြမ်း ပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောကြာထားသည်။

၂၀၁၉ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းတွင် ဘီယာ အမျိုးမျိုးအတွက် ၆၀ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ပြီး ဝိုင်အမျိုးအမျိုးအတွက် ၅ဝရာခိုင်နှုန်းကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

မူလက အခွန်အကောက်ဥပဒေကြမ်းတွင် အရက်အမျိုးမျိုးအတွက် အလွှာ ၁၆လွှာခွဲခြားထားပြီး တစ်လီတာတန်ဖိုး ၁၅၀၀၁ ကျပ်ဖြစ်လျှင် အခွန် ၆ဝရာခိုင်နှုန်း ကောက်ခံရန်ဖော်ပြထားပြီး ယခုကဲ့သို့ ပြင်ဆင်ခဲ့သည့်အတွက် အလွှာအသီးသီးတွင် အခွန်နှုန်းတူညီသွားမည်ဖြစ်ကြောင်း သိရသည်။

“ အခွန်ကောက်တဲ့နေရာမှာလည်း Inport ရော Export ရောအတူတူပါပဲ။ ပြည်တွင်းကို တင်သွင်းတဲ့အတွက်ကြောင့် လျှော့ပြီးတော့ကောက်ခံနေရင် ပြည်တွင်းကနေ ပြည်ပကိုတင်ပို့တဲ့အတွက်ကြောင့် လျှော့ပြီး ကောက်ခံတယ်ဆိုတာ လုပ်လို့မရပါဘူး”ဟု ဒေါက်တာမြတ်ဉာဏစိုးက ထပ်မံပြောကြားထားသည်။

ထို့အပြင် တစ်လီတာဈေးနှုန်း ၁၅၀၀၁ ကျပ်နှင့်အထက်အတွက် အခွန် ၃၀ ရာခိုင်နှုန်း ကောက်ခံပါက အထူးကုန်စည်ခွန်တွင် အခွန်ပိုမိုကောက်ခံရရှိသွားမည်ဖြစ်ကြောင်း စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက ဆွေးနွေးထားသည်။

“အထက်ပါနှုန်းထားအတိုင်း ကောက်ခံပါက သွင်းကုန်အခွန် ၄ဝရာခိုင်နှုန်းအပါအဝင် ကုန်သွယ်လုပ်ငန်းခွန်ပေါင်းစပ်လိုက်ပါက အခွန်မှာတင် ၁ဝဝရာခိုင်နှုန်း ကျော်သွားမှာဖြစ်တယ် ”ဟု ဦးဘိုဘိုဦးက ပြောထားသည်။

ထိုသို့ ဆောင်ရွက်မှုများကြောင့် အရက်တင်သွင်းသည့် တရားမဝင်လမ်းကြောင်းများ၊ အတုအပများ ဈေးကွက်အတွင်း များစွာပေါ်လာပြီး အခွန်ရလမ်းလည်း နည်းသွားနိုင်ကြောင်း ဦးဘိုဘိုဦးက ထောက်ပြခဲ့သည်။

Source: MOI

Nilar Myot Win


Read 265 times Last modified on Thursday, 03 October 2019 17:11
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.