Thursday, 03 October 2019 16:18

For TiltePic

ေလယာဥ္နဲ႔ ခရီးသြားမယ္ဆိုရင္ သိထားသင့္တဲ့ ေဆာင္ရန္၊ ေရွာင္ရန္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) ေလယာဥ္ေပၚမွာ ထိုင္ခံုကို ေနာက္ဘက္လွန္ခ်ၿပီး ထိုင္သင့္မထိုင္သင့္

ေလယာဥ္ေပၚမွာ ထိုင္ခံုကို ေနာက္ဘက္လွန္ခ်ၿပီး ထိုင္သင့္မထိုင္သင့္က ကိုယ့္ရဲ႕ခရီးစဥ္ေပၚမွာ မူတည္ပါတယ္။

ခရီးတိုေလးသြားမယ္ဆိုရင္ေတာ့ ထိုင္ခံုကို ေနာက္လွန္ခ်ၿပီး မထိုင္သင့္ပါ။ ကိုယ့္ေနာက္ဘက္ခံုက ခရီးသည္ကို စိတ္ဆိုးသြားေစနိုင္ပါတယ္။

ဒါေပမဲ့ ခရီးရွည္ႀကီးသြားရတာမ်ိဳး၊ ညအိပ္ခရီးသြားရတာမ်ိဳးဆိုရင္ေတာ့ ခံုကိုေနာက္လွန္မခ်ခင္မွာ ကိုယ့္ေနာက္ခံုက ခရီးသည္ကို ႀကိဳတင္ခြင့္ေတာင္းသင့္ပါတယ္။ ကိုယ္ခြင့္မေတာင္းခင္ သူရဲ႕ေနာက္ခံုကို လွန္ခ်ၿပီးသားဆိုရင္ေတာ့ ခြင့္မေတာင္းဘဲနဲ႔ ကိုယ့္ခံုကို ေနာက္လွန္ခ်နိုင္ပါတယ္။

ဒါ့အျပင္ ေလယာဥ္ေပၚမွာအိပ္တဲ့အခါ အျခားခရီးသည္ေတြကို အေနွာင့္အယွက္ျဖစ္ေစနိုင္တဲ့ ေခါင္းေစာင္းအိပ္တာမ်ိဳး၊ ေနရာပိုယူၿပီး အိပ္တာမ်ိဳးနဲ႔ အအိပ္ၾကမ္းတာေတြကို သတိထားေစခ်င္ပါတယ္။

liE2cn9Y3pkyQLT

Read More>>> သီတင္းကြ်တ္္ရံုးပိတ္ရက္ေတြကို ဘယ္လုိ တန္းဖိုးရွိရွိျဖတ္သန္းမလဲ

(၂) အစာစားခ်ိန္ ေလယာဥ္ေပၚမွာ ဘယ္လိုျပဳမႈသင့္လဲ

ပံုမွန္ေလယာဥ္စီးတဲ့အခါမွာ ကိုယ့္ရဲ႕တံေတာင္၊ ဒါမွမဟုတ္ အသားနဲ႔ တျခားလူကို သြားမထိသင့္ဘူးဆိုေပမဲ့ ေလယာဥ္ေပၚမွာ အစားစားတဲ့အခါမွာေတာ့ ဒါကျခြင္းခ်က္တစ္ခုျဖစ္လာပါတယ္။

ေလယာဥ္ထိုင္ခံုက က်ဥ္းလည္းက်ဥ္းတဲ့အခါက်ေတာ့ ကိုယ့္ရဲ႕ေဘးနဲ႔ ကိုယ့္ရဲ႕ အေနာက္ကလူေတြကို တက္နိုင္သမွ် အေနွာင့္အယွက္မျဖစ္ေစဖို႔၊ ေဘးကလူကို သြားမထိမိေစဖို႔ ကိုယ့္ရဲ႕ထိုင္ခံုကို အေရွ႕ကို အနည္းငယ္ဆြဲၿပီး စားတာက အဆင္ေျပေစမွာပါ။

ကိုယ့္ရဲ႕ထိုင္ခံုကို အေရွ႕ကိုဆြဲလိုက္တာေၾကာင့္ ေနာက္လူအစာစားဖို႔အတြက္လည္း ေနရာပိုက်ယ္သြားေစတာေၾကာင့္ ေကာင္းတဲ့အျပဳအမႈတစ္ခုလည္း ျဖစ္ပါတယ္။

ဒါေပမဲ့ ကိုယ့္ရဲ႕ခံုကို အေရွ႕ကို မဆြဲခင္မွာ ေနာက္ခံုကလူ ဘာလုပ္ေနလဲဆိုတာကို တစ္ခ်က္ေလာက္ငဲ့ၾကည့္သင့္ပါတယ္။ တကယ္လို႔ သူက Laptop သံုးေနတာ၊ အစာစားဖို႔ အဆင္သင့္ျဖစ္ေနတာမ်ိဳးဆိုရင္ ကိုယ္က ေစတနာနဲ႔ သူအစာစားတဲ့အခါ ေနရာက်ယ္က်ယ္ရေအာင္ ခံုကိုအေရွ႕ကို အနည္းငယ္ဆြဲေပမဲ့ ေစတနာက သူ႔အတြက္ ေဝဒနာျဖစ္သြားတတ္ပါတယ္။

Woman sitting on plane with mobile phone

Read More>>> အျမန္လမ္း၏ သတိျပဳသင့္သည့္ ေနရာ(၁၂)ခု

(၃) တျခားသိထားသင့္တာေတြ

ေလယာဥ္ေပၚမွာ ကိုယ့္ရဲ႕လက္ဆြဲအိတ္ကို ကိုယ့္အေပၚက ပစၥည္းထည့္တဲ့စင္ကလြဲၿပီး တျခားစင္ေတြမွာ သြားမထည့္သင့္ပါဘူး။ မွန္လိုက္ကာဖြင့္တာက ကိုယ္နဲ႔အတူေလယာဥ္စီးလာတဲ့အေဖာ္ေတြကို အေႏွာင့္အယွက္ျဖစ္ ေစနိုင္ပါတယ္။

ေနာက္ၿပီးကိုယ္က ေလယာဥ္ရဲ႕အတြင္းခံုမွာ ထိုင္တယ္ဆိုရင္ ခဏခဏ အျပင္ထြက္တာမ်ိဳးကို ေရွာင္က်ဥ္သင့္ပါတယ္။ ေလယာဥ္ေပၚမွာ စကားေျပာရင္လည္း တိုးတိုးသက္သာနဲ႔ ႏွစ္ကိုယ္ၾကားပဲ ေျပာသင့္ပါတယ္။

Read More>>> စင္ကာပူႏုိင္ငံကုိ သြားေရာက္လည္ပတ္္မယ္ဆုိရင္ ေရွာင္ၾကဥ္ရမယ့္ စည္းကမ္း (၁၃)ခ်က္

ေလယာဥ္ေပၚမွာ ကေလးေတြေခၚလာမိတဲ့အခါမွာ မိဘေတြအေနနဲ႔ တအားမေဆာ့ဖို႔ သင္ထားဖို႔လိုပါတယ္။ တကယ္လို႔ ကေလးကငိုခဲ့ရင္ေတာင္မွ မိဘအေနနဲ႔ ကေလးကို မဆူဘဲ စိတ္ရွည္ရွည္နဲ႔ ေခ်ာ့တာမ်ိဳးပဲ လုပ္သင့္ပါတယ္။

cramed seat

Source: CEO

### Unicode Version ###

လေယာဉ်နဲ့ ခရီးသွားမယ်ဆိုရင် သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်များ

လေယာဉ်နဲ့ ခရီးသွားမယ်ဆိုရင် သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) လေယာဉ်ပေါ်မှာ ထိုင်ခုံကို နောက်ဘက်လှန်ချပြီး ထိုင်သင့်မထိုင်သင့်

လေယာဉ်ပေါ်မှာ ထိုင်ခုံကို နောက်ဘက်လှန်ချပြီး ထိုင်သင့်မထိုင်သင့်က ကိုယ့်ရဲ့ခရီးစဉ်ပေါ်မှာ မူတည်ပါတယ်။

ခရီးတိုလေးသွားမယ်ဆိုရင်တော့ ထိုင်ခုံကို နောက်လှန်ချပြီး မထိုင်သင့်ပါ။ ကိုယ့်နောက်ဘက်ခုံက ခရီးသည်ကို စိတ်ဆိုးသွားစေနိုင်ပါတယ်။

ဒါပေမဲ့ ခရီးရှည်ကြီးသွားရတာမျိုး၊ ညအိပ်ခရီးသွားရတာမျိုးဆိုရင်တော့ ခုံကိုနောက်လှန်မချခင်မှာ ကိုယ့်နောက်ခုံက ခရီးသည်ကို ကြိုတင်ခွင့်တောင်းသင့်ပါတယ်။ ကိုယ်ခွင့်မတောင်းခင် သူရဲ့နောက်ခုံကို လှန်ချပြီးသားဆိုရင်တော့ ခွင့်မတောင်းဘဲနဲ့ ကိုယ့်ခုံကို နောက်လှန်ချနိုင်ပါတယ်။

ဒါ့အပြင် လေယာဉ်ပေါ်မှာအိပ်တဲ့အခါ အခြားခရီးသည်တွေကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ ခေါင်းစောင်းအိပ်တာမျိုး၊ နေရာပိုယူပြီး အိပ်တာမျိုးနဲ့ အအိပ်ကြမ်းတာတွေကို သတိထားစေချင်ပါတယ်။

(၂) အစာစားချိန် လေယာဉ်ပေါ်မှာ ဘယ်လိုပြုမှုသင့်လဲ

ပုံမှန်လေယာဉ်စီးတဲ့အခါမှာ ကိုယ့်ရဲ့တံတောင်၊ ဒါမှမဟုတ် အသားနဲ့ တခြားလူကို သွားမထိသင့်ဘူးဆိုပေမဲ့ လေယာဉ်ပေါ်မှာ အစားစားတဲ့အခါမှာတော့ ဒါကခြွင်းချက်တစ်ခုဖြစ်လာပါတယ်။

လေယာဉ်ထိုင်ခုံက ကျဉ်းလည်းကျဉ်းတဲ့အခါကျတော့ ကိုယ့်ရဲ့ဘေးနဲ့ ကိုယ့်ရဲ့ အနောက်ကလူတွေကို တက်နိုင်သမျှ အနှောင့်အယှက်မဖြစ်စေဖို့၊ ဘေးကလူကို သွားမထိမိစေဖို့ ကိုယ့်ရဲ့ထိုင်ခုံကို အရှေ့ကို အနည်းငယ်ဆွဲပြီး စားတာက အဆင်ပြေစေမှာပါ။

ကိုယ့်ရဲ့ထိုင်ခုံကို အရှေ့ကိုဆွဲလိုက်တာကြောင့် နောက်လူအစာစားဖို့အတွက်လည်း နေရာပိုကျယ်သွားစေတာကြောင့် ကောင်းတဲ့အပြုအမှုတစ်ခုလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ကိုယ့်ရဲ့ခုံကို အရှေ့ကို မဆွဲခင်မှာ နောက်ခုံကလူ ဘာလုပ်နေလဲဆိုတာကို တစ်ချက်လောက်ငဲ့ကြည့်သင့်ပါတယ်။ တကယ်လို့ သူက Laptop သုံးနေတာ၊ အစာစားဖို့ အဆင်သင့်ဖြစ်နေတာမျိုးဆိုရင် ကိုယ်က စေတနာနဲ့ သူအစာစားတဲ့အခါ နေရာကျယ်ကျယ်ရအောင် ခုံကိုအရှေ့ကို အနည်းငယ်ဆွဲပေမဲ့ စေတနာက သူ့အတွက် ဝေဒနာဖြစ်သွားတတ်ပါတယ်။

(၃) တခြားသိထားသင့်တာတွေ

လေယာဉ်ပေါ်မှာ ကိုယ့်ရဲ့လက်ဆွဲအိတ်ကို ကိုယ့်အပေါ်က ပစ္စည်းထည့်တဲ့စင်ကလွဲပြီး တခြားစင်တွေမှာ သွားမထည့်သင့်ပါဘူး။ မှန်လိုက်ကာဖွင့်တာက ကိုယ်နဲ့အတူလေယာဉ်စီးလာတဲ့အဖော်တွေကို အနှောင့်အယှက်ဖြစ် စေနိုင်ပါတယ်။

နောက်ပြီးကိုယ်က လေယာဉ်ရဲ့အတွင်းခုံမှာ ထိုင်တယ်ဆိုရင် ခဏခဏ အပြင်ထွက်တာမျိုးကို ရှောင်ကျဉ်သင့်ပါတယ်။ လေယာဉ်ပေါ်မှာ စကားပြောရင်လည်း တိုးတိုးသက်သာနဲ့ နှစ်ကိုယ်ကြားပဲ ပြောသင့်ပါတယ်။

လေယာဉ်ပေါ်မှာ ကလေးတွေခေါ်လာမိတဲ့အခါမှာ မိဘတွေအနေနဲ့ တအားမဆော့ဖို့ သင်ထားဖို့လိုပါတယ်။ တကယ်လို့ ကလေးကငိုခဲ့ရင်တောင်မှ မိဘအနေနဲ့ ကလေးကို မဆူဘဲ စိတ်ရှည်ရှည်နဲ့ ချော့တာမျိုးပဲ လုပ်သင့်ပါတယ်။

Source: CEO


Read 366 times Last modified on Saturday, 05 October 2019 11:42
Rate :
(4 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.