Thursday, 03 October 2019 13:28

celebrating-with-sparklers-in-the-night_53876-18286_1.jpg

 

မၾကာခင္ သီတင္းကၽြတ္အခါသမယေလး က်ေရာက္ေတာ့မွာျဖစ္လို႔ လူႀကီးလူငယ္ေတြ၊ ကေလးေတြအားလံုး ေပ်ာ္ေနၾကၿပီထင္တယ္ေနာ္။

တကယ္ကို ေပ်ာ္စရာပါပဲ။ ကေလးေတြလည္း သီတင္းကၽြတ္ေက်ာင္းပိတ္တယ္။ လူႀကီးေတြလည္း ရံုးေတြပိတ္ၾကတယ္။ မိသားစုေတြ စံုစံုလင္လင္ အခုလို တစ္စုတစ္စည္းတည္း ေတြ႕ဆံုခြင့္ရတဲ့ တစ္ႏွစ္တာလံုး ရခဲလွတဲ့အခ်ိန္ကာလမ်ိဳးမွာ မိသားစုေတြနဲ႔အတူတူ ဘယ္လို အခ်ိန္ေတြကို တန္ဖိုးရွိရွိသံုးလို႔ရေသးလဲဆိုတာေလးကို မွ်ေ၀ေပးပါရေစ။

 

မိသားစုဆီျပန္ၾကရေအာင္

နံပါတ္တစ္အေရးအႀကီးဆံုးအေနနဲ႔ အႀကံျပဳေပးခ်င္တဲ့ေနရာကေတာ့ မိသားစုရဲ႕ ေႏြးေထြးလံုၿခံဳတဲ့အိမ္ပါပဲ။ တစ္နယ္တစ္ေက်းကို အလုပ္သြားေရာက္လုပ္ကိုင္ေနၾကရတဲ့သူေတြလည္း အားလံုး အိမ္ျပန္ေစခ်င္ပါတယ္။ မိသားစုနဲ႔အတူတူေနတဲ့သူေတြအားလံုးကိုလည္း သင္တို႔ရဲ႕ ဘိုးဘိုးဘြားဘြားေတြဆီသြားလည္ဖို႔ ေျပာခ်င္ပါတယ္။ 

လူႀကီးေတြ ေနာက္ၿပီး မိသားစု၀င္ေတြကို ပစ္ထားမိတာ ဘယ္ေလာက္ေတာင္ ၾကာသြားၿပီလဲေနာ္။ ဒီလို လူႀကီးေတြကို လိုက္ကန္ေတာ့ရင္း ဂါ၀ရျပဳရတဲ့ ျမန္မာ့အထင္ကရ သီတင္းကၽြတ္ပြဲေတာ္ရက္ေတြမွာေတာ့ သင္ဟာ မိသားစုနဲ႔အတူတူရွိေနဖို႔ အေကာင္းဆံုးအခ်ိန္ေတြပဲ ျဖစ္ပါတယ္။

Read  More>>>စင္ကာပူႏုိင္ငံကုိ သြားေရာက္လည္ပတ္္မယ္ဆုိရင္ ေရွာင္ၾကဥ္ရမယ့္ စည္းကမ္း (၁၃)ခ်က္

ခရီးထြက္ၾကရေအာင္

ေနာက္တစ္ခု မွ်ေ၀ခ်င္တာကေတာ့ ဒီရာသီက ခရီးထြက္လို႔ အေကာင္းဆံုးပါပဲ။ မိုးလည္းကုန္ၿပီ။ ေနာက္ၿပီး ပိတ္ရက္ရွည္လည္းရၿပီ။ သင္မေရာက္ဖူးတဲ့ ေနရာေဒသေတြက သီတင္းကၽြတ္ပြဲေလးေတြကိုလည္း ျမည္းစမ္းခြင့္ရမယ့္ အခြင့္အေရးရွိတာမို႔ ဒီလိုရာသီေလာက္ ခရီးထြက္လို႔ေကာင္းတာ ဒီရာသီပဲရွိပါတယ္။

မိသားစုနဲ႔ အတူတူခရီးသြားပါ။ သူငယ္ခ်င္းေတြအတူတူ ခရီးသြားပါ။ တစ္ေန႔တစ္ေန႔ ပ်င္းရိၿငီးေငြ႕ဖို႔ေကာင္းတဲ့ လုပ္ငန္းခြင္ကေန ေနာက္ၿပီး ေခတ္မီအီလက္ထေရာနစ္ ပစၥည္းေတြၾကားကေန ခဏရုန္းထြက္ၿပီး ခရီးသြားရင္း စိတ္ေရာလူေရာအပန္းေျဖဖို႔ အသင့္ေတာ္ဆံုးအခ်ိန္ေတြပဲ ျဖစ္ပါတယ္။

မီးထြန္းၾကရေအာင္

မီးက ေန႔တိုင္းထြန္းေနၾကတာပဲဆိုတာ ဟုတ္တာေပါ့။ ဒါေပမယ့္ သီတင္းကၽြတ္ကေတာ့ တျခားပြဲေတာ္ေတြနဲ႔မတူပါဘူး။ သီတင္းကၽြတ္လျပည့္ေန႔မွာ ဗုဒၶျမတ္စြာဘုရားဟာ တာ၀တိ ံသာနတ္ျပည္က မယ္ေတာ္ကို အဘိဓမၼာတရားေဟာၾကားျပသေပးၿပီး နတ္ျပည္ကေနလူ႔ျပည္ကို ျပန္လည္ၾကြခ်ီလာတဲ့ေန႔ ျဖစ္ပါတယ္။ 

ဒါေၾကာင့္ ဗုဒၶဘာသာ၀င္ေတြ အထြဋ္အျမတ္ထားတဲ့ ေန႔ထူးေန႔ျမတ္ကို ဘိုးဘြားဘီဘင္လက္ထက္ကတည္းက ဘုရားရွင္ကို ႀကိဳဆိုပူေဇာ္သမႈနဲ႔ ဆီမီးေလးေတြ အိမ္တိုင္းအိမ္တိုင္းက ထြန္းညွိပူေဇာ္ၾကတာေနာ္။ ဒီလိုထူးထူးျခားျခား သတင္းကၽြတ္ပြဲေတာ္ရဲ႕အစဥ္အလာကိုလည္း ထိန္းသိမ္းရင္း ညအခ်ိန္ေတြကို အိမ္မွာ မီးပံုးေလးေတြ၊ မီးလံုးေလးေတြ အလွဆင္ႏိုင္ရံုတင္မကပါဘူး။ အလွဓာတ္ပံုေလးေတြပါ ရိုက္လို႔ေကာင္းတဲ့အခ်ိန္ပါပဲ။

>>>ကုနု္စံုဆုိင္မ်ား<<<

ေလွ်ာက္လည္ၾကရေအာင္

ကဲ ဘယ္လိုလဲ။ ဘယ္ေတြေလွ်ာက္လည္မွာလဲ။ ရန္ကုန္ၿမိဳ႕မွာေတာ့ ဒီလိုသီတင္းကၽြတ္ရာသီမွာ ေလွ်ာက္လည္လို႔ေကာင္းတဲ့ ေနရာေတြအမ်ားႀကီး ရွိေနမွာပါ။ သီတင္းကၽြတ္ပြဲေတာ္ အမွတ္တရ ေစ်းေရာင္းပြဲေတြ၊ ေပ်ာ္ပြဲရႊင္ပြဲေတြ၊ ေတးဂီတေဖ်ာ္ေျဖပြဲေတြ၊ အႏုပညာျပပြဲေတြနဲ႔ သီတင္းကၽြတ္ရိုးရာပြဲေစ်းေတြက ဒီအခ်ိန္တစ္ခ်ိန္ထဲမွာပဲ အားလံုးစုပံုေနဦးမွာဆိုေတာ့ ေရြးရခက္ေနေတာ့မွာပဲေနာ္။ ဒါေပမယ့္လည္း တစ္ႏွစ္မွတစ္ႀကိမ္ဆင္ႏႊဲရတာမို႔လို႔ လက္လြတ္ေတာ့မခံသင့္ပါဘူးေနာ္။

သီတင္းကၽြတ္ကာလမွာ ပိတ္ရက္ရရင္ ဘာေတြလုပ္ရမယ္မွန္းမသိတဲ့သူေတြအတြက္ ေယဘူယ်အႀကံျပဳခ်က္ေလးေတြ မွ်ေ၀ေပးလုိက္တယ္ေနာ္။ လူႀကီးမိဘေတြကို လိုက္ကန္ေတာ့ၿပီး မုန္႔ဖိုးေတာင္းဖို႔ကေတာ့ အႀကံျပဳေနစရာေတာင္ လိုမယ္မထင္ပါဘူးေနာ္ 

 

Unicode

 

မကြာခင် သီတင်းကျွတ်အခါသမယလေး ကျရောက်တော့မှာဖြစ်လို့ လူကြီးလူငယ်တွေ၊ ကလေးတွေအားလုံး ပျော်နေကြပြီထင်တယ်နော်။ တကယ်ကို ပျော်စရာပါပဲ။ ကလေးတွေလည်း သီတင်းကျွတ်ကျောင်းပိတ်တယ်။ လူကြီးတွေလည်း ရုံးတွေပိတ်ကြတယ်။ မိသားစုတွေ စုံစုံလင်လင် အခုလို တစ်စုတစ်စည်းတည်း တွေ့ဆုံခွင့်ရတဲ့ တစ်နှစ်တာလုံး ရခဲလှတဲ့အချိန်ကာလမျိုးမှာ မိသားစုတွေနဲ့အတူတူ ဘယ်လို အချိန်တွေကို တန်ဖိုးရှိရှိသုံးလို့ရသေးလဲဆိုတာလေးကို မျှဝေပေးပါရစေ။

မိသားစုဆီပြန်ကြရအောင်

နံပါတ်တစ်အရေးအကြီးဆုံးအနေနဲ့ အကြံပြုပေးချင်တဲ့နေရာကတော့ မိသားစုရဲ့ နွေးထွေးလုံခြုံတဲ့အိမ်ပါပဲ။ တစ်နယ်တစ်ကျေးကို အလုပ်သွားရောက်လုပ်ကိုင်နေကြရတဲ့သူတွေလည်း အားလုံး အိမ်ပြန်စေချင်ပါတယ်။ မိသားစုနဲ့အတူတူနေတဲ့သူတွေအားလုံးကိုလည်း သင်တို့ရဲ့ ဘိုးဘိုးဘွားဘွားတွေဆီသွားလည်ဖို့ ပြောချင်ပါတယ်။

လူကြီးတွေ နောက်ပြီး မိသားစုဝင်တွေကို ပစ်ထားမိတာ ဘယ်လောက်တောင် ကြာသွားပြီလဲနော်။ ဒီလို လူကြီးတွေကို လိုက်ကန်တော့ရင်း ဂါဝရပြုရတဲ့ မြန်မာ့အထင်ကရ သီတင်းကျွတ်ပွဲတော်ရက်တွေမှာတော့ သင်ဟာ မိသားစုနဲ့အတူတူရှိနေဖို့ အကောင်းဆုံးအချိန်တွေပဲ ဖြစ်ပါတယ်။

ခရီးထွက်ကြရအောင်

နောက်တစ်ခု မျှဝေချင်တာကတော့ ဒီရာသီက ခရီးထွက်လို့ အကောင်းဆုံးပါပဲ။ မိုးလည်းကုန်ပြီ။ နောက်ပြီး ပိတ်ရက်ရှည်လည်းရပြီ။ သင်မရောက်ဖူးတဲ့ နေရာဒေသတွေက သီတင်းကျွတ်ပွဲလေးတွေကိုလည်း မြည်းစမ်းခွင့်ရမယ့် အခွင့်အရေးရှိတာမို့ ဒီလိုရာသီလောက် ခရီးထွက်လို့ကောင်းတာ ဒီရာသီပဲရှိပါတယ်။

မိသားစုနဲ့ အတူတူခရီးသွားပါ။ သူငယ်ချင်းတွေအတူတူ ခရီးသွားပါ။ တစ်နေ့တစ်နေ့ ပျင်းရိငြီးငွေ့ဖို့ကောင်းတဲ့ လုပ်ငန်းခွင်ကနေ နောက်ပြီး ခေတ်မီအီလက်ထရောနစ် ပစ္စည်းတွေကြားကနေ ခဏရုန်းထွက်ပြီး ခရီးသွားရင်း စိတ်ရောလူရောအပန်းဖြေဖို့ အသင့်တော်ဆုံးအချိန်တွေပဲ ဖြစ်ပါတယ်။

မီးထွန်းကြရအောင်

မီးက နေ့တိုင်းထွန်းနေကြတာပဲဆိုတာ ဟုတ်တာပေါ့။ ဒါပေမယ့် သီတင်းကျွတ်ကတော့ တခြားပွဲတော်တွေနဲ့မတူပါဘူး။ သီတင်းကျွတ်လပြည့်နေ့မှာ ဗုဒ္ဓမြတ်စွာဘုရားဟာ တာဝတိ ံသာနတ်ပြည်က မယ်တော်ကို အဘိဓမ္မာတရားဟောကြားပြသပေးပြီး နတ်ပြည်ကနေလူ့ပြည်ကို ပြန်လည်ကြွချီလာတဲ့နေ့ ဖြစ်ပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ နေ့ထူးနေ့မြတ်ကို ဘိုးဘွားဘီဘင်လက်ထက်ကတည်းက ဘုရားရှင်ကို ကြိုဆိုပူဇော်သမှုနဲ့ ဆီမီးလေးတွေ အိမ်တိုင်းအိမ်တိုင်းက ထွန်းညှိပူဇော်ကြတာနော်။ ဒီလိုထူးထူးခြားခြား သတင်းကျွတ်ပွဲတော်ရဲ့အစဉ်အလာကိုလည်း ထိန်းသိမ်းရင်း ညအချိန်တွေကို အိမ်မှာ မီးပုံးလေးတွေ၊ မီးလုံးလေးတွေ အလှဆင်နိုင်ရုံတင်မကပါဘူး။ အလှဓာတ်ပုံလေးတွေပါ ရိုက်လို့ကောင်းတဲ့အချိန်ပါပဲ။

လျှောက်လည်ကြရအောင်

ကဲ ဘယ်လိုလဲ။ ဘယ်တွေလျှောက်လည်မှာလဲ။ ရန်ကုန်မြို့မှာတော့ ဒီလိုသီတင်းကျွတ်ရာသီမှာ လျှောက်လည်လို့ကောင်းတဲ့ နေရာတွေအများကြီး ရှိနေမှာပါ။ သီတင်းကျွတ်ပွဲတော် အမှတ်တရ ဈေးရောင်းပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေ၊ တေးဂီတဖျော်ဖြေပွဲတွေ၊ အနုပညာပြပွဲတွေနဲ့ သီတင်းကျွတ်ရိုးရာပွဲဈေးတွေက ဒီအချိန်တစ်ချိန်ထဲမှာပဲ အားလုံးစုပုံနေဦးမှာဆိုတော့ ရွေးရခက်နေတော့မှာပဲနော်။ ဒါပေမယ့်လည်း တစ်နှစ်မှတစ်ကြိမ်ဆင်နွှဲရတာမို့လို့ လက်လွတ်တော့မခံသင့်ပါဘူးနော်။

သီတင်းကျွတ်ကာလမှာ ပိတ်ရက်ရရင် ဘာတွေလုပ်ရမယ်မှန်းမသိတဲ့သူတွေအတွက် ယေဘူယျအကြံပြုချက်လေးတွေ မျှဝေပေးလိုက်တယ်နော်။ လူကြီးမိဘတွေကို လိုက်ကန်တော့ပြီး မုန့်ဖိုးတောင်းဖို့ကတော့ အကြံပြုနေစရာတောင် လိုမယ်မထင်ပါဘူးနော်

 

Credit; Moethae Say


Read 327 times Last modified on Thursday, 03 October 2019 13:53
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.