Friday, 27 September 2019 14:53


Thailand-packing-list-1_1.jpg

ခရီးတွေသွားတိုင်း အမြဲတစ်ခုမဟုတ်တစ်ခုမေ့တာက ထုံးစံပါပဲ။

luggage ပြီးရင် ပစ္စည်းတွေ မေ့ကျန်တတ်တဲ့ လူတွေရှိကြလည်းရှိတက်ကြပါတယ်။ ဒါကြောင့် အခုဖော်ပြမယ့် list လေးက ခရီးသွားခါနီး အထုတ်အပိုးပြင်တော့မယ်ဆိုရင် ပြန်ကြည့်ပြီး ဘာလိုသေးတယ်၊ ဘာထည့်ရမယ်ဆိုတာ သတိရဖို့ အထောက်အကူပြုနိုင်ပါတယ်။

၁။ သွားတိုက်တံ၊ သွားတိုက်ဆေး။ ဟိုတယ်တွေ တည်းခိုခန်းတွေမှာ ခုနောက်ပိုင်း အပြည့်အစုံပေးပေမယ့် သူတို့ပေးတာတွေက များသောအားဖြင့် ကောင်းတဲ့အမျိုးအစားတွေ မဟုတ်လို့ ကိုယ့်ဘာသာယူသွားတာ ပိုကောင်းပါတယ်။

၂။ အေးတဲ့ဒေသဆို lotion / body oil နဲ့ ပူတဲ့နေရာတွေ ကမ်းခြေတွေဆို Suncream ကို မပါမဖြစ်ယူပါ။

၃။ နေကာမျက်မှန်နဲ့ ဦးထုတ်ကို လုံးဝမမေ့သင့်ပါ။

Read More>>>ကျောင်းသားဘဝမှာ ခရီးထွက်ခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူး(၆)ခု

၎။ လိုလိုမယ်မယ် ဖိနပ်အပိုတစ်စုံ အမြဲယူပါ။

၅။ ပါရာစီတမော၊ ပလာစတာ၊ ပရုတ်ဆီ ထိခိုက်ဒဏ်ရာ အတွက်လိမ်းစရာ ဆေးတစ်ခုခု၊ ကားမူးတတ်တဲ့ လူတွေအတွက် သောက်ဆေး၊ အမြဲဆောင်သွားပါ။

၆။ hiking လုပ်မှာကလွဲရင် ကျန်တဲ့ခရီးတွေအတွက် ရေကူးဝတ်စုံ မပါမဖြစ်ယူပါ။ ကမ်းခြေမဟုတ်လည်း ကိုယ်တည်းမယ့် ဟိုတယ်မှာ ရေကူးကန်ရှိနေရင် ရေကူးဝတ်စုံပါတော့ ပိုအဆင်ပြေတာပေါ့။

၇။ ပဝါ၊ တဘတ်၊ စောင် တစ်ခုခုမပါမဖြစ် ထည့်ပါ။

>>>ခရီးသွားလုပ်ငန်းများ<<<

၈။ ခေါင်းလျှော်ရည် ဒါကလည်း ဟိုတယ်တိုင်းနီးပါး ပေးပါတယ်။ ဒါပေမယ့် ကြုံဖူးရင်သိပါလိမ့်မယ် သူတို့ပေးတဲ့ amount နဲ့ ကိုယ်လျှော်တာနဲ့ ဘယ်တော့မှ မလောက်ငှပါ။

၉။ ခြေအိတ်အပို၊ အတွင်းခံဘောင်းဘီ ဘာညာမေ့ရင် အတော်ဒုက္ခရောက်ပါတယ်နော်။

၁၀။ မိန်းကလေးများ ခေါင်းစီးကြိုး၊ ညှပ်ကလစ်တစ်ခုခု မပါမဖြစ်ယူပါ။

အခု list ထဲက ၁၀ ခုကတော့ တော်တော်များများယူဖို့ မေ့တတ်ကြတဲ့ပစ္စည်းလေးတွေပါ။ ကျန်တဲ့အင်္ကျီ၊ ဘောင်းဘီ၊ ဘာညာကတော့ ပြောစရာလိုမယ်မထင်လို့ မထည့်ထားတော့ပါဘူး။

Source; လူငယ်မီဒီယာ

 


Read 618 times
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.