Saturday, 21 September 2019 16:53

go

 

Andorid ဖုန်းတွေမှာ ပါနေကျဖြစ်တဲ့ Google Apps တွေ မပါတဲ့ ဖုန်းအမျိုးအစားသစ်ကို Huawei ကုမ္ပဏီက စတင်ပွဲထုတ်လိုက်တယ်လို့ သိရပါတယ်။

Huawei ပွဲထုတ်လိုက်တဲ့ ဖုန်းအမျိုးအစားဟာ Mate 30 နဲ့ Mate 30 Pro တို့ဖြစ်ကြပြီး ဒီဖုန်း နှစ်မျိုးစလုံးမှာ Google ရဲ့ လူသုံးများတဲ့ App တွေဖြစ်တဲ့ YouTube ၊ Google Maps နဲ့ Gmail တို့ မပါဝင်လာဘူးလို့ သိရပါတယ်။

ဒါ့အပြင် Google Play Store လည်း ပါဝင်လာခြင်းမရှိပါဘူး။

Read More>>> အောက်တိုဘာ ၁ ရက်မှစ၍ ကုန်တင်ယာဉ်များ၏ ခွင့်ပြုတန်ချိန် ပြောင်းလဲသတ်မှတ်မည်

ဒီလို မပါဝင်လာတွေကို ဖြေရှင်းနိုင်ဖို့ Huawei ဟာ သူ့ရဲ့ကိုယ်ပိုင် New Alternative Apps တွေကို ထည့်သွင်းပေးထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Huawei App Gallery လို့ခေါ်တဲ့ ကိုယ်ပိုင် Store ကနေ တစ်ဆင့် Facebook ၊ Instagram နဲ့ WhatsApp တွေကို ရယူအသုံးပြုနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

Huawei ဟာ သူ့ရဲ့ ကိုယ်ပိုင် Chips တွေ ကိုယ်ပိုင် Apps တွေနဲ့ ဈေးကွက်ကိုထိုးဖောက်ဖို့ ကြိုးစားနေခဲ့ပါတယ်။

 

Nilar Myot Win


Read 177 times
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.