Saturday, 21 September 2019 16:38

bus

 

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဟာ ကိုယ့်ခြေကိုယ့်လက်နဲ့ လွတ်လွတ်လပ်လပ် လုပ်နိုင်တဲ့အလုပ်မျိုးဖြစ်ပြီး အကျိုးအမြတ်နဲ့ စွန့်စားမှုမှာလည်း ဝန်ထမ်းဘဝထက် ပိုများပါတယ်။

ဒါ့ကြောင့် ဝန်ထမ်းဘဝကနေ ထွက်ပြီး ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်ထူထောင်တော့မယ်ဆိုရင် တက်နိုင်သမျှ စည်းစနစ်ကျကျ ပြင်ဆင်ဖို့ လိုပါတယ်။

လုပ်ငန်းသေးသေးလေးကနေ စတင်ပြီး ကိုယ်ပိုင်လုပ်ငန်းတစ်ခုထူထောင်တော့မယ်ဆိုရင် အောက်ပါအချက်တွေကို သိဖို့ လိုပါလိမ့်မယ်။

(၁) အစီအစဉ်တစ်ခုဆွဲပါ

စီးပွားရေးအစီအစဉ်တစ်ခုဆွဲဖို့က အရေးကြီးဆုံးအဆင့်ဖြစ်ပါတယ်။ ကိုယ့်ခေါင်းထဲကနေ စိတ်ကူးကို အကောင်အထည်ဖော်သွားမယ့် မြေပုံတစ်ခုကို ချရမှာဖြစ်တယ်။ တစ်ခြားသူတွေဆီကနေ ငွေကြေးနဲ့ ရင်းနှီးမြှုပ်နှံမှုကို ရှာဖွေသွားမယ်ဆိုရင်လည်း သီးသန့်စီးပွားရေးအစီအမံတစ်ခုကို ကျွမ်းကျင်သူတွေရဲ့ အကူအညီနဲ့ ရေးဆွဲသွားဖို့ လိုပါတယ်။

Read More>>> GIC Myanmar မှ ကြီးမှူးကျင်းပမည့် ဝန်ထမ်းရွေးချယ်ပွဲ

(၂) ဈေးကွက်ကိုလေံလာပါ

လက်ရှိဈေးကွက်ထဲမှာ ဘယ်လိုထုတ်ကုန်နဲ့ ဝန်ဆောင်မှုပေးနေသလဲဆိုတာ စိစစ်ပြီး ကိုယ့်လုပ်ငန်းအနေနဲ့ မတူညီတာတွေဘာတွေလုပ်နိုင်မလဲရှာပါ။ အရေးကြီးတာက ကိုယ့်ကိုယ်ကို မေးခွန်းထုတ်နေဖို့ပါပဲ။

(၃) စီးပွားရေး ပုံစံရွေးချယ်ပါ

စီးပွားရေးပုံစံဆိုရာမှာ တစ်ဦးပိုင်သွားမလား၊ ပါတနာနဲ့သွားမလား၊ ဒါမှမဟုတ် ကော်ပိုရေးရှင်းပုံစံနဲ့ ထွက်မလား ဆိုတာကိုလည်း ထည့်တွက်ရမှာပါ။ ကနဦး စီးပွားရေးမော်ဒယ်ကို ရွေးပြီးမှသာ စီးပွားရေးအလားအလာအတိုင်း ကိုယ်သွားချင်သလို သွားလို့ရအောင် ဖွဲ့စည်းပုံကို ပြောင်းလဲလိုက်ရမှာ ဖြစ်ပါတယ်။

Read More>>> နိုင်ငံတွေအလိုက် ကွဲပြားခြားနားတဲ့ ကျောင်းယူနီဖောင်းများအကြောင်း

(၄) ငွေကြေးကို စီစဉ်ပါ

လုပ်ငန်းတစ်ခုထောင်ဖို့အတွက် ပိုက်ဆံအများကြီး မလိုပေမယ့် လုပ်ငန်းကနေ အမြတ်မထွက်ခင်ကြား ကာလမှာတော့ ဒီလုပ်ငန်းပေါ် သုံးစွဲရတာတွေရှိပါတယ်။ လုပ်ငန်းလိုင်စင်ဆောင်တာ၊ မှတ်ပုံတင်တာ အပါအဝင် နောက်ဆုံး ရုံးခန်းဌားတာ၊ ဈေးကွက်ဆင်းတာ၊ လစာပေးတာကအစ ငွေကြေးကို စီမံတတ်ဖို့ လိုပါတယ်။

(၅) လုပ်ငန်းနာမည်ပေးပြီး မှတ်ပုံတင်ပါ

အလုပ်ခွင်မှာ သုံးနိုင်ဖို့ လုပ်ငန်းနာမည်ကို ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။ ပြီးတာနဲ့ မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် လုပ်ငန်းဝက်ဘ်ဆိုက်ပါ တစ်ခါတည်း ရွေးချယ်နာမည်ပေးသင့်ပါတယ်။ လုပ်ငန်းတစ်ခုအတွက် လိုအပ်တဲ့ မှတ်ပုံတင်မှု၊ ရုံးခန်းဌားမှု၊ ငွေကြေးစီမံမှု ပုံစံတွေချပြီးလို့ ဝန်ထမ်းခန့်ပြီး လုပ်ငန်း လည်ပတ်တာနဲ့ ဖောက်သည်တွေကို ဆွဲဆောင်ဖို့ လိုအပ်တဲ့ ဈေးကွက်မြှင့်တင်ရေး အစီအစဉ်တွေ ရေးဆွဲရတော့မှာပါ။ ဒီအတွက် လုပ်ငန်းခွင်ဝါရင့်သမ္ဘာရင့်ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးတာ၊ အကြံတောင်းတာအပြင် ကိုယ့်အရှေ့မှာ အောင်မြင်နေသူတွေရဲ့ နမူနာကိုယူပြီး ကိုယ့်ရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုကို အရည်အသွေးမြှင့်နေရမှာပါ။

Read More>>> အောက်တိုဘာ ၁ ရက်မှစ၍ ကုန်တင်ယာဉ်များ၏ ခွင့်ပြုတန်ချိန် ပြောင်းလဲသတ်မှတ်မည်

ဒီအချက်တွေကတော့ Step-By-Step သွားရမယ့် အစီအစဉ်တွေဖြစ်ပြီး အခါအားလျော်စွာ လုပ်ငန်းအတွက် လိုအပ်တဲ့ အတွေ့အကြုံ၊ ဗဟုသုတတွေကို ဖြည့်ဆည်းဖို့လည်း လိုပါတယ်။

 

Source: mystylemyanmar


Read 369 times Last modified on Saturday, 21 September 2019 16:59
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.