Saturday, 21 September 2019 12:11

tra

 

လာမည့် အောက်တိုဘာ ၁ ရက်နေ့မှ စတင်ကာ ကုန်တင်ယာဉ်များကို မိုးတွင်းကာလ ခွင့်ပြုတန်ချိန်မှ နွေကာလခွင့်ပြုတန်ချိန်သို့ ပြင်ဆင် ပြောင်းလဲမည်ဖြစ်ကြောင်း လမ်းဦးစီးဌာနမှ သိရသည်။

ကုန်တင်တွဲယာဉ်များ သွားလာမှုနှင့် ပတ်သက်၍ မိုးတွင်းကာလ ခွင့်ပြုတန်ချိန် သတ်မှတ်ချက်သည် ယခုလ ၃၀ ရက်နေ့တွင် ကုန်ဆုံးတော့မည် ဖြစ်သည်။

ထို့ကြောင့် နွေကာလ ခွင့်ပြုတန်ချိန်ကို အောက်ပါအတိုင်း ပြောင်းလဲသတ်မှတ်လိုက်ပြီ ဖြစ်သည်။

၁။ ဝင်ရိုး ၅ ခုပါ (၁၄) ဘီးကုန်တင်ယာဉ်ကြီး - ( ၃၀ ) တန်မှ ( ၃၁ ) တန်
၂။ ဝင်ရိုး ၄ ခုပါ (၁၄) ဘီးကုန်တင်ယာဉ်ကြီး - ( ၃၃ ) တန်မှ ( ၃၄ ) တန်
၃။ ဝင်ရိုး ၅ ခုပါ (၁၈) ဘီးကုန်တင်ယာဉ်ကြီး - ( ၄၁ ) တန်မှ ( ၄၆ ) တန်
၎။ ဝင်ရိုး ၆ ခုပါ (၁၈) ဘီးကုန်တင်ယာဉ်ကြီး - ( ၄၈ ) တန်မှ ( ၅၀.၅ ) တန်
၅။ ဝင်ရိုး ၆ တန်း၊ (၂၆) ဘီး နောက်တွဲပါယာဉ် - ( ၅၃ ) တန် မှ ( ၅၅ ) တန်

m

ခွင့်ပြုတန်ချိန် ပြောင်းလဲ သတ်မှတ်ချက်အား သက်ဆိုင်ရာ B.O.T ကုမ္ပဏီများမှ ကောက်ခံသော လမ်း/ တံတားဂိတ်များ၊ လမ်းဦးစီးဌာနမှ ကောက်ခံသော လမ်း/ တံတားဂိတ်များနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အစီအစဉ်ဖြင့် လေလံပေးအပ်သော လမ်း/ တံတားဂိတ်များသို့ အကြောင်းကြားထားသည်။

Read More>>> မန္တလေးဆိပ်ကမ်း အဆင့်မြှင့်တင်မည်ဖြစ်၍ ကမ်းခြေရှိလုပ်ငန်းများ နေရာပြောင်းရွှေ့ရမည်

Axle Load နှင့်ပတ်သက်၍ နွေကာလသတ်မှတ်ချက်သည် လမ်းအတွက်သာ ဖြစ်ပြီး တံတားများအတွက် သတ်မှတ်ချက်သည်လည်း တံတားဦးစီးဌာန၏ ခွင့်ပြုချက်အတိုင်းသာ ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ပြောကြားထားကြောင်း သိရသည်။

 

Nilar Myot Win


Read 299 times Last modified on Saturday, 21 September 2019 13:01
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.