Friday, 20 September 2019 16:57

industry

 

KMIC စက်မှုဇုန်ကို လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းရဲ့ အနောက်ဘက် မြေဧက ၅၅၀ မှာ အကောင်အထည်ဖော်မှာဖြစ်ပါတယ်။

ကိုရီးယားနဲ့မြန်မာဟာ တစ်ဦးနဲ့တစ်ဦး နည်းပညာတွေ ဝေငှခြင်း၊ သယံဇာတတွေဝေငှ ခြင်း၊ အတူယှဉ်တွဲပြီး အကျိုးတူဆောင်ရွက်ခြင်းကြောင့် အင်အားနှစ်ဆတိုးပြီး လုပ်ငန်းများ ပိုမိုအောင်မြင်မှုရရှိတဲ့ မိတ်ဖက်များ ဖြစ်လာမှာပါ။

မြန်မာနိုင်ငံက သယံဇာတအရင်းအမြစ်ကို ရင်းနှီးမြှုပ်နှံမှာဖြစ်သလို စက်မှုဇုန်အတွက် ပြင်ပမှ ရေနဲ့မီးနဲ့ ဆက်စပ်လမ်းများစတဲ့အခြေခံအဆောက်အအုံများဖန်တီးပေးမှာဖြစ်ပါတယ်။

လူသားအရင်းအမြစ်မှာလည်း မြန်မာနိုင်ငံဟာလုပ်အားခနှုန်းထားသက်သာစွာ ဖြည့်ဆည်းပေးနိုင်တဲ့အနေအထားရှိနေပါတယ်။ သင်ယူတဲ့နေရာမှာလည်း မြန်မာအလုပ်သမားတွေဟာ လွန်စွာအတတ်မြန်တယ်ဆို တဲ့အချက်ကို နိုင်ငံတကာမှလက်ခံထားကြပါတယ်။

Read More>>> မန္တလေးဆိပ်ကမ်း အဆင့်မြှင့်တင်မည်ဖြစ်၍ ကမ်းခြေရှိလုပ်ငန်းများ နေရာပြောင်းရွှေ့ရမည်

၂၀၁၈ ခုနှစ်မှာ LH ကော်ပိုရေးရှင်းရဲ့ လေ့လာချက်အရ မြန်မာနိုင်ငံမှာ အခြေခံပညာအထက်တန်းအောင်မြင်သူတစ်ဦးကို လုပ်အားခတစ်လအတွက် အမေရိကန်ဒေါ်လာ ၁၀၀ မျှနဲ့ ရရှိနိုင်ပေမယ့် ထိုင်းနိုင်ငံမှာ ၃၅၉ ဒေါ်လာ၊ ကမ္ဘောဒီးယားမှာ ၂၂၀ ဒေါ်လာ၊ ဖိလစ်ပိုင်မှာ ၂၈၇ ဒေါ်လာ၊ အင်ဒိုနီးရှားမှာ ၂၇၁ ဒေါ် လာနဲ့ ဗီယက်နမ်မှာ ၃၅၀ ဒေါ် လာပေးရမှာဖြစ်ကြောင်း သိရှိရပါတယ်။

ဒါကြောင့် မြန်မာဘက်မှ အဖိုးတန်လူ့စွမ်းအားအရင်းအမြစ်ကိုပါမျှဝေမှာ ဖြစ်သလို ကိုရီးယားနိုင်ငံဘက်မှ ငွေကြေးနဲ့နည်းပညာ အရင်းအနှီး ဝေမျှပြီး အကျိုးတူပူးပေါင်း ဆောင်ရွက်မှုတစ်ရပ်လို့ဆိုရမှာ ဖြစ်ပါတယ်။

ရင်းနှီးမှုအချိုးမှာ ကိုရီးယားဘက်မှ ၆၀ ရာခိုင်နှုန်း၊ မြန်မာဘက်မှ ၄၀ ရာခိုင်နှုန်းဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်မှာ စက်မှုဇုန်ရဲ့ အသီးအပွင့်တွေ စတင်ပေါ်ထွန်းပြီး နှစ်နိုင်ငံစလုံး အောင်မြင်တဲ့မိတ်ဖက်များအဖြစ် ချမ်းသာကြွယ်ဝမှုကို ခွဲဝေခံစားနိုင်မှာဖြစ်ပါတယ်။

Read More>>> နိုင်ငံပေါင်း(၅၀)မှ ရင်နှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ ဝင်ရောက်လာ

အဆိုပါအဖွဲ့အစည်းဟာကိုရီးယားနိုင်ငံမှာ နှစ် ပေါင်း ၅၀ ကျော်ကာလအတွင်း ပြည်သူ့အိမ်ရာအငှားနဲ့ အရောင်း စုစုပေါင်း အိမ်ခန်း ၂ ဒသမ ၇ သန်း တည်ဆောက်ခဲ့ကြောင်း သိရှိရပါတယ်။

စမတ်စီးတီးများ၊ စက်မှုဇုန်များ၊ စီးပွားရေးဇုန်များနဲ့ မြို့ပြပြန်လည်ဖွံ့ဖြိုးမှုလုပ်ငန်းများ၊ ဒလတံတားတည်ဆောက်မှုကိုပါ တာဝန်ယူဆောင်ရွက်မယ့် အဖွဲ့အစည်းဖြစ်ကြောင်းလည်း သိရှိရပါတယ်။

ကိုရီးယားနိုင်ငံ သမ္မတကြီး မွန်ဂျေအင်က မိန့်ခွန်းပြောကြားရာမှာ ကိုရီးယားနိုင်ငံမှာ စီးပွားရေးတိုးတက်မှုများမှသည် ‘ဟန်မြစ်၏ ထူးခြားအောင်မြင်မှု’ ကို ဖန်တီးသကဲ့သို့ မြန်မာနိုင်ငံမှာ KMIC က ‘ ဧရာဝတီရဲ့ ထူးခြားအောင်မြင်မှု’ဖန်တီးရာမှ လှေကားထစ်ဖြစ်စေမည်လို့ ကဗျာဆန်ဆန်တင်စား ပြောဆိုခဲ့ပြန်ပါတယ်။

Read More>>> အသက်အာမခံသီးသန့်ဆောင်ရွက်ပေးမည့် IKBZ Life Insurance စတင်ဖွင့်လှစ်

စီမံကိန်းရဲ့ပထမအဆင့် Phase 1 ကို ၂၀၁၉-၂၀၂၁ အတွင်း အပြီးသတ်ဆောင်ရွက်သွားမှာဖြစ်ပြီး Phase-2 ကိုတော့ ၂၀၂၂ ကနေ ၂၀၂၄ အထိ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ယခုအကောင်အထည်ဖော်မယ့် စက်မှုဇုန် ထဲမှာ တောင်ကိုရီးယားနိုင်ငံက မော်တော်ကားတပ်ဆင် ထုတ်လုပ်မှုစက်ရုံတွေအပါအ၀င် အခြားကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ လာရောက်ရင်းနှီးဖို့ ရှိတယ်လို့ သိရပါတယ်။

ကိုရီးယားနိုင်ငံဟာ မြန်မာနိုင်ငံအတွင်း ထုတ်လုပ်မှုကဏ္ဍနဲ့ အခြေခံအဆောက်အအုံကဏ္ဍတွေမှာ အဓိကရင်းနှီးမြှုပ်နှံနေတဲ့နိုင်ငံဖြစ်ပြီး ယခုနှစ် ဇူလိုင်လ စာရင်းတွေအရ အဆင့် ခြောက်နေရာမှာ ရပ်တည်နေတာပါ။

 

Source: Myanmar Times


Read 421 times
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.